ပြည်နယ်ဘတ်ဂျက်ခွဲဝေမှု လိုအပ်ချက်များစွာရှိဟု မွန်စာပေယဉ်ကျေးမှု အဖွဲ့ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

ပြည်နယ်အစိုးရ အနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ဘတ်ဂျက်ခွဲဝေရာတွင် လိုအပ်ချက် များစွာရှိနေသည်ဟု မွန်စာပေနှင့် ယဉ် ကျေးမှု ကော် မတီ ဥက္ကဋ္ဌ က ဝေဖန်လိုက်သည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း က “မွန်ပြည်နယ်မှာ လူဦးရေအများ ဆုံး တည်ရှိနေတဲ့ မွန်တိုင်းရင်းသားတို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှုကို အလေးထား တဲ့အနေနဲ့ ဘတ်ဂျက်ခွဲ ဝေရာ တွင် လည်း လူဦးရေနဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ခွဲဝေပေးသင့်တယ်” ဟုပြော သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရောက်ရန် ကျပ်သန်း ၄၀၀ သုံးစွဲရန် လျာထားရာတွင် မွန်တိုင်းရင်းသားအတွက် ကျပ်သန်း ၁၀၀၊ ဗမာအတွက် ကျပ်သန်း ၁၀၀၊ ကရင်အတွက် ကျပ်သန်း ၁၀၀ နှင့် ပအိုဝ်းအတွက် ကျပ်သန်း ၁၀၀ တို့ဖြစ်သည်။

စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ဘတ်ဂျက်ချမှတ်ပေးရာတွင် ပြည်နယ်အတွင်းရှိ လူဦးရေ အနည်းအများအပေါ် မူတည်ပြီး ဘတ် ဂျက်များကို ခွဲဝေပေးသင့်ကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ပြောသည်။

မွန်ပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ရသုံးခန့်မှန်းခြေငွေစာရင်း ဆိုင်ရာအချက်အလက်များ (Citizen’s Budge) တွင် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်း ရင်းသားများအတွက် ၎င်းတို့၏ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့် ရှောက်ရန်အတွက် ကျပ်သန်း ၄၀၀ သုံးစွဲရန် လျာထားကြောင်း ပါရှိသည်။

“၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မှာ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး လျှပ်စစ်မီးရရှိရေး၊ မြို့ ပြဖွံ့ဖြိုး တိုးတက်ရေး ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်စေရေး သန့်ရှင်းသောသောက်သုံးရေရရှိရေးနဲ့ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေစီမံခန့်ခွဲရာတွင် ပြည်နယ်အတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ပြည်သူလူထု၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေများကို စနစ်တကျ ခွဲဝေသုံးစွဲ လျက်ရှိသည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်သည့်လုပ်ငန်း ၁၄ ခု ချ မှတ်ထားပြီး ၎င်းတွင် (၁) လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ (၂) လျှပ်စစ်မီးရရှိရေး၊ (၃) မြို့ပြဖွံ့ဖြိုး တိုး တက်ရေး၊ (၄) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစရှိသည်တို့ ပါဝင်သည်။

Zawgyi…

ျပည္နယ္ဘတ္ဂ်က္ခြဲေ၀မႈ လိုအပ္ခ်က္မ်ားစြာရွိဟု မြန္စာေပယဥ္ေက်းမႈ အဖြဲ့ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ နို၀င္ဘာလ ၆ ရက္။

ျပည္နယ္အစိုးရ အေနျဖင့္ တိုင္းရင္းသားမ်ား၏ စာေပႏွင့္ ယဥ္ေက်းမႈ အေမြအႏွစ္မ်ားကို ထိန္းသိမ္း ေစာင့္ေရွာက္ရန္အတြက္ ဘတ္ဂ်က္ခြဲေဝရာတြင္ လိုအပ္ခ်က္ မ်ားစြာရွိေနသည္ဟု မြန္စာေပႏွင့္ ယဥ္ ေက်းမႈ ေကာ္ မတီ ဥကၠ႒ က ေ၀ဖန္လိုက္သည္။

မြန္စာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီဥကၠဌ ေဒါက္တာမင္းၾကည္ဝင္း က “မြန္ျပည္နယ္မွာ လူဦးေရအမ်ား ဆံုး တည္ရွိေနတဲ့ မြန္တိုင္းရင္းသားတို႔ရဲ႕ စာေပနဲ႔ ယဥ္ေက်းမႈကို အေလးထား တဲ့အေနနဲ႔ ဘတ္ဂ်က္ခြဲ ေဝရာ တြင္ လည္း လူဦးေရနဲ႔ လုပ္ေဆာင္ခ်က္အေပၚ မူတည္ခြဲေဝေပးသင့္တယ္” ဟုေျပာ သည္။

လက္ရွိတြင္ မြန္ျပည္နယ္အတြင္းရွိ တိုင္းရင္းသားမ်ား၏ စာေပႏွင့္ ယဥ္ေက်းမႈ အေမြအႏွစ္မ်ား ထိန္းသိမ္း ေစာင့္ေရာက္ရန္ က်ပ္သန္း ၄၀၀ သံုးစြဲရန္ လ်ာထားရာတြင္ မြန္တိုင္းရင္းသားအတြက္ က်ပ္သန္း ၁၀၀၊ ဗမာအတြက္ က်ပ္သန္း ၁၀၀၊ ကရင္အတြက္ က်ပ္သန္း ၁၀၀ ႏွင့္ ပအိုဝ္းအတြက္ က်ပ္သန္း ၁၀၀ တို႔ျဖစ္သည္။

စာေပနွင့္ ယဥ္ေက်းမႈ အေမြအႏွစ္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ အတြက္ ဘတ္ဂ်က္ခ်မွတ္ေပးရာတြင္ ျပည္နယ္အတြင္းရွိ လူဦးေရ အနည္းအမ်ားအေပၚ မူတည္ၿပီး ဘတ္ ဂ်က္မ်ားကို ခြဲေဝေပးသင့္ေၾကာင္း မြန္စာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီက ေျပာသည္။

မြန္ျပည္နယ္အစိုးရ၏ ၂၀၁၉-၂၀၂၀ ရသံုးခန္႔မွန္းေျခေငြစာရင္း ဆိုင္ရာအခ်က္အလက္မ်ား (Citizen’s Budge) တြင္ မြန္ျပည္နယ္အတြင္းရွိ မြန္၊ ဗမာ၊ ကရင္ႏွင့္ ပအိုဝ္းတိုင္း ရင္းသားမ်ားအတြက္ ၎တို႔၏ စာေပႏွင့္ ယဥ္ေက်းမႈအေမြအႏွစ္မ်ား မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္း ေစာင့္ ေရွာက္ရန္အတြက္ က်ပ္သန္း ၄၀၀ သံုးစြဲရန္ လ်ာထားေၾကာင္း ပါရွိသည္။

“၂၀၁၉-၂၀၂၀ ခု ဘ႑ာေရးႏွစ္မွာ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေစေရး လွ်ပ္စစ္မီးရရွိေရး၊ ၿမိဳ႕ ျပဖြံ႔ျဖိဳး တိုးတက္ေရး ေက်းလက္ေဒသဖြံ႕ ၿဖိဳးတိုးတက္ေစေရး သန္႔ရွင္းေသာေသာက္သံုးေရရရွိေရးနဲ႔ သဘာဝေဘး အႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းမ်ားကို ဦးစားေပးေဆာင္ရြက္သြားမွာျဖစ္ပါတယ္” ဟု မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ က ေျပာသည္။

ျပည္နယ္အစိုးရအဖြဲ႔အေနျဖင့္ ဘ႑ာေငြစီမံခန္႔ခြဲရာတြင္ ျပည္နယ္အတြက္ အမွန္တကယ္အက်ဳိးျဖစ္ထြန္းရန္ စီးပြားေရးဖြံ႔ျဖိဳးတိုးတက္ေစရန္ လူေနမႈအဆင့္အတန္းျမင့္မားလာေစရန္ ျပည္သူလူထု၏လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္ရြက္ေပးရန္ႏွင့္ ျပည္နယ္ဖြံ႔ျဖိဳးတိုးတက္ေရးအတြက္ ဘ႑ာေငြမ်ားကို စနစ္တက် ခြဲေဝသံုးစြဲ လ်က္ရွိသည္ဟုလည္း ဝန္ႀကီးခ်ဳပ္က ေျပာသည္။

မြန္ျပည္နယ္အစိုးရအေနျဖင့္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္တြင္ ဦးစားေပးေဆာင္ရြက္သည့္လုပ္ငန္း ၁၄ ခု ခ် မွတ္ထားျပီး ၄င္းတြင္ (၁) လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေစေရး၊ (၂) လွ်ပ္စစ္မီးရရွိေရး၊ (၃) ျမိဳ႔ျပဖြံ႔ျဖိဳး တိုး တက္ေရး၊ (၄) ေက်းလက္ေဒသဖြံ႔ျဖိဳးတိုးတက္ေရး အစရွိသည္တို႔ ပါဝင္သည္။