လေးမြို့ ရေကာတာစီမံကိန်း အစောတလျင် မဆောင်ရွက်သင့်ကြောင်း CRW ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
လေးမြို့မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများသည် ဒေသခံ နှစ်သောင်းကျော်၏ ဘ၀ ရပ်တည်ရေးကို ထိခိုက်လိမ့်မည်ဟု ချင်းမြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့ (CRW) က ပြော သည်။
အဆိုပါစီမံကိန်းများကို ဒေသခံများ၏ နစ်နာမှုများကို အကာအကွယ်ပေးသည့် ဥပဒေများ၊ မူဝါဒများ ရေးဆွဲ အတည်ပြုပြီးမှသာ တည်ဆောက်သင့်သည်ဟု CRW က ပြောသည်။
လေးမြို့မြစ် (ခေါ်) လေမြိုမြစ်ပေါ်တွင် ရေကာတာစီမံကိန်း ၂ ခု တည်ဆောက်သွားမည်ဖြစ်ပြီး ဒေသခံများ နစ်နာနိုင်ကြောင်း ချင်းမြစ်ချောင်းများကွန်ရက် အဖွဲ့ က ကိုမာန်ဇခုပ် က ပြောသည်။
“ကျနော်တို့ စီမံကိန်းတစ်ခုကို အကောင် အထည် ဖော်မယ်ဆိုရင် ဥပဒေအရ အကောင်အ ထည်ဖော်ရမယ်။ လက်ရှိ ကျနော်တို့မြန်မာနိုင်ငံမှာ စီမံကိန်း တွေ ကြောင့် ဒေသခံတွေရဲ့ အခွင့်အရေးတွေဆုံးရှုံးနေရတယ်။ အကျိုးခံစားပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ဒေသခံ ပြည်သူ တွေကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးတွေ၊ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးတွေ လုံးဝ မရှိဘူး။ အဲ့လိုမျိုးဖြစ်နေတဲ့အခါကြတော့ တိုင်းရင်းသားတွေရဲ့ အခွင့် အရေး၊ ပြည်သူလူထုရဲ့ အခွင့်အရေးကို ကာကွယ်ပေးဥပေ ဒတွေ ပေါ်ပေါက်ပြီးမှသာ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆိုင်တဲ့ ဥပဒေတွေ ပေါ်ပေါက်ပြီးမှသာ အကောင်အထည်ဖော်စေချင်တယ်” ဟု ပြောသည်။
သဘာဝသယံဇာတများ၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်နယ်များအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် သုံးစွဲပိုင်ခွင့်နှင့် ပတ်သက် သည့် မူဝါဒများ၊ ဥပဒေများ ရေးဆွဲ ချမှတ်နိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပြီးမှသာ အ ထက်ပါစီမံကိန်းများကို အကောင်အထည် ဖော်သင့်သည်ဟု ကိုမာန်ဇခုပ် က ပြောသည်။
ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ က ကိုဂျီအက်(စ်)မာန် (GS Mang) က နိုဝင်ဘာလ ၄ ရက် နေ့က ရန်ကုန်မြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “ရေကာတာ ဆောက်လိုက်လို့ရှိရင် ကုန်းလမ်း မရှိတော့တဲ့အတွက် သူတို့ရဲ့ လမ်းကြောင်း ပိတ်သွားမယ့်အပြင် အနည်းဆုံး ရွာ ၅၁ ရွာကလည်း ရေအောက် ကို ရောက်သွားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်” ဟု ပြောသည်။
ပြည်နယ်နှစ်ခုဖြစ်သည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ထဲက ဒေသခံပြည်သူများ၏ အသက်မွေး ဝမ်း ကျောင်း လုပ်ငန်းများ ထိခိုက်နိုင်ပြီး ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် အနေအထားများ ရှိသည်ဟု ချင်းမြစ်ချောင်းများအဖွဲ့ (CRW) က ပြောသည်။
“ဒီလေမြိုမြစ်ပေါ်မှာ ကျနော်တို့ ချင်းဘက်ကရော ရခိုင်ပြည်နယ်ကရော ဘာရှိလဲဆိုတော့ ကျနော်တို့ ဒီမြစ် ကြောင်းပေးမှာ နွေရာသီမှာ သောင်တွေဖြစ်ထွန်းပါတယ်။ ဖြစ်ထွန်းတဲ့တော်ငပေါ်မှာ မြေဆီလွှာ အင်မတန် ကောင်းပါတယ်။ အဲ့ဒီပေါ်မှာ ရာသီပေါ်သီးနှံအမျိုးမျိုးစိုက်ကြပြီးတော့ ရရှိတဲ့သီးနှံတွေကို ကျနော်တို့ ဒီမြစ် ကြောင်းအတိုင်းစုန်ဆင်းကြပြီးတော့ ရခိုင်ပြည်နယ်ကို ပို့ဆောင်ရောင်းချလေ့ရှိပါတယ်။ အဲ့လိုအသက်မွေး ဝမ်းကျောင်းပြုကြပါတယ်။ ဒီအပေါ်မှာ ရေကာတာဆောက်လိုက်လို့ရှိရင် သူတို့လမ်းကြောင်းတစ်ခုလုံးက ကုန်းလမ်းမရှိတဲ့အတွက် လုံးဝ ပျက်တောက်သွားမယ့် အနေအထားမျိူးပါ။”
လေးမြို့ မြစ်ပေါ်တွင် လျှပ်စစ်ဓါတ်အား (၆၀၀) မီဂါဝပ် ထွက်ရှိမည့် စီမံကိန်း (၁) ကို ချင်းပြည်နယ် ပလက် ဝမြို့ နယ်၊ ကိုဖေရှေကျေးရွာအနီးတွင် တည်ဆောက်သွားရန် နှင့် လျှပ်စစ်ဓါတ်အား (၁၀၀) မီဂါဝပ် နီးပါး ခန့် ထွက်ရှိမည့် စီမံကိန်း (၂) ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ်၊ စိုင်းဒင်ကျေးရွာအနီးတွင် တည် ဆောက်သွားရန် လေ့လာဆန်းစစ်မှုများ လုပ်ဆောင်နေသည်ဟု ချင်းမြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့ (CRW) က ပြောသည်။
ကိုမာန်ဇခုပ် က “ကျနော်တို့တောင်းဆိုချင်တာက အခုက အစိုးရက စီမံကိန်းဆက်လက်လုပ်သွားဖို့ရှိတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ချပြတာမျိုး ဘာတစ်ခုမှ မလုပ်ဘူး။ ပြည်သူကို အသိပေးတာတွေ ဘာမှ မရှိဘူး။ ဒါမျိုးက မဖြစ်သင့်ဘူး။ ဒေသခံတွေက အဓိကက ရေကြောင်းလမ်းကို အသုံးပြုတယ်။ သူတို့မှာ ကုန်းလမ်း ဆက်သွယ်ရေးက မရှိဘူးလို့ပြောလို့ရတယ်။ အဲ့ဒီလေမြို့ မြစ်ကို အသုံးပြုပြီးမှ သယ်ယူပို့ဆောင်တယ်။ ဆက်သွယ်သွားလာတယ်” ဟု ပြောသည်။
“နံပါတ် ၂ အနေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းက အဲ့ဒီလေမြို့ မြစ်ဘေးနားတလျှောက် က မြေနုကျွန်း တွေပေါ့ အဲ့မှာ စိုက်ပျိုးလုပ်ကိုင်စားသောက်တယ်။ အဲ့တော့ ဒီရေကာတာကို တည်ဆောက်မယ်ဆိုရင် ပထမ တစ်ချက်က သူတို့အဓိကအသုံးပြုတဲ့လမ်းကြောင်း ပြတ်တောက်သွားမယ်။ နံပါတ် ၂ က သူတို့ရဲ့ ရွာ တွေ ရေထဲမြှုပ်သွားမယ်။ နံပါတ် ၃ က သူတို့လုပ်ကိုင်စားသောက်ေ နတဲ့ မြေယာတွေ ရေအောက်ရောက် သွား မယ်။”
လေးမြို့ မြစ်ပေါ်တွ အဆိုပါ ရေအားလျှပ်စစ် (ရေကာတာ) စီမံကိန်း ၂ ခု တည်ဆောက်သွားရန် ၂၀၀၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ က ပြောသည်။
ကနဦးတွင် အဆိုပါစီမံကိန်းကို လုပ်ဆောင်ရန် ဘင်္ဂလာဒေ့ရှ်အစိုးရနှင့် သဘောတူညီခဲ့ပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရပ်တန့်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် (NLD) အစိုးရလက်ထက်တွင် ပြန်လည် အကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံ၏ အကူအညီနှင့် လုပ်ဆောင်မှုများ ပြန်လည်စတင်လာသည်ဟု ဒေသအတွင်းရှိ စောင့်ကြည့်အရေးအဖွဲ့ များက ပြောသည်။
ချင်းပြည်နယ်၊ မတူပီမြို့ရှိ ဘုံတလော ရေတံခွန်မှ မြစ်ဖျားခံလာသည့် လေးမြို့ မြစ် ခေါ် လေမြိုမြစ်သည် ရခိုင်ပြည်နယ်အတွက် ကုလားတန်မြစ်ပြီးလျှင် ဒုတိယအရေးအပါဆုံး မြစ်ဖြစ်သည်။
အဆိုပါမြစ်သည် မတူပီ၊ပလက်ဝ၊ မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်တို့မှတဆင့် ဘင်္ဂလား ပင်လယ်အော်ထဲသို့ စီးဝင်သွားသည့် မြစ်တစ်စင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ မြစ်ကြောင်း တစ်လျှောက် မြေနုကျွန်းများပေါ်တွင် ဒေသခံများက ဆန်စပါး၊ ဥယျာဉ်ခြံမြေများ စိုက်ပျိုးလုပ် ကိုင်ကြသည်ဟု ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ က ပြောသည်။
Zawgyi…
ေလးၿမိဳ႕ ေရကာတာစီမံကိန္း အေစာတလ်င္ မေဆာင္ရြက္သင့္ေၾကာင္း CRW ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၆ ရက္။
ေလးၿမိဳ႕ျမစ္ေပၚတြင္ တည္ေဆာက္မည့္ ေရကာတာ စီမံကိန္းမ်ားသည္ ေဒသခံ ႏွစ္ေသာင္းေက်ာ္၏ ဘ၀ ရပ္တည္ေရးကို ထိခိုက္လိမ့္မည္ဟု ခ်င္းျမစ္ေခ်ာင္းမ်ား ေစာင့္ၾကည့္ေရး အဖြဲ႕ (CRW) က ေျပာ သည္။
အဆိုပါစီမံကိန္းမ်ားကို ေဒသခံမ်ား၏ နစ္နာမႈမ်ားကို အကာအကြယ္ေပးသည့္ ဥပေဒမ်ား၊ မူဝါဒမ်ား ေရးဆြဲ အတည္ျပဳၿပီးမွသာ တည္ေဆာက္သင့္သည္ဟု CRW က ေျပာသည္။
ေလးၿမိဳ႕ျမစ္ (ေခၚ) ေလၿမိဳျမစ္ေပၚတြင္ ေရကာတာစီမံကိန္း ၂ ခု တည္ေဆာက္သြားမည္ျဖစ္ၿပီး ေဒသခံမ်ား နစ္နာႏိုင္ေၾကာင္း ခ်င္းျမစ္ေခ်ာင္းမ်ားကြန္ရက္ အဖြဲ႕ က ကိုမာန္ဇခုပ္ က ေျပာသည္။
“က်ေနာ္တုိ႔ စီမံကိန္းတစ္ခုကို အေကာင္ အထည္ ေဖာ္မယ္ဆိုရင္ ဥပေဒအရ အေကာင္အထည္ေဖာ္ရမယ္။ လက္ရွိ က်ေနာ္တုိ႔ျမန္မာႏုိင္ငံမွာ စီမံကိန္း ေတြ ေၾကာင့္ ေဒသခံေတြရဲ႕ အခြင့္အေရးေတြဆံုးရံႈးေနရတယ္။ အက်ိဳးခံစားပိုင္ခြင့္၊ လုပ္ပိုင္ခြင့္၊ ေဒသခံ ျပည္သူ ေတြကို အကာအကြယ္ေပးတဲ့ ဥပေဒမ်ိဳးေတြ၊ ရပိုင္ခြင့္ေတြကို အကာအကြယ္ေပးတဲ့ ဥပေဒမ်ိဳးေတြ လံုးဝ မရွွိဘူး။ အဲ့လိုမ်ိဳးျဖစ္ေနတဲ့အခါၾကေတာ့ တုိင္းရင္းသားေတြရဲ႕ အခြင့္ အေရး၊ ျပည္သူလူထုရဲ႕ အခြင့္အေရးကို ကာကြယ္ေပးဥပေ ဒေတြ ေပၚေပါက္ၿပီးမွသာ၊ ရင္းႏွီးျမွဳပ္ႏွံမႈေတြနဲ႔ ဆုိ္င္တဲ့ ဥပေဒေတြ ေပၚေပါက္ၿပီးမွသာ အေကာင္အထည္ေဖာ္ေစခ်င္တယ္” ဟု ေျပာသည္။
သဘာဝသယံဇာတမ်ား၊ ရင္းႏွီးျမွဳပ္ႏွံမႈ စီမံကိန္းမ်ားႏွင့္ ပတ္သက္၍ သက္ဆုိင္ရာ ျပည္နယ္မ်ားအတြင္းရွိ ေဒသခံတုိင္းရင္းသားျပည္သူမ်ား ပိုင္ဆိုင္ခြင့္၊ စီမံခန္႔ခြဲပိုင္ခြင့္၊ ဆံုးျဖတ္ပိုင္ခြင့္ႏွင့္ သံုးစြဲပိုင္ခြင့္ႏွင့္ ပတ္သက္ သည့္ မူဝါဒမ်ား၊ ဥပေဒမ်ား ေရးဆြဲ ခ်မွတ္ႏုိင္သည့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ၿပီးမွသာ အ ထက္ပါစီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္သင့္သည္ဟု ကိုမာန္ဇခုပ္ က ေျပာသည္။
ခ်င္းျမစ္ေခ်ာင္းမ်ားေစာင့္ၾကည့္ေရးအဖြဲ႕ က ကိုဂ်ီအက္(စ္)မာန္ (GS Mang) က ႏိုဝင္ဘာလ ၄ ရက္ ေန႔က ရန္ကုန္ၿမိဳ႕တြင္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ “ေရကာတာ ေဆာက္လိုက္လို႔ရွိရင္ ကုန္းလမ္း မရွိေတာ့တဲ့အတြက္ သူတို႔ရဲ႕ လမ္းေၾကာင္း ပိတ္သြားမယ့္အျပင္ အနည္းဆံုး ရြာ ၅၁ ရြာကလည္း ေရေအာက္ ကို ေရာက္သြားႏုိင္တဲ့ အေနအထားမ်ိဳးရွိပါတယ္” ဟု ေျပာသည္။
ျပည္နယ္ႏွစ္ခုျဖစ္သည့္ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ထဲက ေဒသခံျပည္သူမ်ား၏ အသက္ေမြး ဝမ္း ေက်ာင္း လုပ္ငန္းမ်ား ထိခိုက္ႏုိင္ၿပီး ေရကာတာစီမံကိန္းေၾကာင့္ ေျပာင္းေရႊ႕ရမည့္ အေနအထားမ်ား ရွိသည္ဟု ခ်င္းျမစ္ေခ်ာင္းမ်ားအဖြဲ႕ (CRW) က ေျပာသည္။
“ဒီေလၿမိဳျမစ္ေပၚမွာ က်ေနာ္တုိ႔ ခ်င္းဘက္ကေရာ ရခိုင္ျပည္နယ္ကေရာ ဘာရွိလဲဆိုေတာ့ က်ေနာ္တုိ႔ ဒီျမစ္ ေၾကာင္းေပးမွာ ေႏြရာသီမွာ ေသာင္ေတြျဖစ္ထြန္းပါတယ္။ ျဖစ္ထြန္းတဲ့ေတာ္ငေပၚမွာ ေျမဆီလႊာ အင္မတန္ ေကာင္းပါတယ္။ အဲ့ဒီေပၚမွာ ရာသီေပၚသီးႏွွံအမ်ိဳးမ်ိဳးစိုက္ၾကၿပီးေတာ့ ရရွိတဲ့သီးႏွံေတြကို က်ေနာ္တုိ႔ ဒီျမစ္ ေၾကာင္းအတုိင္းစုန္ဆင္းၾကၿပီးေတာ့ ရခိုင္ျပည္နယ္ကို ပို႔ေဆာင္ေရာင္းခ်ေလ့ရွိပါတယ္။ အဲ့လိုအသက္ေမြး ဝမ္းေက်ာင္းျပဳၾကပါတယ္။ ဒီအေပၚမွာ ေရကာတာေဆာက္လိုက္လို႔ရွိရင္ သူတို႔လမ္းေၾကာင္းတစ္ခုလံုးက ကုန္းလမ္းမရွိတဲ့အတြက္ လံုးဝ ပ်က္ေတာက္သြားမယ့္ အေနအထားမ်ိဴးပါ။”
ေလးၿမိဳ႕ ျမစ္ေပၚတြင္ လ်ွပ္စစ္ဓါတ္အား (၆၀၀) မီဂါဝပ္ ထြက္ရွိမည့္ စီမံကိန္း (၁) ကို ခ်င္းျပည္နယ္ ပလက္ ဝၿမိဳ႕ နယ္၊ ကိုေဖေရွေက်းရြာအနီးတြင္ တည္ေဆာက္သြားရန္ ႏွင့္ လ်ွပ္စစ္ဓါတ္အား (၁၀၀) မီဂါဝပ္ နီးပါး ခန္႔ ထြက္ရွိမည့္ စီမံကိန္း (၂) ကို ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ နယ္၊ စိုင္းဒင္ေက်းရြာအနီးတြင္ တည္ ေဆာက္သြားရန္ ေလ့လာဆန္းစစ္မႈမ်ား လုပ္ေဆာင္ေနသည္ဟု ခ်င္းျမစ္ေခ်ာင္းမ်ား ေစာင့္ၾကည့္ေရး အဖြဲ႕ (CRW) က ေျပာသည္။
ကိုမာန္ဇခုပ္ က “က်ေနာ္တို႔ေတာင္းဆိုခ်င္တာက အခုက အစိုးရက စီမံကိန္းဆက္လက္လုပ္သြားဖုိ႔ရွိတယ္။ ဒါေပမယ့္ ဒါနဲ႔ ပတ္သက္ၿပီး ခ်ျပတာမ်ိဳး ဘာတစ္ခုမွ မလုပ္ဘူး။ ျပည္သူကို အသိေပးတာေတြ ဘာမွ မရွိဘူး။ ဒါမ်ိဳးက မျဖစ္သင့္ဘူး။ ေဒသခံေတြက အဓိကက ေရေၾကာင္းလမ္းကို အသံုးျပဳတယ္။ သူတုိ႔မွာ ကုန္းလမ္း ဆက္သြယ္ေရးက မရွိဘူးလို႔ေျပာလို႔ရတယ္။ အဲ့ဒီေလၿမိဳ႕ ျမစ္ကို အသံုးျပဳၿပီးမွ သယ္ယူပို႔ေဆာင္တယ္။ ဆက္သြယ္သြားလာတယ္” ဟု ေျပာသည္။
“နံပါတ္ ၂ အေနနဲ႔ သူတို႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္းက အဲ့ဒီေလၿမိဳ႕ ျမစ္ေဘးနားတေလ်ွာက္ က ေျမႏုကၽြန္း ေတြေပါ့ အဲ့မွာ စိုက္ပ်ိဳးလုပ္ကိုင္စားေသာက္တယ္။ အဲ့ေတာ့ ဒီေရကာတာကို တည္ေဆာက္မယ္ဆုိရင္ ပထမ တစ္ခ်က္က သူတို႔အဓိကအသံုးျပဳတဲ့လမ္းေၾကာင္း ျပတ္ေတာက္သြားမယ္။ နံပါတ္ ၂ က သူတို႔ရဲ႕ ရြာ ေတြ ေရထဲျမွဳပ္သြားမယ္။ နံပါတ္ ၃ က သူတို႔လုပ္ကိုင္စားေသာက္ေ နတဲ့ ေျမယာေတြ ေရေအာက္ေရာက္ သြားမယ္။”
ေလးၿမိဳ႕ ျမစ္ေပၚတြ အဆုိပါ ေရအားလ်ွပ္စစ္ (ေရကာတာ) စီမံကိန္း ၂ ခု တည္ေဆာက္သြားရန္ ၂၀၀၇ ခုႏွစ္ကတည္းက ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္ဟု ခ်င္းျမစ္ေခ်ာင္းမ်ားေစာင့္ၾကည့္ေရးအဖြဲ႕ က ေျပာသည္။
ကနဦးတြင္ အဆုိပါစီမံကိန္းကို လုပ္ေဆာင္ရန္ ဘဂၤလာေဒ့ရွ္အစိုးရႏွင့္ သေဘာတူညီခဲ့ၿပီး ေဒသခံမ်ား၏ ကန္႔ကြက္မႈေၾကာင့္ ရပ္တန္႔ခဲ့ရာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕အခ်ဳပ္ (NLD) အစိုးရလက္ထက္တြင္ ျပန္လည္ အေကာင္အထည္ေဖာ္ရန္ ျပင္သစ္ႏုိင္ငံ၏ အကူအညီႏွင့္ လုပ္ေဆာင္မႈမ်ား ျပန္လည္စတင္လာသည္ဟု ေဒသအတြင္းရွိ ေစာင့္ၾကည့္အေရးအဖြဲ႕ မ်ားက ေျပာသည္။
ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕ရွိ ဘံုတေလာ ေရတံခြန္မွ ျမစ္ဖ်ားခံလာသည့္ ေလးၿမိဳ႕ ျမစ္ ေခၚ ေလၿမိဳျမစ္သည္ ရခိုင္ျပည္နယ္အတြက္ ကုလားတန္ျမစ္ၿပီးလွ်င္ ဒုတိယအေရးအပါဆံုး ျမစ္ျဖစ္သည္။
အဆုိပါျမစ္သည္ မတူပီ၊ပလက္ဝ၊ ေျမာက္ဦး၊ မင္းျပားႏွင့္ ေပါက္ေတာၿမိဳ႕နယ္တို႔မွတဆင့္ ဘဂၤလား ပင္လယ္ေအာ္ထဲသို႔ စီးဝင္သြားသည့္ ျမစ္တစ္စင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။ ျမစ္ေၾကာင္း တစ္ေလ်ွာက္ ေျမႏုကၽြန္းမ်ားေပၚတြင္ ေဒသခံမ်ားက ဆန္စပါး၊ ဥယ်ာဥ္ၿခံေျမမ်ား စိုက္ပ်ိဳးလုပ္ ကိုင္ၾကသည္ဟု ခ်င္းျမစ္ေခ်ာင္းမ်ားေစာင့္ၾကည့္ေရးအဖြဲ႕ က ေျပာသည္။