မွန်ပြည်သစ်ပါတီတပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ နယ်အတွင်း မွန်ပြည်သစ်ပါတီတပ်ဖွဲ့ နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းက မွန်ပြည်သစ်ပါတီ အခြေစိုက်တပ်စခန်းတည်ရှိသည့် ဘုရားသုံးဆူမြို့ နယ်၊ ဂျပန်ရေတွင်းကျေးရွာတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက ပြောသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်လဝီမွန် က “ဒီလိုပါ ဗမာ(တပ်မတော်) နဲ့ BGF ကရင်နယ်ခြားစောင့် တပ်တွေက ဒီမနက်မှာ သူတို့ ထိုင်းက မြန်မာဘက်ကို နယ်မြေကျော်လာတဲ့အခြေအနေကို သွားကြည့်ချင် တယ်ဆိုပြီး သတင်းပို့လာတယ်၊ ကျနော်တို့က သွားကြည့်လို့ရတယ် ဒါပေမယ့် ဂျပန်ရေတွင်းကျေးရွာ ကို ဖြတ်ပြီးလာမယ်ဆိုရင် ဝတ်စုံ (ယူနီဖောင်း)နဲ့ မလာနဲ့ အရပ်ဝတ်နဲ့လာပါ ဒါပေမယ့် ဝတ်စုံအပြည့်နဲ့ တက်လာ တော့ ကျနော်တို့လူတွေ ပစ်တော့ တိုက်ပွဲဖြစ်တယ် ခနပဲ ပစ်ခတ်ကြတယ် အခုတော့ ငြိမ်နေတယ်” ဟု ပြောသည်။
တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ မွန်ပြည်သစ်ပါတီတပ်တည်နေရာထဲ ဝင်လာရာ မွန်ပြည်သစ်ပါတီဘက်မှ ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက် (၉) နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ခန့်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်လဝီမွန်က ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် တပ်မတော်ဘက်က အရာရှိ ၂ ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း မွန်ပြည်သစ် ပါတီဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိဟုလည်း နိုင်လဝီမွန်က ဆက်ပြောသည်။
လက်ရှိတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားမှုမရှိသော်လည်း တပ်မတော်ဘက်က တပ်ဖွဲ့အင်အားဖြည့်ဆည်းထားပြီး အသင့်အနေအထားရှိနေသလို မွန်ပြည်သစ်ပါတီဘက်ကလည်း အခြေအနေစောင့်ကြည့်နေသည့် အနေ အထားတွင်ရှိနေကြောင်း မွန်ပြည်သစ်ပါတီ က ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် တပ်မတော်အကြားဖြစ်ပွားသည့်ပဋိပက္ခသည် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်မှု ဖြင့် ဖြေရှင်းနိုင်သော်လည်း ယခုကဲ့သို့ နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခြင်းသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီမှုကို ချိုးဖောက်ရာရောက်သည်ဟု မွန်နိုင်ငံရေး စောင့်ကြည့်လေ့လာသူ ဦးမင်းမင်းနွယ် က ပြောသည်။
“ဒါက မဖြစ်သင့်တဲ့ကိစ္စပါ ညှိနှိုင်းပြီး လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ် NCA မှာလည်း နှစ်ဘက်ညှိနှိုင်း ရမယ်ဆိုတာ ပါတယ်၊ နှစ်ဘက်သဘောတူ တပ်တည်ထားတဲ့နေရာမှာ ညှိနှိုင်းဆောင်ရွက်မှုမရပဲနဲ့ ဒီလိုမျိုး ထိတွေ့မှုဖြစ်တာက မကောင်းဘူး ငြိမ်းချမ်းရေးအတွက် မကောင်းသလို ဒေသခံပြည်သူလူထုအတွက်လည်း ထိန့်လန့်စရာဖြစ်စေတယ်၊ ဒါမဖြစ်သင့်တဲ့ကိစ္စပါ။”
ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မွန်ပြည်သစ်ပါတီတပ်နှင့် တပ်မတော်နှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ဒေသခံရာနှင့်ချီ ထိုင်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေ ကြသည်ဟု ဒေသခံများက ပြောသည်။
မွန်ပြည်သစ်ပါတီသည် ပထမဆုံးအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်ခတ်ရပ်စဲရေးသဘော တူညီချက် စာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့သည်။
ဒုတိယအကြိမ် အပစ်ခတ်ရပ်စဲရေးသဘောတူမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင်များနှင့် အစိုးရသစ် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူညီခဲ့ကြသည့်အပြင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကိုလည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလခန့်က လက်မှတ်ရေးထိုးထားခဲ့သည်။
Zawgyi…
မြန္ျပည္သစ္ပါတီတပ္ဖြဲ႔ႏွင့္ တပ္မေတာ္တို႔အၾကား တိုက္ပြဲျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၈ ရက္။
ထုိင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕ နယ္အတြင္း မြန္ျပည္သစ္ပါတီတပ္ဖြဲ႕ ႏွင့္ တပ္မေတာ္၊ နယ္ျခားေစာင့္တပ္ BGF ပူးေပါင္းတပ္ဖြဲ႕တို႔အၾကား တုိက္ပြဲ ႏွစ္ၾကိမ္ ျဖစ္ပြားခဲ့သည္။
ႏိုဝင္ဘာလ ၂၇ ရက္ေန႔ (ယမန္ေန႔) နံနက္ပိုင္းက မြန္ျပည္သစ္ပါတီ အေျခစိုက္တပ္စခန္းတည္ရွိသည့္ ဘုရားသံုးဆူၿမိဳ႕ နယ္၊ ဂ်ပန္ေရတြင္းေက်းရြာတြင္ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့သည္ဟု မြန္ျပည္သစ္ပါတီ တာဝန္ရွိသူမ်ားက ေျပာသည္။
မြန္ျပည္သစ္ပါတီ ဗဟိုေကာ္မတီဝင္ ႏုိင္လဝီမြန္ က “ဒီလိုပါ ဗမာ(တပ္မေတာ္) နဲ႔ BGF ကရင္နယ္ျခားေစာင့္ တပ္ေတြက ဒီမနက္မွာ သူတို႔ ထိုင္းက ျမန္မာဘက္ကို နယ္ေျမေက်ာ္လာတဲ့အေျခအေနကို သြားၾကည့္ခ်င္ တယ္ဆိုၿပီး သတင္းပို႔လာတယ္၊ က်ေနာ္တို႔က သြားၾကည့္လို႔ရတယ္ ဒါေပမယ့္ ဂ်ပန္ေရတြင္းေက်းရြာ ကို ျဖတ္ၿပီးလာမယ္ဆိုရင္ ဝတ္စံု(ယူနီေဖာင္း)နဲ႔ မလာနဲ႔ အရပ္ဝတ္နဲ႔လာပါ ဒါေပမယ့္ ဝတ္စံုအျပည့္နဲ႔ တက္လာ ေတာ့ က်ေနာ္တို႔လူေတြ ပစ္ေတာ့ တိုက္ပြဲျဖစ္တယ္ ခနပဲ ပစ္ခတ္ၾကတယ္ အခုေတာ့ ၿငိမ္ေနတယ္” ဟု ေျပာသည္။
တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔ မြန္ျပည္သစ္ပါတီတပ္တည္ေနရာထဲ ဝင္လာရာ မြန္ျပည္သစ္ပါတီဘက္မွ ပစ္ခတ္ရာမွ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊ နံနက္ (၉) နာရီခန္႔တြင္ တစ္ႀကိမ္၊ နံနက္ ၁၀ နာရီ ခန္႔တြင္ တစ္ႀကိမ္ ျဖစ္ပြားခဲ့သည္ဟု မြန္ျပည္သစ္ပါတီ ဗဟိုေကာ္မတီဝင္ ႏိုင္လဝီမြန္က ေျပာသည္။
အဆိုပါ ပစ္ခတ္မႈေၾကာင့္ တပ္မေတာ္ဘက္က အရာရွိ ၂ ဦး ထိခိုက္ဒဏ္ရာရရွိမႈရွိေၾကာင္း မြန္ျပည္သစ္ ပါတီဘက္က ထိခိုက္ဒဏ္ရာရရွိမႈ မရွိဟုလည္း ႏိုင္လဝီမြန္က ဆက္ေျပာသည္။
လက္ရွိတြင္ တိုက္ပြဲ ဆက္လက္ျဖစ္ပြားမႈမရွိေသာ္လည္း တပ္မေတာ္ဘက္က တပ္ဖြဲ႔အင္အားျဖည့္ဆည္းထားၿပီး အသင့္အေနအထားရွိေနသလို မြန္ျပည္သစ္ပါတီဘက္ကလည္း အေျခအေနေစာင့္ၾကည့္ေနသည့္ အေန အထားတြင္ရွိေနေၾကာင္း မြန္ျပည္သစ္ပါတီ က ေျပာသည္။
မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္အၾကားျဖစ္ပြားသည့္ပဋိပကၡသည္ ႏွစ္ဘက္ၫွိႏႈိင္း ေဆာင္ရြက္မႈ ျဖင့္ ေျဖရွင္းႏိုင္ေသာ္လည္း ယခုကဲ့သို႔ ႏွစ္ဖက္ၾကား တုိက္ပြဲျဖစ္ပြားျခင္းသည္ တႏုိင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ပါ သေဘာတူညီမႈကို ခ်ဳိးေဖာက္ရာေရာက္သည္ဟု မြန္ႏိုင္ငံေရး ေစာင့္ၾကည့္ေလ့လာသူ ဦးမင္းမင္းႏြယ္ က ေျပာသည္။
“ဒါက မျဖစ္သင့္တဲ့ကိစၥပါ ၫွိႏႈိင္းၿပီး လုပ္ေဆာင္ရမယ့္ကိစၥျဖစ္တယ္ NCA မွာလည္း ႏွစ္ဘက္ၫွိႏႈိင္း ရမယ္ဆိုတာ ပါတယ္၊ ႏွစ္ဘက္သေဘာတူ တပ္တည္ထားတဲ့ေနရာမွာ ၫွိႏႈိင္းေဆာင္ရြက္မႈမရပဲနဲ႔ ဒီလိုမ်ဳိး ထိေတြ႔မႈျဖစ္တာက မေကာင္းဘူး ၿငိမ္းခ်မ္းေရးအတြက္ မေကာင္းသလို ေဒသခံျပည္သူလူထုအတြက္လည္း ထိန္႔လန္႔စရာျဖစ္ေစတယ္၊ ဒါမျဖစ္သင့္တဲ့ကိစၥပါ။”
ယေန႔နံနက္ပိုင္းတြင္ ျဖစ္ပြားခဲ့သည့္ မြန္ျပည္သစ္ပါတီတပ္ႏွင့္ တပ္မေတာ္ႏွင့္ နယ္ျခားေစာင့္တပ္ BGF ပူးေပါင္းတပ္ဖြဲ႔တို႔ တိုက္ပြဲေၾကာင့္ ေဒသခံရာႏွင့္ခ်ီ ထိုင္ဘက္ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ေန ၾကသည္ဟု ေဒသခံမ်ားက ေျပာသည္။
မြန္ျပည္သစ္ပါတီသည္ ပထမဆံုးအႀကိမ္အျဖစ္ ၁၉၉၅ ခုႏွစ္တြင္ စစ္အစိုးရႏွင့္ ေတြ႔ဆုံေဆြးေႏြးခဲ့ကာ အပစ္ခတ္ရပ္စဲေရးသေဘာ တူညီခ်က္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ေသာ္လည္း ၂၀၁၀ ခုႏွစ္ ဧၿပီလခန္႔တြင္ အပစ္ခတ္ရပ္စဲေရး ပ်က္ျပယ္သြားခဲ့သည္။
ဒုတိယအႀကိမ္ အပစ္ခတ္ရပ္စဲေရးသေဘာတူမႈကို ၂၀၁၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ မြန္ျပည္သစ္ပါတီ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္ေခါင္းေဆာင္မ်ားႏွင့္ အစိုးရသစ္ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖြဲ႔တို႔ႏွင့္ ေတြ႔ဆံုခဲ့ၿပီး အပစ္ခတ္ရပ္စဲေရးအတြက္ သေဘာတူညီခဲ့ၾကသည့္အျပင္ တႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကိုလည္း ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလခန္႔က လက္မွတ္ေရးထိုးထားခဲ့သည္။