အထက်ရဲရွာ ရေကာတာအတွက် လာရောက်သော ဝန်ကြီးကို ဒေသခံများ အဝင်မခံပဲ ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

အထက်ရဲရွာ ရေကာတာစီမံကိန်းအတွက် ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းရန် လာရောက်သည့် လျှပ်စစ်နှင့် စွမ်း အင် ဝန်ကြီးအား ဒေသခံများက ရွာထဲသို့ အဝင်မခံပဲ ရေကာတာ စီမံကိန်းကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ရှမ်းပြည်နယ် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံနှင့် အဖွဲ့သည် ရှမ်းပြည်နယ် မြောက် ပိုင်း သီပေါမြို့နယ်အတွင်းရှိ တာလုံကျေးရွာမှ ဒေသခံများနှင့်တွေ့ဆုံရန် နိုဝင်ဘာလ ၂၄ ရက်နေ့က လာ ရောက်ရာ ဒေသခံများက ရွာထဲသို့ အဝင်မခံပဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

တာလုံကျေးရွာမှ ဒေသခံ နန်းလောဝ်ခမ်းက “သူက လျှပ်စစ်ဝန်ကြီးကိုး၊ ပြီးတော့ လျှပ်စစ်အပိုင်း အဲဒီလူတွေ လည်း ပါလာတယ်။ လျှပ်စစ်အပိုင်းဆိုတော့ လျှပ်စစ်ပဲ အားပေးမှာပေါ့။ ကျမတို့က အဲဒီဟာကို ကန့်ကွက်ထား တာ ကြာပြီပေါ့နော်။ ကျမတို့ ရှိရင် ဒါတွေ ဆွေးနွေးဖို့ မလိုဘူးပေါ့။ ကျမတို့ ဒီစစ်ဘေးရှောင်တုန်းကလည်း တစ်ကြိမ်လာ တွေ့တယ်။ အဲလိုအချိန်မျိုးမှာလည်း မတွေ့သင့်တဲ့ အချိန်ပေါ့နော်။ ပြီးတော့ သူတို့က လာတွေ့ မယ်ဆိုတော့ ကျမတို့က လက်မခံဘူး။ အဲဒါကြောင့်မို့လို့ မလာခဲ့နဲ့လို့ ကျမတို့က တားခဲ့တယ် ဒါပေမယ့် သူတို့လာဖြစ်အောင် လာတယ်။ ကျမတို့ကလည်း ရွာထိပ်မှာတင် ဆန္ဒပြခဲ့တယ်” ဟု ပြောသည်။

မည်သည့် စီမံကိန်းမဆို အဆိုးအကောင်းဒွန်တွဲနေသည့်အတွက် အထက်ရဲရွာ ရေကာတာ စီမံကိန်းကိုလည်း ယခုကဲ့သို့ ဖြေရှင်း၍ မရကြောင်း၊ လုပ်မည့်သူက ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီး တာဝန်မယူခင်ကတည်းက လုပ်ဆောင်ထားသည့် လုပ်ငန်းဖြစ်ကြောင်း ဝန်ကြီးက ပြောခဲ့သည်ဟု နန်းလောဝ်ခမ်းက ပြောသည်။

“အရင်ကတည်းကဆိုတာ ဘယ်နှစ်နှစ်လဲပေါ့ ကျမတို့ရွာတည်ခဲ့တာက နှစ်ပေါင်း တစ်ထောင်ကျော် ဘယ်သူက အရင်လုပ်ခဲ့တာလဲပေါ့ ကျမတို့ ဒီအတိုင်းပဲ ပြန်ချေပခဲ့ပါတယ်။ စီမံကိန်းဆိုတာ ဒီလိုပဲတဲ့ အဆိုးနဲ့ အကောင်းပေါ့ အဆိုးကပိုများတော့လေ အဲကြောင့် ကန့်ကွက်ကြတာလို့” ဟု တုန့်ပြန် ပြောဆိုခဲ့သည်ဟု နန်းလောင်ဝ်ခမ်း က ပြောသည်။

တာလုံကျေးရွာသည် နမ္မတူမြစ်ကမ်းဘေးတွင် တည်ရှိပြီး အထက်ရဲရွာ ရေကာတာ၏ အထက်ဘက်ပိုင်းတွင် တည်ရှိသည်။ ဒေသတွင်း စစ်မက်ဖြစ်ပွားရာနေရာဖြစ်သော်ငြာ းလည်း တရုတ်၊ ဂျပန်၊ ဂျာမဏီ နှင့် ဆွမ်ဇာ လန်နိုင်ငံ ကုမ္မဏီများမှ ၎င်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်နေပါသည်။

သီပေါ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက “မနေ့ကတော့ ကျမကတော့ ခရီးလွန်နေလို့ လိုက်မသွားနိုင်ခဲ့ဘူး။ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ မသိပေမယ့် လူထုရဲ့ သဘောထားနဲ့ အတူတူပါပဲ။ အစကတည်းကလည်း အတူတူဖြေရှင်းလာခဲ့ကြတာ။ လူထုစိုးရိမ်မှုတွေရှိနေတဲ့ကြားက ဖြေရှင်းမှု မပြုပဲနဲ့ဒါ အတင်းတဇွတ်ထိုးလုပ်တာမျိုးက မလုပ်သင့်တဲ့ကိစ္စလို့ပဲမြင်တယ်။ သေချာဖြေရှင်းရမယ့်ကိစ္စပါ” ဟု ပြောသည်။

“တကယ်လို့ ဆက်လုပ်မယ်ဆိုရင်တောင် လူထုရဲ့ သဘောာထားကို နားထောင်ရမယ်။ လူထုရဲ့ စိုးရိမ်ချက်က ဘာတွေလဲ။ ပွင့်လင်းမြင်သာရပါမယ်။ ဒီရေကာတာရဲ့ မီဂါဝပ်ကိုလျှော့မလား၊ ဒီရေ Level ကိုလျှော့မလားပေါ့၊ ရွာကိုမလွှမ်းမိုးအောင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုးတွေပေ့ါ နည်းပညာပိုင်းဆိုင်ရာတွေ ပြန်ပြီးသုံးသပ်ဖို့ လိုတယ်လို့ ကျမကတော့ ယူဆပါတယ်။”

ယခင်နှစ်များ ကတည်းက အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော်အတွင်း အကြိမ်ကြိမ် ဆွေးနွေးတင်ပြခဲ့သော်လည်း ပြည်ထောင်စုအဆင့်စီမံကိန်းဖြစ်သော ကြောင့် ပြည်နယ်အ ဆင့်တွင် ဖြေကြားခွင့်မရှိကြောင်း သာ ပြောဆိုခဲ့သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ယင်းရေကာတာ ဆောက် လုပ်ပြီးပါက လူဦးရေ ၇၀၀ ခန့် နေထိုင်လျှက်ရှိသော တာလုံကျေးရွာ၊ ရှေ့ဟောင်းသာသနာ့ အဆောက်အအုံ များနှင့် သဘာဝမြေဆီလွှာကြွယ်ဝသော ဥယျာဉ်ခြံမြေများ အားလုံးသည် ရေအောက်သို့ လုံး၀ ကျရောက်သွား မည်ဖြစ်သည်ဟု ဒေသခံများ က ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်၏ ပင်မမြစ်ကြောင်းပေါ်တွင်လည်း အထက်ရဲ့ရွာ ရေကာတာအပါအဝင် ရေကာတာကြီး ၅ ခု ခန့်ကို တည်ဆောက်ရန် အစီအစဉ်ဆွဲထားပြီဖြစ်သည်ဟု သိရသည်။ သို့ရာတွင် ဒေသခံများက အဆိုပါ ရေကာတာ စီမံကိန်းများကြောင့် ဆုံးရှုံးနစ်နာမှုနှင့် သဘာ၀ ပတ်ဝန်း ကျင်ထိ ခိုက်လာနိုင်သည့်အတွက် တည်ဆောက်ခြင်း မပြုရန် ကန့်ကွက်နေကြသည်။

နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းထဲတွင် တစ်ခုဖြစ်သည့် အလယ်ရဲ ရွာ ရေကာတာ စီမံကိန်းသည် နောင်ချိုမြို့အတွင်းရှိ ကျောက်ကြန့် ငလျင်ကြော၏ အလယ်ဗဟိုတွင် တည်ရှိနေ သည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

“ဒီအထက်ရဲ့ရွာရေကာတာမှ မဟုတ်ဘူး ဒီနမ္မတူမြစ်ပေါ်မှာ ရေကာတာ ၅ ခု သူတို့လုပ်ဖို့ရှိတယ်ကော ဒီအ လယ် ရဲရွာဆိုရင် ကျောက်ကြန့် ငလျင်ကြောပေါ်မှာ ရှိတယ်။ အဲဆိုရင် ပြီးခဲ့တဲ့ လာအိုနိုင်ငံမှာ ငလျင် လှုပ်ခဲ့ တယ် နော အဲဒါဘူမိဗေဒတွေက သူတို့ကို ပြောခဲ့တယ် သူတို့က နားမထောင်ဘူး အဲလိုလည်း ဖြစ်မှာ စိုးရိမ် တယ် ပေါ့။ ပြီး တော့ ကျမတို့ရွာက ဖြစ်ဖြစ် ဒီနမ္မတူဖြစ်ဘေးနားမှာပဲဖြစ်ဖြစ် ကျမတို့ စိုးရိမ်တယ်။ အဲကြောင့် ကျမ တို့ တတ်နိုင် သမျှ ကျမတို့ သူများလုပ်သလို မြစ်ဆုံကလုပ်သလို လေ့လာပြီးတာ့ ကျမတို့က ဆက်ပြီး ကန့် ကွက်သွားမယ်” ဟု နန်းလောဝ်ခမ်း က ပြောသည်။

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရေကာတာနှင့် အခြားသော စီမံကိန်း များ ကို လုပ်ဆောင်ရန်မသင့်သေးကြောင်း၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်နှင့် ဒီမိုက ရေစီစနစ်ကို ရောက်ရှိမှသာ ယခုကဲ့သို့ စီမံကိန်းများကို စဉ်းစားသင့်ကြောင်း မြစ်ချောင်းစောင့် ကြည့်ရေး အဖွဲ့ များနှင့် ရေကာတာအရေး လုပ်ဆောင်သူများက ပြောသည်။

Zawgyi…

အထက္ရဲရြာ ေရကာတာအတြက္ လာေရာက္ေသာ ၀န္ႀကီးကို ေဒသခံမ်ား အ၀င္မခံပဲ ဆႏၵျပ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၅ ရက္။

အထက္ရဲရြာ ေရကာတာစီမံကိန္းအတြက္ ေဒသခံမ်ားႏွင့္ ေတြ႕ဆံုညွိႏိႈင္းရန္ လာေရာက္သည့္ လွ်ပ္စစ္ႏွင့္ စြမ္း အင္ ၀န္ႀကီးအား ေဒသခံမ်ားက ရြာထဲသို႔ အ၀င္မခံပဲ ေရကာတာ စီမံကိန္းကို အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ ခဲ့ၾကသည္။

ရွမ္းျပည္နယ္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ၀န္ႀကီးဌာနမွ ၀န္ႀကီး ဦးစိုင္းဆိုင္တစ္လံုႏွင့္ အဖြဲ႔သည္ ရွမ္းျပည္နယ္ ေျမာက္ ပိုင္း သီေပါၿမိဳ႕နယ္အတြင္းရွိ တာလံုေက်းရြာမွ ေဒသခံမ်ားႏွင့္ေတြ႕ဆံုရန္ ႏို၀င္ဘာလ ၂၄ ရက္ေန႔က လာ ေရာက္ရာ ေဒသခံမ်ားက ရြာထဲသို႔ အ၀င္မခံပဲ ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္။

တာလံုေက်းရြာမွ ေဒသခံ နန္းေလာ၀္ခမ္းက “သူက လွ်ပ္စစ္၀န္ႀကီးကိုး၊ ၿပီးေတာ့ လွ်ပ္စစ္အပိုင္း အဲဒီလူေတြ လည္း ပါလာတယ္။ လွ်ပ္စစ္အပိုင္းဆိုေတာ့ လွ်ပ္စစ္ပဲ အားေပးမွာေပါ့။ က်မတို႔က အဲဒီဟာကို ကန္႔ကြက္ထား တာ ၾကာၿပီေပါ့ေနာ္။ က်မတို႔ ရွိရင္ ဒါေတြ ေဆြးေႏြးဖို႔ မလိုဘူးေပါ့။ က်မတို႔ ဒီစစ္ေဘးေရွာင္တုန္းကလည္း တစ္ႀကိမ္လာ ေတြ႕တယ္။ အဲလိုအခ်ိန္မ်ိဳးမွာလည္း မေတြ႕သင့္တဲ့ အခ်ိန္ေပါ့ေနာ္။ ၿပီးေတာ့ သူတို႔က လာေတြ႕ မယ္ဆိုေတာ့ က်မတို႔က လက္မခံဘူး။ အဲဒါေၾကာင့္မို႔လို႔ မလာခဲ့နဲ႔လို႔ က်မတို႔က တားခဲ့တယ္ ဒါေပမယ့္ သူတို႔လာျဖစ္ေအာင္ လာတယ္။ က်မတို႔ကလည္း ရြာထိပ္မွာတင္ ဆႏၵျပခဲ့တယ္” ဟု ေျပာသည္။

မည္သည့္ စီမံကိန္းမဆို အဆိုးအေကာင္းဒြန္တြဲေနသည့္အတြက္ အထက္ရဲရြာ ေရကာတာ စီမံကိန္းကိုလည္း ယခုကဲ့သို႔ ေျဖရွင္း၍ မရေၾကာင္း၊ လုပ္မည့္သူက ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း၊ ၎အေနျဖင့္ လွ်ပ္ စစ္ႏွင့္ စြမ္းအင္၀န္ႀကီး တာ၀န္မယူခင္ကတည္းက လုပ္ေဆာင္ထားသည့္ လုပ္ငန္းျဖစ္ေၾကာင္း ၀န္ႀကီးက ေျပာခဲ့သည္ဟု နန္းေလာ၀္ခမ္းက ေျပာသည္။

“အရင္ကတည္းကဆိုတာ ဘယ္ႏွစ္ႏွစ္လဲေပါ့ က်မတို႔ရြာတည္ခဲ့တာက ႏွစ္ေပါင္း တစ္ေထာင္ေက်ာ္ ဘယ္သူက အရင္လုပ္ခဲ့တာလဲေပါ့ က်မတို႔ ဒီအတိုင္းပဲ ျပန္ေခ်ပခဲ့ပါတယ္။ စီမံကိန္းဆိုတာ ဒီလိုပဲတဲ့ အဆိုးနဲ႔ အေကာင္းေပါ့ အဆိုးကပိုမ်ားေတာ့ေလ အဲေၾကာင့္ ကန္႔ကြက္ၾကတာလို႔” ဟု တုန္႔ျပန္ ေျပာဆိုခဲ့သည္ဟု နန္းေလာင္၀္ခမ္း က ေျပာသည္။

တာလံုေက်းရြာသည္ နမၼတူျမစ္ကမ္းေဘးတြင္ တည္ရွိၿပီး အထက္ရဲရြာ ေရကာတာ၏ အထက္ဘက္ပိုင္းတြင္ တည္ရွိသည္။ ေဒသတြင္း စစ္မက္ျဖစ္ပြားရာေနရာျဖစ္ေသာ္ျငားလည္း တ႐ုတ္၊ ဂ်ပန္၊ ဂ်ာမဏီ ႏွင့္ ဆြမ္ဇာ လန္ႏိုင္ငံ ကုမၼဏီမ်ားမွ ၎စီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္ေနပါသည္။

သီေပါ မဲဆႏၵနယ္ အမွတ္ (၁) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းစမ္းစမ္းေအးက “မေန႔ကေတာ့ က်မကေတာ့ ခရီးလြန္ေနလို႔ လိုက္မသြားႏုိင္ခဲ့ဘူး။ ဘာေတြေဆြးေႏြးခဲ့တယ္ဆိုတာ မသိေပမယ့္ လူထုရဲ႕ သေဘာထားနဲ႔ အတူတူပါပဲ။ အစကတည္းကလည္း အတူတူေျဖရွင္းလာခဲ့ၾကတာ။ လူထုစိုးရိမ္မႈေတြရွိေနတဲ့ၾကားက ေျဖရွင္းမႈ မျပဳပဲနဲ႔ဒါ အတင္းတဇြတ္ထိုးလုပ္တာမ်ိဳးက မလုပ္သင့္တဲ့ကိစၥလို႔ပဲျမင္တယ္။ ေသခ်ာေျဖရွင္းရမယ့္ကိစၥပါ” ဟု ေျပာသည္။

“တကယ္လို႔ ဆက္လုပ္မယ္ဆိုရင္ေတာင္ လူထုရဲ႕ သေဘာာထားကို နားေထာင္ရမယ္။ လူထုရဲ႕ စိုးရိမ္ခ်က္က ဘာေတြလဲ။ ပြင့္လင္းျမင္သာရပါမယ္။ ဒီေရကာတာရဲ႕ မီဂါဝပ္ကိုေလ်ွာ့မလား၊ ဒီေရ Level ကိုေလ်ွာ့မလားေပါ့၊ ရြာကိုမလႊမ္းမိုးေအာင္ ဘယ္လိုလုပ္မလဲ ဆုိတာမ်ိဳးေတြေပ့ါ နည္းပညာပိုင္းဆုိင္ရာေတြ ျပန္ၿပီးသံုးသပ္ဖို႔ လိုတယ္လို႔ က်မကေတာ့ ယူဆပါတယ္။”

ယခင္ႏွစ္မ်ား ကတည္းက အဆိုပါစီမံကိန္းႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္လႊတ္ေတာ္အတြင္း အႀကိမ္ႀကိမ္ ေဆြးေႏြးတင္ျပခဲ့ေသာ္လည္း ျပည္ေထာင္စုအဆင့္စီမံကိန္းျဖစ္ေသာ ေၾကာင့္ ျပည္နယ္အ ဆင့္တြင္ ေျဖၾကားခြင့္မရွိေၾကာင္း သာ ေျပာဆိုခဲ့သည္ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျပာသည္။

ယင္းေရကာတာ ေဆာက္ လုပ္ၿပီးပါက လူဦးေရ ၇၀၀ ခန္႔ ေနထိုင္လွ်က္ရွိေသာ တာလံုေက်းရြာ၊ ေရွ႕ေဟာင္းသာသနာ့ အေဆာက္အအံု မ်ားႏွင့္ သဘာ၀ေျမဆီလႊာႂကြယ္၀ေသာ ဥယ်ာဥ္ၿခံေျမမ်ား အားလံုးသည္ ေရေအာက္သို႔ လံုး၀ က်ေရာက္သြား မည္ျဖစ္သည္ဟု ေဒသခံမ်ား က ဆိုသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ နမၼတူျမစ္ (ေခၚ) ျမစ္ငယ္ျမစ္၏ ပင္မျမစ္ေၾကာင္းေပၚတြင္လည္း အထက္ရဲ႕႐ြာ ေရကာတာအပါအဝင္ ေရကာတာႀကီး ၅ ခု ခန္႔ကို တည္ေဆာက္ရန္ အစီအစဥ္ဆြဲထားၿပီျဖစ္သည္ဟု သိရသည္။ သို႔ရာတြင္ ေဒသခံမ်ားက အဆိုပါ ေရကာတာ စီမံကိန္းမ်ားေၾကာင့္ ဆုံးရႈံးနစ္နာမႈႏွင့္ သဘာ၀ ပတ္ဝန္း က်င္ထိ ခိုက္လာႏိုင္သည့္အတြက္ တည္ေဆာက္ျခင္း မျပဳရန္ ကန႔္ကြက္ေနၾကသည္။

နမၼတူျမစ္(ေခၚ) ျမစ္ငယ္ျမစ္ေပၚတြင္ တည္ေဆာက္မည့္ ေရကာတာစီမံကိန္းထဲတြင္ တစ္ခုျဖစ္သည့္ အလယ္ရဲ ရြာ ေရကာတာ စီမံကိန္းသည္ ေနာင္ခ်ိဳၿမိဳ႕အတြင္းရွိ ေက်ာက္ၾကန္႔ ငလ်င္ေၾကာ၏ အလယ္ဗဟိုတြင္ တည္ရွိေန သည့္အတြက္ ေဒသခံမ်ားက စိုးရိမ္ေနၾကသည္။

“ဒီအထက္ရဲ႕ရြာေရကာတာမွ မဟုတ္ဘူး ဒီနမၼတူျမစ္ေပၚမွာ ေရကာတာ ၅ ခု သူတို႔လုပ္ဖို႔ရွိတယ္ေကာ ဒီအ လယ္ ရဲရြာဆိုရင္ ေက်ာက္ၾကန္႔ ငလ်င္ေၾကာေပၚမွာ ရွိတယ္။ အဲဆိုရင္ ၿပီးခဲ့တဲ့ လာအိုႏိုင္ငံမွာ ငလ်င္လႈပ္ခဲ့တယ္ ေနာ အဲဒါဘူမိေဗဒေတြက သူတို႔ကို ေျပာခဲ့တယ္ သူတို႔က နားမေထာင္ဘူး အဲလိုလည္း ျဖစ္မွာ စိုးရိမ္ တယ္ ေပါ့။ ၿပီး ေတာ့ က်မတို႔ရြာက ျဖစ္ျဖစ္ ဒီနမၼတူျဖစ္ေဘးနားမွာပဲျဖစ္ျဖစ္ က်မတို႔ စိုးရိမ္တယ္။ အဲေၾကာင့္ က်မ တို႔ တတ္ႏိုင္ သမွ် က်မတို႔ သူမ်ားလုပ္သလို ျမစ္ဆံုကလုပ္သလို ေလ့လာၿပီးတာ့ က်မတို႔က ဆက္ၿပီး ကန္႔ ကြက္သြားမယ္” ဟု နန္းေလာ၀္ခမ္း က ေျပာသည္။

လက္နက္ကိုင္ ပဋိပကၡျဖစ္ပြားေနသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေရကာတာႏွင့္ အျခားေသာ စီမံကိန္း မ်ား ကို လုပ္ေဆာင္ရန္မသင့္ေသးေၾကာင္း၊ လက္နက္ကိုင္ ပဋိပကၡခ်ဳပ္ၿငိမ္းၿပီး စစ္မွန္သည့္ ဖက္ဒရယ္ႏွင့္ ဒီမိုက ေရစီစနစ္ကို ေရာက္ရွိမွသာ ယခုကဲ့သို႔ စီမံကိန္းမ်ားကို စဥ္းစားသင့္ေၾကာင္း ျမစ္ေခ်ာင္းေစာင့္ ၾကည့္ေရး အဖြဲ႕ မ်ားႏွင့္ ေရကာတာအေရး လုပ္ေဆာင္သူမ်ားက ေျပာသည္။