ကရင်နီ လူငယ် တစ်ဦး ပြန်လွတ်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ဆက်နွယ်၍ ပြည်နယ်အစိုးရမှ ဖမ်းဆီးတရားစွဲကာ အကျဉ်းချခံခဲ့ရသည့် ကရင် နီလူငယ် ၆ ဦးထဲမှ တစ်ဦးဖြစ်သူ ခူးကြူးဖဲကေး(ခ) ဂူဂူး ယနေ့တွင် ပြန်လည်လွတ်မြောက်လာသည်။
နိုဝင်ဘာလ ၂၅ ရက် ယနေ့တွင် ချုပ်ရက်ပြည့်သည့်အတွက် လွတ်မြောက်လာခြင်းဖြစ်သည်ဟု ကယားပြည် နယ် ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ ဦးသဲ ရယ် က ပြောသည်။
“ဒီမနက် ၁၀ နာရီလောက်မှာ ပြန်လွတ်လာတယ်။ ပြီးခဲ့တဲ့အမှုမှာ ၆ လစီချတာပေါ့လေ ဒီအမှု ရင်ဆိုင်နေရတဲ့ ကာလနဲ့ဆိုရင်တော့ သူက အရင်ဆုံး အဖမ်းခံရမိတဲ့အခါကျတော့ သူက အရင်ဆုံးလွှတ်လာတယ်လို့ပဲ ကျနော် တစ်ယောက်အနေနဲ့ပဲ သိရတယ်။”
ထို့အပြင် အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသည့် ကရင်နီ လူငယ် ၅ ဦးမှာလည်း လာမည့် ၂ ပတ် အတွင်း ပြန်လည် လွတ်လာမည်ဟု ဦးသဲရယ်က ဆက်ပြောသည်။
“သူတို့က တရားရင်ဆိုင်တဲ့ အချိန်က ၅ လဆိုတော့ တစ်လလောက်ပြည့်ရင်တော့ သူတို့ပြန်လွတ်လာဖို့ရှိပါ တယ်။ အခုကလည်း သူတို့ အမိန့်ချပြီးတဲ့ နောက်မှာတော့ သူတို့တစ်ပတ်နှစ်ပတ် ကျော်လာပြီဆိုတော့ နောက် တစ်ပတ်နှစ်ပတ်ဆို ပြန်လွတ်လာဖို့ရှိပါတယ်။”
ယခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ်များက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသားများ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံး ညီညွတ်မှုများကို ပြိုကွဲစေသည်သာမက ကရင်နီသမိုင်းအား ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါစာကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော်တို့က ၎င်းတို့၏ ဂုဏ်သိက္ခာအရ ညိုးနွမ်းမှု၊ ထိခိုက်မှု ရှိသည်ဟုဆိုကာ ကရင်နီ လူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲ ဆိုခဲ့သည်။
ကရင်နီလူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲဆိုခဲ့သည့်အပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “ဒါက ပုဂ္ဂိုလ်ရေး ကိစ္စဖြစ်တယ်။ တကယ်လို့စွဲမယ် ဆိုလို့ရှိရင်တော့ ဝန်ကြီးချုပ်နဲ့ ဦးမော်မော် စီမံဘဏ္ဏာဝန်ကြီးကပဲ သူတို့ ကိုယ်တိုင် စွဲသင့်တယ်လို့ပဲ ကျနော်အဲလိုပဲမြင်ပါတယ်။ မစွဲနဲ့လို့တော့ ကျနော် မပြောဘူး ဒါပေမယ့် ဒီလိုစွဲသင့်တယ်လို့ ကျနော်အဲ လိုထင် တယ်။ အခုဟာက အဲလိုမဟုတ်ပဲနဲ့ကို အစိုးရက နေပြီးတော့မှ လူငယ် ၆ ဦးကို တရားစွဲတဲ့ ပုံစံမျိုး ဖြစ်လာတဲ့ အခါကျတော့ ဒါက ဥပဒေနဲ့ မညီဘူးလို့ ကျနော် တစ်ယောက်အနေနဲ့ အဲလိုပြောချင်တာပေါ့” ဟုပြောသည်။
ကယားပြည်နယ် အစိုးရမှ ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ် ၆ လစီ ကျခံနေရသည့် ကရင်နီလူငယ် ၆ ဦးမှာ ခူးကြူးဖဲကေး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။
၎င်းတို့ ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက သြဂုတ်လ ၂၆ ရက်နေ့ (၉) ကြိမ်မြောက် ရုံချိန်းတွင် နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမှုကို ဆက်လက် စစ်ဆေးရန် စွဲချက်တင်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့ ၁၈ ကြိမ်မြောက် ရုံးချိန်း တွင် ထောင်ဒဏ် ၆ လစီ ကျခံရန် အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။
Zawgyi…
ကရင္နီ လူငယ္ တစ္ဦး ျပန္လြတ္ၿပီ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၅ ရက္။
ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥႏွင့္ ဆက္ႏြယ္၍ ျပည္နယ္အစိုးရမွ ဖမ္းဆီးတရားစြဲကာ အက်ဥ္းခ်ခံခဲ့ရသည့္ ကရင္ နီလူငယ္ ၆ ဦးထဲမွ တစ္ဦးျဖစ္သူ ခူးၾကဴးဖဲေကး(ခ) ဂူဂူး ယေန႔တြင္ ျပန္လည္လြတ္ေျမာက္လာသည္။
ႏို၀င္ဘာလ ၂၅ ရက္ ယေန႔တြင္ ခ်ဳပ္ရက္ျပည့္သည့္အတြက္ လြတ္ေျမာက္လာျခင္းျဖစ္သည္ဟု ကယားျပည္ နယ္ ဒီမိုကရက္တစ္ပါတီမွ ဖ႐ူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၁ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မွ ဦးသဲ ရယ္ က ေျပာသည္။
“ဒီမနက္ ၁၀ နာရီေလာက္မွာ ျပန္လြတ္လာတယ္။ ၿပီးခဲ့တဲ့အမႈမွာ ၆ လစီခ်တာေပါ့ေလ ဒီအမႈ ရင္ဆိုင္ေနရတဲ့ ကာလနဲ႔ဆိုရင္ေတာ့ သူက အရင္ဆံုး အဖမ္းခံရမိတဲ့အခါက်ေတာ့ သူက အရင္ဆံုးလႊတ္လာတယ္လို႔ပဲ က်ေနာ္ တစ္ေယာက္အေနနဲ႔ပဲ သိရတယ္။”
ထို႔အျပင္ အက်ဥ္းေထာင္ထဲတြင္ က်န္ရွိေနေသးသည့္ ကရင္နီ လူငယ္ ၅ ဦးမွာလည္း လာမည့္ ၂ ပတ္ အတြင္း ျပန္လည္ လြတ္လာမည္ဟု ဦးသဲရယ္က ဆက္ေျပာသည္။
“သူတို႔က တရားရင္ဆိုင္တဲ့ အခ်ိန္က ၅ လဆိုေတာ့ တစ္လေလာက္ျပည့္ရင္ေတာ့ သူတို႔ျပန္လြတ္လာဖို႔ရွိပါ တယ္။ အခုကလည္း သူတို႔ အမိန္႔ခ်ၿပီးတဲ့ ေနာက္မွာေတာ့ သူတို႔တစ္ပတ္ႏွစ္ပတ္ ေက်ာ္လာၿပီဆိုေတာ့ ေနာက္ တစ္ပတ္ႏွစ္ပတ္ဆို ျပန္လြတ္လာဖို႔ရွိပါတယ္။”
ယခုႏွစ္ မတ္လ ၂၅ ရက္ေန႔တြင္ ကရင္နီလူငယ္မ်ားက ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ စီမံေရးႏွင့္ ဘ႑ာ ေရးဝန္ႀကီးတို႔အျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကး႐ုပ္ျဖစ္ေျမာက္ေရးေကာ္မတီတို႔ေၾကာင့္ တိုင္းရင္းသားမ်ား အခ်င္းခ်င္းၾကားႏွင့္ ေဒသအတြင္းရွိ ဌာေနတိုင္းရင္းသားမ်ားၾကား စည္းလုံး ညီၫြတ္မႈမ်ားကို ၿပိဳကြဲေစသည္သာမက ကရင္နီသမိုင္းအား ပ်က္ျပားေစေၾကာင္း လက္မွတ္ေရးထိုးကာ ထုတ္ျပန္ခဲ့သည့္ စာေၾကာင့္ ဖမ္းဆီးတရားစြဲခံခဲ့ရျခင္း ျဖစ္သည္။
အဆိုပါစာေၾကာင့္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိ ႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီး ဦးေမာ္ေမာ္တို႔က ၎တို႔၏ ဂုဏ္သိကၡာအရ ညိဳးႏြမ္းမႈ၊ ထိခိုက္မႈ ရွိသည္ဟုဆိုကာ ကရင္နီ လူငယ္ ၆ ဦးကို ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး(ႏိုင္လြတ္လုံ) ဥပေဒ ပုဒ္မ ၁၀ ျဖင့္ တရားစြဲ ဆိုခဲ့သည္။
ကရင္နီလူငယ္ ၆ ဦးကို ျပည္နယ္အစိုးရက တရားစြဲဆိုခဲ့သည့္အေပၚ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္က “ဒါက ပုဂၢိဳလ္ေရး ကိစၥျဖစ္တယ္။ တကယ္လို႔စြဲမယ္ ဆိုလို႔ရွိရင္ေတာ့ ၀န္ႀကီးခ်ဳပ္နဲ႔ ဦးေမာ္ေမာ္ စီမံဘဏၰာ၀န္ႀကီးကပဲ သူတို႔ ကိုယ္တိုင္ စြဲသင့္တယ္လို႔ပဲ က်ေနာ္အဲလိုပဲျမင္ပါတယ္။ မစြဲနဲ႔လို႔ေတာ့ က်ေနာ္ မေျပာဘူး ဒါေပမယ့္ ဒီလိုစြဲသင့္တယ္လို႔ က်ေနာ္အဲ လိုထင္ တယ္။ အခုဟာက အဲလိုမဟုတ္ပဲနဲ႔ကို အစိုးရက ေနၿပီးေတာ့မွ လူငယ္ ၆ ဦးကို တရားစြဲတဲ့ ပံုစံမ်ိဳး ျဖစ္လာတဲ့ အခါက်ေတာ့ ဒါက ဥပေဒနဲ႔ မညီဘူးလို႔ က်ေနာ္ တစ္ေယာက္အေနနဲ႔ အဲလိုေျပာခ်င္တာေပါ့” ဟုေျပာသည္။
ကယားျပည္နယ္ အစိုးရမွ ဖမ္းဆီးတရားစြဲဆိုကာ ေထာင္ဒဏ္ ၆ လစီ က်ခံေနရသည့္ ကရင္နီလူငယ္ ၆ ဦးမွာ ခူးၾကဴးဖဲေကး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခြန္းေသာမတ္စ္၊ မ်ိဳးလႈိင္ဝင္း၊ ပ်ားေလးႏွင့္ ကိုဒီးဒီတို႔ ျဖစ္ၾကသည္။
၎တို႔ ၆ ဦးကို လြိဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးက ၾသဂုတ္လ ၂၆ ရက္ေန႔ (၉) ႀကိမ္ေျမာက္ ႐ုံခ်ိန္းတြင္ ႏိုင္လြတ္လံု ပုဒ္မ ၁၀ ျဖင့္ အမႈကို ဆက္လက္ စစ္ေဆးရန္ စြဲခ်က္တင္ခဲ့ၿပီး ႏိုဝင္ဘာလ ၇ ရက္ေန႔ ၁၈ ႀကိမ္ေျမာက္ ရံုးခ်ိန္း တြင္ ေထာင္ဒဏ္ ၆ လစီ က်ခံရန္ အၿပီးသတ္ အမိန႔္ခ်မွတ္ခဲ့သည္။