ကူညီသူများအား တားဆီးထားသဖြင့် စစ်ရှောင်ဒုက္ခသည်များ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် အတွင်းရှိ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီများလိုအပ်နေပြီး အကူအညီပေးရေး အဖွဲ့များအားလည်း တပ်မတော်မှ လုံခြုံရေးအရ သွားခွင့်မပြု သောကြောင့် အခက်အခဲများ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
ကျောက်မဲမြို့ အခြေစိုက် အိုမ်တမောင်း လူမှုကူညီရေးအသင်းအဖွဲ့မှာလည်း ယခုရက်ပိုင်းအတွင်း မိုင်းငေါ့ ဒေသ ဘက်ရှိ ခေကွဲနှင့် ကျောက်တော်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ရှောင်များတွက် စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီများ သွားရောက်ကူညီရာ တပ်မတော်မှ တားဆီးခဲ့မှုကြောင့် လမ်းတဝက်မှ လှည့်ပြန်ခဲ့ရသည်ဟု အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အဓိက သူတို့စားနပ်ရိက္ခာတွေ လိုအပ်နေလို့ ခေကွဲရယ် ကျောက်တော်ရယ် အဲဘက်မှာ လာကူတဲ့ သူလည်း မရှိတော့လေ။ အဲဘက်ကို သူတို့က အရေး ပေါ်စားသောက်ရိက္ခာလိုတယ်ဆိုလို့ကျနော်တို့အဲမှာသွားကူလိုက်တာ။ ကျနော်တို့က ၂၅ ရက် နေ့တုန်းက သွားတယ်၊ တိုက်ပွဲရှိတယ်လို့ပဲ ပြောတယ်။ ဒါပေမယ့် ပစ်သံတွေ ခတ်သံတွေတော့ မကြားဘူးပေါ့နော်။ ကျနော် တို့ အဖွဲ့က ယောက်ကျားလေးတွေပဲ ၁၀ ယောက်လောက်ရှိမယ်။ တပ်မတော်ဘက်ကတော့ လေးငါးဆယ်လောက်ရှိနေတယ်။ ကားတိုင်းကို စစ်တာပေါ့”
နိုဝင်ဘာလ၂၅ ရက်နေ့တွင် တပ်မတော်ဘက်မှ တိုက်ပွဲဖြစ်တယ်ဆိုပြီး တားစီးထားသောကြောင့် အိုမ်တ မောဝ်းလူမှုကူညီရေးအသင်း သွားရောက်လှူဒါန်းသည့် ပစ္စည်းများနှင့် လွယ်အိတ်များ စစ်ဆေးခံရသည်ဟု အိုမ်တမောဝ်းအဖွဲ့က ပြောသည်။
“သူတို့က အိတ်တွေက အစဖွင့်ကြည့်နေတဲ့ အဖြစ်မျိုးတော့ ရောက်သွားတာပေါ့နော်၊ အဲလိုဖွင့် ကြည့်ပြီးတော့ ကျနော်တို့ တော်တော်လေးစောင့်နေရတယ်။ စောင့်ရင်းနဲ့ နေ့လည်တစ်နာရီ နှစ်နာရီရှိသွားတယ်။ အရင်တစ်ခေါက်တုန်းကတော့ ခွင့်ပြုတယ် စစ်ပြီးတော့။ အခုတခေါက်တော့ အဲ့လိုမဟုတ်ဘူး။ အဲ့ဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ လမ်းမှာကတော့ အန္တာရယ်ရှိတယ်၊ မိုင်းတွေရှိတယ်၊ အဲလိုတော့ ပြောတာပေါ့နော်၊ သွားချင်ရင်တော့သွားပါ ကျနော်တို့ဘက်က တာဝန်မယူနိုင်ဘူး၊ အဲလိုပြောတာပေါ့။ အဲ့ကနေပဲလှည့်ပြန်ခဲ့ ရတယ်။”
နမ့်ဆန်မြို့နယ်အတွင်းက ကျောက်ဖြူလေးကျေးရွာသို့ ရောက်ရှိနေကြသည့် ကျောက်မဲမြို့နယ် အာပြောင် ကျေးရွာနှင့် ကိုက်တန်ကျေးရွာ စစ်ဘေးရှောင်များတွက်လည်း စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည် ဟု ကျောက်ဖြူလေးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
“သူတို့က လာတာတော့ ကိုက်တန်ကျေးရွာရယ်၊ အာပြောင်ကျေးရွာရယ်၊ အာပြောင်က နိုဝင်ဘာ၁၇ ရက်နေ့ကရောက်တယ် ကိုက်တန်ကတော့ ၁၈ ရက်နေ့ညမှရောက်တာ။ အားလုံးပေါင်း ကျား/မ ၇၀၀ ရှိပါ တယ်၊ လောလောဆယ်ကတော့ ဒီစားရေးသောက်ရေးကတော့ ၅ ရက်စာ လောက်တော့လုံလောက်ပါ သေးတယ် ဒါပေမယ့်လည်း စားဖို့သောက်ဖို့က လိုအပ်သေးတာပေါ့နော်” ဟု ကျောက်ဖြူလေးရွာ အုပ်ချုပ်ရေးမှူး ဦးစောလှိုင် က ပြောသည်။
ကျောက်မဲမြို့နယ်အတွင်းက အာပြောင်ကျေးရွာနှင့် ကိုက်တန်ကျေးရွာကတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များ ကြောင့် ယခုလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့များတွင် နမ့်ဆန်မြို့နယ်အတွင်း ထွက်ပြေးလာကြခြင်းဖြစ်သည်။
ကိုက်တန်ကျေးရွာမှ ရွာလုံးကျွတ်စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးလာကြသော်လည်း အာပြောင်ကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ခန့် ကျန်နေခဲ့သေးသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
“ကျနော်တို့ကိုက်တိုန်ရွာကတော့ လူတွေမရှိတော့ဘူး၊ တစ်ရွာလုံးတော့ ထွက်ပြေးကြတယ်၊ ဘုန်းကြီးတော့ ကျန်တာပေါ့နော်။ ကျနော်တို့ရွာက တချို့လူတွေလည်း ကျောက်မဲဘက်မှာရှိတယ်၊ အာပြောင်ရွာကတော့ ၂၀၀ လောက် ရွာမှာကျန်သေးတယ်ပြောတယ်၊ ဒီမှာကတော့ ၃၀၀ကျော်လောက်ရှိတာပေါ့” ဟု ကိုက်တန် ဒေသခံက စစ်ဘေးရှောင်လာသူ တစ်ဦးက ပြောသည်။
အာပြောင်ကျေးရွာတွင် ကျန်နေခဲ့သည့် မိသားစုဝင်များအတွက် စိုးရိမ်ကြောင်း စစ်ဘေးရှောင် မိုင်းအိုက်အောင် က ပြောသည်။
“၁၇ ရက်က ကျောက်ဖြူလေးရွာမှာ ရှောက်နေပါတယ်၊ အိမ်ဘက်မှာက မိဘတွေရှိတော့ စိတ်ပူတာပေါ့၊ အိမ်က လူတွေရှိလည်း အလုပ်တွေ နိုင်မှာမဟုတ်ဘူး၊ လူတိုင်းတွေတော့အိမ်မှာ ပြန်ချင်ကြတာပေါ့ အခုတော့ ငြိမ်တယ် လို့ဆိုပေမဲ့လည်း ခါတိုင်းတော့ နေ့တိုင်း လိုလိုပစ်နေတော့ စိတ်မချနိုင်သေးဘူးပေါ့။ ဒါကြောင့်မို့ ပြန်ချင်လည်း ပြန်လို့မရသေးတဲ့ အခြေအနေတွေ ရှိတာပေါ့။”
မိမိတို့၏ ကျေးရွာများသို့ ပြန်ချင်သောလည်း နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများရှိနေသေးပြီး စစ်ရေးအခြေ အနေ မတည်ငြိမ်သေးသည့်တွက် နေရပ်ပြန်ရန်အဆင်မပြေသေးဘူးဟု စစ်ဘေးရှောင်များက ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း ကျောက်တော်ကျေးရွာတွင် တော့ဖယ်ကျေးရွာက စစ်ဘေးရှောင် ၆၃ ဦး၊ မန်ခေါက်တွင် နားလွေးမှ ၁၀၀ နီးပါးခန့်၊ ပန်နင်းကျေးရွာတွင် အုံအွီးကျေးရွာမှ ၁၅၂ ဦး၊ ခေကွဲကျေးရွာတွင် ခွန်ကော်မှ ၇၂ ဦး နှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာတွင် ကိုက်တန်နှင့်အာပြောင်ကျေးရွာမှ စစ်ဘေးရှောင် ၇၀၀ ခန့် ရောက်ရှိနေသည်ဟု ကျောက်မဲဒေသခံ အိုမ်ဆငါး က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ စစ်ရေးတင်းမာမှုများ ရှိနေသေးသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အခက်အခဲဖြစ်နေရသည်ဟု ဒေသခံများနှင့် အကူအညီပေးရေးအသင်းအဖွဲ့ များက ပြောသည်။
Zawgyi…
ကူညီသူမ်ားအား တားဆီးထားသျဖင့္ စစ္ေရွာင္ဒုကၡသည္မ်ား အခက္ၾကံဳ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၈ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္ အတြင္းရွိ ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအတြက္ အေရးေပၚ အကူအညီမ်ားလိုအပ္ေနၿပီး အကူအညီေပးေရး အဖြဲ႕မ်ားအားလည္း တပ္မေတာ္မွ လံုၿခံဳေရးအရ သြားခြင့္မျပဳ ေသာေၾကာင့္ အခက္အခဲမ်ား ႀကံဳေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေက်ာက္မဲၿမိဳ႕ အေျခစိုက္ အိုမ္တေမာင္း လူမႈကူညီေရးအသင္းအဖြဲ႕မွာလည္း ယခုရက္ပိုင္းအတြင္း မုိင္းေငါ့ ေဒသ ဘက္ရွိ ေခကြဲႏွင့္ ေက်ာက္ေတာ္ေက်းရြာသို႔ ေရာက္ရွိေနသည့္ စစ္ေရွာင္မ်ားတြက္ စားနပ္ရိကၡာႏွင့္ အေရးေပၚ အကူအညီမ်ား သြားေရာက္ကူညီရာ တပ္မေတာ္မွ တားဆီးခဲ့မႈေၾကာင့္ လမ္းတဝက္မွ လွည့့္ျပန္ခဲ့ရသည္ဟု အသင္းတာဝန္ရွိသူ တစ္ဦးက ေျပာသည္။
“အဓိက သူတို ့စားနပ္ရိကၡာေတြ လိုအပ္ေနလို႔ ေခကြဲရယ္ ေက်ာက္ေတာ္ရယ္ အဲဘက္မွာ လာကူတဲ့ သူလည္း မရွိေတာ့ေလ။ အဲဘက္ကို သူတို႔က အေရး ေပၚစားေသာက္ရိကၡာလိုတယ္ဆိုလို ့က်ေနာ္တို ့အဲမွာသြားကူလိုက္တာ။ က်ေနာ္တို ့က ၂၅ ရက္ ေန ့တုန္းက သြားတယ္၊ တုိက္ပြဲရွိတယ္လို႔ပဲ ေျပာတယ္။ ဒါေပမယ့္ ပစ္သံေတြ ခတ္သံေတြေတာ့ မၾကားဘူးေပါ့ေနာ္။ က်ေနာ္ တုိ႔ အဖြဲ႕က ေယာက္က်ားေလးေတြပဲ ၁၀ ေယာက္ေလာက္ရွိမယ္။ တပ္မေတာ္ဘက္ကေတာ့ ေလးငါးဆယ္ေလာက္ရွိေနတယ္။ ကားတိုင္းကို စစ္တာေပါ့”
ႏို၀င္ဘာလ၂၅ ရက္ေန ့တြင္ တပ္မေတာ္ဘက္မွ တိုက္ပြဲျဖစ္တယ္ဆိုၿပီး တားစီးထားေသာေၾကာင့္ အုိမ္တ ေမာ၀္းလူမႈကူညီေရးအသင္း သြားေရာက္လွဴဒါန္းသည့္ ပစၥည္းမ်ားႏွင့္ လြယ္အိတ္မ်ား စစ္ေဆးခံရသည္ဟု အိုမ္တေမာ၀္းအဖြဲ ့က ေျပာသည္။
“သူတို႔က အိတ္ေတြက အစဖြင့္ၾကည့္ေနတဲ့ အျဖစ္မ်ိဳးေတာ့ ေရာက္သြားတာေပါ့ေနာ္၊ အဲလိုဖြင့္ ၾကည့္ၿပီးေတာ့ က်ေနာ္တို ့ ေတာ္ေတာ္ေလးေစာင့္ေနရတယ္။ ေစာင့္ရင္းနဲ ့ ေန ့လည္တစ္နာရီ ႏွစ္နာရီရွိသြားတယ္။ အရင္တစ္ေခါက္တုန္းကေတာ့ ခြင့္ျပဳတယ္ စစ္ၿပီးေတာ့။ အခုတေခါက္ေတာ့ အဲ့လိုမဟုတ္ဘူး။ အဲ့ဘက္မွာ တုိိက္ပြဲေတြျဖစ္ေနတယ္။ လမ္းမွာကေတာ့ အႏာၱရယ္ရွိတယ္၊ မိုင္းေတြရွိတယ္၊ အဲလိုေတာ့ ေျပာတာေပါ့ေနာ္၊ သြားခ်င္ရင္ေတာ့သြားပါ က်ေနာ္တို ့ဘက္က တာ၀န္မယူႏိုင္ဘူး၊ အဲလိုေျပာတာေပါ့။ အဲ့ကေနပဲလွည့္ျပန္ခဲ့ ရတယ္။”
နမ့္ဆန္ၿမိဳ႕နယ္အတြင္းက ေက်ာက္ျဖဴေလးေက်းရြာသို႔ ေရာက္ရွိေနၾကသည့္ ေက်ာက္မဲၿမိဳ႕နယ္ အာေျပာင္ ေက်းရြာႏွင့္ ကိုက္တန္ေက်းရြာ စစ္ေဘးေရွာင္မ်ားတြက္လည္း စားနပ္ရိကၡာမ်ား အေရးေပၚလိုအပ္ေနသည္ ဟု ေက်ာက္ျဖဴေလးေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။
“သူတို ့က လာတာေတာ့ ကိုက္တန္ေက်းရြာရယ္၊ အာေျပာင္ေက်းရြာရယ္၊ အာေျပာင္က ႏို၀င္ဘာ၁၇ ရက္ေန ့ကေရာက္တယ္ ကိုက္တန္ကေတာ့ ၁၈ ရက္ေန ့ညမွေရာက္တာ။ အားလံုးေပါင္း က်ား/မ ၇၀၀ ရွိပါ တယ္၊ ေလာေလာဆယ္ကေတာ့ ဒီစားေရးေသာက္ေရးကေတာ့ ၅ ရက္စာ ေလာက္ေတာ့လံုေလာက္ပါ ေသးတယ္ ဒါေပမယ့္လည္း စားဖို ့ေသာက္ဖို ့က လိုအပ္ေသးတာေပါ့ေနာ္” ဟု ေက်ာက္ျဖဴေလးရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေစာလိႈင္ က ေျပာသည္။
ေက်ာက္မဲၿမိဳ႕နယ္အတြင္းက အာေျပာင္ေက်းရြာႏွင့္ ကိုုက္တန္ေက်းရြာကတြင္း ျဖစ္ပြားခဲ့သည့္ တုိက္ပြဲ မ်ား ေၾကာင့္ ယခုလ ၁၇ ရက္ေန႔ ႏွင့္ ၁၈ ရက္ေန႔မ်ားတြင္ နမ့္ဆန္ၿမိဳ႕နယ္အတြင္း ထြက္ေျပးလာၾကျခင္းျဖစ္သည္။
ကိုက္တန္ေက်းရြာမွ ရြာလံုးကၽြတ္စစ္ေဘးလႊတ္ရာသို႔ ထြက္ေျပးလာၾကေသာ္လည္း အာေျပာင္ေက်းရြာတြင္ လူဦးေရ ၂၀၀ ေက်ာ္ခန္႔ က်န္ေနခဲ့ေသးသည္ဟု စစ္ေရွာင္တစ္ဦးက ေျပာသည္။
“က်ေနာ္တို ့ကိုက္တိုန္ရြာကေတာ့ လူေတြမရွိေတာ့ဘူး၊ တစ္ရြာလံုးေတာ့ ထြက္ေျပးၾကတယ္၊ ဘုန္းႀကီးေတာ့ က်န္တာေပါ့ေနာ္။ က်ေနာ္တို ့ရြာက တခ်ိဳ ့လူေတြလည္း ေက်ာက္မဲဘက္မွာရွိတယ္၊ အာေျပာင္ရြာကေတာ့ ၂၀၀ ေလာက္ ရြာမွာက်န္ေသးတယ္ေျပာတယ္၊ ဒီမွာကေတာ့ ၃၀၀ေက်ာ္ေလာက္ရွိတာေပါ့” ဟု ကိုက္တန္ ေဒသခံက စစ္ေဘးေရွာင္လာသူ တစ္ဦးက ေျပာသည္။
အာေျပာင္ေက်းရြာတြင္ က်န္ေနခဲ့သည့္ မိသားစုဝင္မ်ားအတြက္ စိုးရိမ္ေၾကာင္း စစ္ေဘးေရွာင္ မိုင္းအိုက္ေအာင္ က ေျပာသည္။
“၁၇ ရက္က ေက်ာက္ျဖဴေလးရြာမွာ ေရွာက္ေနပါတယ္၊ အိမ္ဘက္မွာက မိဘေတြရွိေတာ့ စိတ္ပူတာေပါ့၊ အိမ္က လူေတြရွိလည္း အလုပ္ေတြ ႏိုင္မွာမဟုတ္ဘူး၊ လူတိုင္းေတြေတာ့အိမ္မွာ ျပန္ခ်င္ၾကတာေပါ့ အခုေတာ့ ၿငိမ္တယ္ လို ့ဆိုေပမဲ့လည္း ခါတိုင္းေတာ့ ေန ့တိုင္း လိုလိုပစ္ေနေတာ့ စိတ္မခ်ႏိုင္ေသးဘူးေပါ့။ ဒါေၾကာင့္မို႔ ျပန္ခ်င္လည္း ျပန္လို ့မရေသးတဲ ့ အေျခအေနေတြ ရွိတာေပါ့။”
မိမိတို႔၏ ေက်းရြာမ်ားသို႔ ျပန္ခ်င္ေသာလည္း ႏွစ္ဖက္ၾကား စစ္ေရးတင္းမာမႈမ်ားရွိေနေသးၿပီး စစ္ေရးအေျခ အေန မတည္ၿငိမ္ေသးသည့္တြက္ ေနရပ္ျပန္ရန္အဆင္မေျပေသးဘူးဟု စစ္ေဘးေရွာင္မ်ားက ေျပာသည္။
ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေက်ာက္ေတာ္ေက်းရြာတြင္ ေတာ့ဖယ္ေက်းရြာက စစ္ေဘးေရွာင္ ၆၃ ဦး၊ မန္ေခါက္တြင္ နားေလြးမွ ၁၀၀ နီးပါးခန္႔၊ ပန္နင္းေက်းရြာတြင္ အံုအီြးေက်းရြာမွ ၁၅၂ ဦး၊ ေခကြဲေက်းရြာတြင္ ခြန္ေကာ္မွ ၇၂ ဦး ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္ ေက်ာက္ျဖဴေလးေက်းရြာတြင္ ကိုက္တန္ႏွင့္အာေျပာင္ေက်းရြာမွ စစ္ေဘးေရွာင္ ၇၀၀ ခန္႔ ေရာက္ရွိေနသည္ဟု ေက်ာက္မဲေဒသခံ အိုမ္ဆငါး က ေျပာသည္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ႏုိဝင္ဘာလ ၁၁ ရက္ေန႔မွ စတင္ၿပီး တပ္မေတာ္ႏွင့္ တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA တို႔အၾကား တုိက္ပြဲမ်ား ျပင္းထန္စြာ ျပန္လည္ျဖစ္ပြားခဲ့ၿပီး ယေန႔အခ်ိန္ထိ စစ္ေရးတင္းမာမႈမ်ား ရွိေနေသးသည့္အတြက္ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ေရး အခက္အခဲျဖစ္ေနရသည္ဟု ေဒသခံမ်ားႏွင့္ အကူအညီေပးေရးအသင္းအဖြဲ႕ မ်ားက ေျပာသည္။