KNU နှင့် အစိုးရ ထပ်မံတွေ့ဆုံရန် သဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။
NCA အကောင်အထည်ဖော်မှု ပိုမိုတိုးတက်မှု ရှိရန်နှင့် နှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန် ကရင် အမျိုးသားအစည်းအရုံး KNU နှင့် အစိုးရတို့ ဒီဇင်ဘာလအတွင်း ထပ်မံတွေ့ဆုံမည်ဖြစ်သည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ယနေ့တွင် KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံမှုအတွင်း သဘောတူခဲ့ကြသည်ဟု တွေ့ဆုံမှုအပြီး နှစ်ဖက် ခေါင်းဆောင်များက ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC မှ ဦးဇော်ဌးက “အဲပေါ်မှာလည်း အသေးစိတ် ကျနော်တို့ ထပ် ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်။ အဲဒါကတော့ ဒီဇင်ဘာ လအတွင်း အမြန်ဆုံး တွေ့ဆုံနိုင်ဖို့ရှိပါတယ်။ PPST အစည်းအဝေး ကျင်းပဖို့ရှိတယ်။ အစည်းအဝေး ကျင်းပပြီး ရင်တော့ ကျနော်တို့ နှစ်ဖွဲ့ပြန်ပြီးတော့ အမြန်ဆုံး တွေ့ဆုံဖို့ ဒါတွေလည်း ဒီနေ့သဘောတူညီခဲ့ပါတယ်။” ဟုပြော သည်။
ပြီးခဲ့သည့် NCA လေးနှစ်ပြည့်အခမ်းအ နားအပြီး နိုင်ငံတော်အတိုင်ပင်ခံနှင့် KNU ခေါင်းဆောင်တို့တွေ့ ဆုံရာ တွင် သဘောတူ ထားသည့်အတိုင်း အစိုးရနှင့် KNU နှစ်ဖက်အလုပ်အဖွဲ့များ ဆက်လက် တွေ့ဆုံဆွေးနွေး သွားမည် ဖြစ်သည်ဟု ဦးဇော်ဌေး က ပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် KUN ဖက်မှ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆိုပြုချက် ၄ ချက်အပေါ် ပြန်လည် ပြင်ဆင်ဖြည့် စွတ်ထားသည့် KNU ဖက်မှ အဆိုပြုချက်ကို ပေးအပ်ခဲ့သည်။
ယနေ့ဆွေးနွေးပွဲတွင်လည်း ၎င်းအဆိုပြုချက်များကို ထည့်သွင်း ဆွေးနွေး ခဲ့ကြပြီး နှစ်ဖက်သဘောထား နီးစပ်မှု ရှိသည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက“ကျနော်တို့ အများ ကြီးနီး စပ်ပါတယ်။ ပြီးရင် ကျနော်တို့က ပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုပြီးတော့မှ ကျနော်တို့ NCA အဓိက အပိုင်း ၂ ပိုင်းရှိတာကိုး အဲဒီအပိုင်း ၂ ပိုင်းမှာ အခုကတော့ နိုင်ငံရေး ဆွေးနွေးပွဲအပိုင်း ကို ပိုပြီးတော့ အများကြီး တိုးတက်မှုရှိတယ်။ အများကြီး နီးစပ်မှုရှိတယ် ပြီးတော့ ပစ်ခတ်ရပ်စဲရေးအပိုင်းလည်း ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးဖို့ရှိတယ်” ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှေင် PC မှ ဦးဇော်ဌေးကလည်း “KNU နှင့်လည်း ကျနော်တို့ အတိုင်ပင်ခံနဲ့ KNU ခေါင်း ဆောင်တွေ တွေ့ဆုံပွဲမှာ သဘောတူညီခဲ့တဲ့ သဘော တူချက်တွေ ရှိပါတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ ကျနော်တို့ ဘယ်လိုသွားကြမလဲ ကျနော်တို့ Content ပေါ့နော ပါဝင်တဲ့ အစိတ်အပိုင်းလေးတွေ ဒီနေ့ဆွေးနွေး ဖြစ်တယ်။ အဲပေါ်မှာလည်း အများအားဖြင့်တော့ နီးစပ်မှု ရှိတယ်”
သို့သော် ယနေ့တွေ့ဆုံမှုတွင် အချိန်အကန့်အသတ် ရှိနေသည့်အတွက် အဆိုပြုချက်ပါ အချက်အလက်များကို အသေးစိတ် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ဟု KNU က ပြောသည်။
“အဓိကကတော့ ကျနော်တို့ ကြားထဲမှာ ရှင်လင်းအောင် ကျနော်တို့ လုပ်ရမယ့် နှစ်ဖက် ပြန်ဆွေးနွေးရမယ့် ကိစ္စလေးတွေ တစ်ချို့ရှိတယ် ဒါလေးတွေပါပဲ။ အဲဒီအဆိုပြုချက်ထဲကနေ ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပြီးမှ သူ့ဖက်စဉ်းစားမှု ကိုယ့်ဖက်စဉ်းစားမှု အသေးစိတ်ဆွေးနွေးနိုင်အောင်ပေါ့လေ အခုကတော့ ကျနော်တို့ အချိန် အကန့်အသတ် နည်းနည်းလေးရှိလို့ ဆိုတော့ အခုဟာတော့ ဘယ်လိုပုံစံမျိုး၊ အဲဒီဆွေးနွေးပွဲကို ဘယ်လိုပုံ စံမျိုး ဆွေးနွေးမယ်ဆိုတဲ့ အခြေခံမျိုးကနေစတာ ဆွေးနွေးကြတာပါ၊ ဒါပေမဲ့ အဲအပိုင်းကျတော့ နည်းနည်း ပိုပြီး တော့ Details အပိုင်းကိုသွားဖို့ သဘောတော့ ရှိပါတယ်နော်” ဟု ပဒိုစောတာဒိုမူး က ပြောသည်။
NCA ကနေသွားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဖွဲ့အစည်းအသီးသီးမှ စောင့်ကြည့်နေသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နောက်ကြောင်းပြန်မလှည့် ရန်နှင့် အကောင်အထည်ဖော်မှုအပိုင်းတွင် တိုးတက်မှု ရှိအောင် ကြိုးပမ်းနေသည်ဟု ဦးဇော်ဌေး ကပြောသည်။
အစိုးရငြိမ်းချမ်းရေးကော်မရှင် PC နှင့် KNU တို့ တွေ့ဆုံမှုသည် ကောင်းမွန်သည့် တွေ့ဆုံမှုဖြစ်သည်ဟု နှစ် ဖက်ခေါင်းဆောင်များ က ပြောသည်။
ချင်းမိုင် ခရီးစဉ်အတွင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် NCA အပစ်ရ လက်မှတ် ရေးထိုးထားသည့် အပစ်ရပ် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ယနေ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU တို့နှင့် သီးသန့်အလွတ်သဘောတွေ့ဆုံခဲ့သကဲ့သို့ တွေ့ဆုံခဲ့ကြသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။
Zawgyi…
KNU ႏွင့္ အစိုးရ ထပ္မံေတြ႔ဆံုရန္ သေဘာတူ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၂ ရက္။
NCA အေကာင္အထည္ေဖာ္မႈ ပိုမိုတိုးတက္မႈ ရွိရန္ႏွင့္ ႏွစ္ဖက္ ယံုၾကည္မႈ တည္ေဆာက္ႏိုင္ရန္ ကရင္ အမ်ိဳးသားအစည္းအရံုး KNU ႏွင့္ အစိုးရတို႔ ဒီဇင္ဘာလအတြင္း ထပ္မံေတြ႕ဆံုမည္ျဖစ္သည္။
ေအာက္တိုဘာလ ၂၂ ရက္ေန႔ ယေန႔တြင္ KNU ႏွင့္ အစိုးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC တို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ အလြတ္သေဘာ ေတြ႕ဆံုမႈအတြင္း သေဘာတူခဲ့ၾကသည္ဟု ေတြ႕ဆံုမႈအၿပီး ႏွစ္ဖက္ ေခါင္းေဆာင္မ်ားက ေျပာသည္။
အစိုးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC မွ ဦးေဇာ္ဌးက “အဲေပၚမွာလည္း အေသးစိတ္ က်ေနာ္တို႔ ထပ္ ၿပီးေတာ့ ေဆြးေႏြးဖို႔ ရွိပါတယ္။ အဲဒါကေတာ့ ဒီဇင္ဘာ လအတြင္း အျမန္ဆံုး ေတြ႕ဆံုႏိုင္ဖို႔ရွိပါတယ္။ PPST အစည္းအေ၀း က်င္းပဖို႔ရွိတယ္။ အစည္းအေ၀း က်င္းပၿပီး ရင္ေတာ့ က်ေနာ္တို႔ ႏွစ္ဖြဲ႔ျပန္ၿပီးေတာ့ အျမန္ဆံုး ေတြ႕ဆံုဖို႔ ဒါေတြလည္း ဒီေန႔သေဘာတူညီခဲ့ပါတယ္။” ဟုေျပာ သည္။
ၿပီးခဲ့သည့္ NCA ေလးႏွစ္ျပည့္အခမ္းအ နားအၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံႏွင့္ KNU ေခါင္းေဆာင္တို႔ေတြ႕ ဆံုရာ တြင္ သေဘာတူ ထားသည့္အတိုင္း အစိုးရႏွင့္ KNU ႏွစ္ဖက္အလုပ္အဖြဲ႔မ်ား ဆက္လက္ ေတြ႕ဆံုေဆြးေႏြး သြားမည္ ျဖစ္သည္ဟု ဦးေဇာ္ေဌး က ေျပာသည္။
အဆိုပါေတြ႕ဆံုပြဲတြင္ KUN ဖက္မွ အစိုးရ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အဆိုျပဳခ်က္ ၄ ခ်က္အေပၚ ျပန္လည္ ျပင္ဆင္ျဖည့္ စြတ္ထားသည့္ KNU ဖက္မွ အဆိုျပဳခ်က္ကို ေပးအပ္ခဲ့သည္။
ယေန႔ေဆြးေႏြးပြဲတြင္လည္း ၎အဆိုျပဳခ်က္မ်ားကို ထည့္သြင္း ေဆြးေႏြး ခဲ့ၾကၿပီး ႏွစ္ဖက္သေဘာထား နီးစပ္မႈ ရွိသည္ဟု ႏွစ္ဖက္ေခါင္းေဆာင္မ်ားက ေျပာသည္။
ကရင္အမ်ိဳးသား အစည္းအရံုး KNU အေထြေထြအတြင္းေရးမွဴး ပဒိုေစာတာဒိုမူးက “က်ေနာ္တို႔ အမ်ား ႀကီးနီး စပ္ပါတယ္။ ၿပီးရင္ က်ေနာ္တို႔က ပစ္ခတ္ရပ္စဲေရးနဲ႔ ႏိုင္ငံေရး ေဆြးေႏြးပြဲ ဆိုၿပီးေတာ့မွ က်ေနာ္တို႔ NCA အဓိက အပိုင္း ၂ ပိုင္းရွိတာကိုး အဲဒီအပိုင္း ၂ ပိုင္းမွာ အခုကေတာ့ ႏိုင္ငံေရး ေဆြးေႏြးပြဲအပိုင္း ကို ပိုၿပီးေတာ့ အမ်ားႀကီး တိုးတက္မႈရွိတယ္။ အမ်ားႀကီး နီးစပ္မႈရွိတယ္ ၿပီးေတာ့ ပစ္ခတ္ရပ္စဲေရးအပိုင္းလည္း က်ေနာ္တို႔ ဆက္ၿပီးေတာ့ ေဆြးေႏြးဖို႔ရွိတယ္” ေျပာသည္။
ၿငိမ္းခ်မ္းေရး ေကာ္မေရွင္ PC မွ ဦးေဇာ္ေဌးကလည္း “KNU ႏွင့္လည္း က်ေနာ္တို႔ အတိုင္ပင္ခံနဲ႔ KNU ေခါင္း ေဆာင္ေတြ ေတြ႕ဆံုပြဲမွာ သေဘာတူညီခဲ့တဲ့ သေဘာ တူခ်က္ေတြ ရွိပါတယ္။ အဲဒါကို အေကာင္အထည္ေဖာ္ဖို႔ က်ေနာ္တို႔ ဘယ္လိုသြားၾကမလဲ က်ေနာ္တို႔ Content ေပါ့ေနာ ပါ၀င္တဲ့ အစိတ္အပိုင္းေလးေတြ ဒီေန႔ေဆြးေႏြး ျဖစ္တယ္။ အဲေပၚမွာလည္း အမ်ားအားျဖင့္ေတာ့ နီးစပ္မႈ ရွိတယ္”
သို႔ေသာ္ ယေန႔ေတြ႕ဆံုမႈတြင္ အခ်ိန္အကန္႔အသတ္ ရွိေနသည့္အတြက္ အဆိုျပဳခ်က္ပါ အခ်က္အလက္မ်ားကို အေသးစိတ္ ေဆြးေႏြးႏိုင္ျခင္း မရွိခဲ့ဟု KNU က ေျပာသည္။
“အဓိကကေတာ့ က်ေနာ္တို႔ ၾကားထဲမွာ ရွင္လင္းေအာင္ က်ေနာ္တို႔ လုပ္ရမယ့္ ႏွစ္ဖက္ ျပန္ေဆြးေႏြးရမယ့္ ကိစၥေလးေတြ တစ္ခ်ိဳ႕ရွိတယ္ ဒါေလးေတြပါပဲ။ အဲဒီအဆိုျပဳခ်က္ထဲကေန ပိုၿပီး ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ လုပ္ၿပီးမွ သူ႔ဖက္စဥ္းစားမႈ ကိုယ့္ဖက္စဥ္းစားမႈ အေသးစိတ္ေဆြးေႏြးႏိုင္ေအာင္ေပါ့ေလ အခုကေတာ့ က်ေနာ္တို႔ အခ်ိန္ အကန္႔အသတ္ နည္းနည္းေလးရွိလို႔ ဆိုေတာ့ အခုဟာေတာ့ ဘယ္လိုပုံစံမ်ိဳး၊ အဲဒီေဆြးေႏြးပြဲကို ဘယ္လိုပုံ စံမ်ိဳး ေဆြးေႏြးမယ္ဆိုတဲ့ အေျခခံမ်ိဳးကေနစတာ ေဆြးေႏြးၾကတာပါ၊ ဒါေပမဲ့ အဲအပိုင္းက်ေတာ့ နည္းနည္း ပိုၿပီး ေတာ့ Details အပိုင္းကိုသြားဖို႔ သေဘာေတာ့ ရွိပါတယ္ေနာ္” ဟု ပဒိုေစာတာဒိုမူး က ေျပာသည္။
NCA ကေနသြားသည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို အဖြဲ႔အစည္းအသီးသီးမွ ေစာင့္ၾကည့္ေနသည့္အတြက္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေနာက္ေၾကာင္းျပန္မလွည့္ ရန္ႏွင့္ အေကာင္အထည္ေဖာ္မႈအပိုင္းတြင္ တိုးတက္မႈ ရွိေအာင္ ႀကိဳးပမ္းေနသည္ဟု ဦးေဇာ္ေဌး ကေျပာသည္။
အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ PC ႏွင့္ KNU တို႔ ေတြ႕ဆံုမႈသည္ ေကာင္းမြန္သည့္ ေတြ႕ဆံုမႈျဖစ္သည္ဟု ႏွစ္ ဖက္ေခါင္းေဆာင္မ်ား က ေျပာသည္။
ခ်င္းမိုင္ ခရီးစဥ္အတြင္း အစိုးရၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC သည့္ ႏို၀င္ဘာလ ၁၉ ရက္ေန႔က ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS/SSA ႏွင့္လည္းေကာင္း၊ ႏို၀င္ဘာလ ၂၀ ရက္ေန႔တြင္ NCA အပစ္ရ လက္မွတ္ ေရးထိုးထားသည့္ အပစ္ရပ္ ၁၀ ဖြဲ႔မွ ကိုယ္စားလွယ္မ်ားႏွင့္လည္းေကာင္း၊ ႏို၀င္ဘာလ ၂၂ ရက္ေန႔ ယေန႔တြင္ ကရင္အမ်ိဳးသား အစည္းအရံုး KNU တို႔ႏွင့္ သီးသန္႔အလြတ္သေဘာေတြ႕ဆံုခဲ့သကဲ့သို႔ ေတြ႕ဆံုခဲ့ၾကသည္။
NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္း အ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမို ေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။