သီပေါတွင် မြေမြုပ်မိုင်းကြောင့် နိုင်ငံခြားသား တစ်ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင်မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် နိုင်ငံခြားသားတစ်ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု နည်းစည်းမခြား ပရဟိတအဖွဲ့က ပြောသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ ယမန်နေ့က ပန်ညောင်ကျေးရွာနှင့် ကွန်ဟောက်ကျေးရွာကြားတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဂျာမနီနိုင်ငံသား တစ်ဦးသေဆုံးပြီး အာဂျင်တီးနား နိုင်ငံသား အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သီပေါအခြေစိုက် နယ်စည်းမခြားအဖွဲ့က ကိုမျိုးက ပြောသည်။
“နိုင်ငံခြားသားတစ်ဦး မိုင်းထိပြီး သေဆုံးတာပေါ့နော်၊ အဲတာကို ကျနော်တို့ သွားသယ်ပေးဖို့အတွက် အကူညီ တောင်းလာတယ်၊ ကူညီတောင်း တဲ့ချိန်မှာ လမ်းပြတဲ့ စကားပြန်တစ်ယောက်ကပေါ့နော် သူက လာခေါ်တယ်၊ လာခေါ်ပြီးတော့ ကျနော်တို့အ ဖွဲ့တွေနဲ့ ကားနှစ်စီးသွားတာပေါ့နော်၊ သွားသယ်လိုက်တဲ့အချိန်က အမျိုးသမီး တစ်ယောက်က ဘာအန္တာရယ်မှ မရှိဘူး၊ သူက လမ်းလျှောက်သွား တယ်လို့ပြောတယ်၊ ရှေ့က ထိမိတဲ့တစ် ယောက်က ဆိုင်ကယ်နဲ့သွားတာပေါ့နော်။”
သေဆုံးသူ ဂျာမနီနိုင်ငံသားနှင့် ဒဏ်ရာ ရရှိသူ အာဂျင်တီးနား နိုင်ငံသူကို သီပေါဆေးရုံသို့ ပို့ဆောင်ခဲ့ သည်ဟု ကိုမျိုးက ဆက်ပြောသည်။
“သူတို့နှစ်ယောက်ကို သီပေါ ဆေးရုံမှာ သယ်လာပြီးတော့ ပို့ပေးလိုက်တာပေါ့။ အခုသီပေါဆေးရုံမှာပဲ အလောင်းကတော့” ဟု ကိုမျိုး က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလအတွင်းကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲတွင် ဂျာမနီ နိုင်ငံမှ ခရီးသွား နှစ်ဦးနဲ့ ၎င်းတို့၏ ခရီးသွားလမ်းညွှန်တို့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ကြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင် တပ်မတော်အပြင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များ၊ RCSS/SSA နှင့် ပြည်သူစစ်အဖွဲ့အစည်းများ လှုပ်ရှားနေသည့် ဒေသဖြစ်သည်။
လက်နက်ကိုင် ပဋိပက္ခအတွင်း ဒေသခံများ သွားလာလှုပ်ရှားသည့် နေရာများနှင့် လုပ်ကိုင်စားသောက် သည့် နေရာများတွင် မြေမြုပ်မိုင်းပေါက်ကွဲခြင်းကြောင့် ဒေသခံများမှာ အသက်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်း များကို မကြာခဏဆိုသလို ကြုံတွေ့နေရသည်။
Zawgyi…
သီေပါတြင္ ေျမျမဳပ္မိုင္းေၾကာင့္ ႏိုင္ငံျခားသား တစ္ဦးေသဆံုး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၇ ရက္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ ့နယ္တြင္ေျမျမဳပ္မိုင္း ေပါက္ကြဲမႈေၾကာင့္ ႏိုင္ငံျခားသားတစ္ဦး ေသဆံုးၿပီး၊ တစ္ဦးဒဏ္ရာ ရရွိခဲ့သည္ဟု နည္းစည္းမျခား ပရဟိတအဖြဲ႔က ေျပာသည္။
ႏို၀င္ဘာလ ၂၆ ရက္ေန႔ ယမန္ေန႔က ပန္ေညာင္ေက်းရြာႏွင့္ ကြန္ေဟာက္ေက်းရြာၾကားတြင္ ေျမျမဳပ္မိုင္း ေပါက္ကြဲမႈေၾကာင့္ ဂ်ာမနီႏိုင္ငံသား တစ္ဦးေသဆံုးၿပီး အာဂ်င္တီးနား ႏိုင္ငံသား အမ်ိဳးသမီးတစ္ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့သည္ဟု သီေပါအေျခစိုက္ နယ္စည္းမျခားအဖြဲ႔က ကိုမ်ိဳးက ေျပာသည္။
“ႏိုင္ငံျခားသားတစ္ဦး မိုင္းထိၿပီး ေသဆံုးတာေပါ့ေနာ္၊ အဲတာကို က်ေနာ္တို ့ သြားသယ္ေပးဖို ့အတြက္ အကူညီ ေတာင္းလာတယ္၊ ကူညီေတာင္း တဲ့ခ်ိန္မွာ လမ္းျပတဲ ့ စကားျပန္တစ္ေယာက္ကေပါ့ေနာ္ သူက လာေခၚတယ္၊ လာေခၚၿပီးေတာ့ က်ေနာ္တို ့အ ဖြဲ႔ေတြနဲ ့ ကားႏွစ္စီးသြားတာေပါ့ေနာ္၊ သြားသယ္လိုက္တဲ ့အခ်ိန္က အမ်ိဳးသမီး တစ္ေယာက္က ဘာအႏာၱရယ္မွ မရွိဘူး၊ သူက လမ္းေလွ်ာက္သြား တယ္လို ့ေျပာတယ္၊ ေရွ ့က ထိမိတဲ့တစ္ ေယာက္က ဆိုင္ကယ္နဲ ့သြားတာေပါ့ေနာ္။”
ေသဆံုးသူ ဂ်ာမနီႏိုင္ငံသားႏွင့္ ဒဏ္ရာ ရရွိသူ အာဂ်င္တီးနား ႏိုင္ငံသူကို သီေပါေဆးရံုသို႔ ပို႔ေဆာင္ခဲ့ သည္ဟု ကိုမ်ိဳးက ဆက္ေျပာသည္။
“သူတို ့ႏွစ္ေယာက္ကို သီေပါ ေဆးရံုမွာ သယ္လာၿပီးေတာ့ ပို ့ေပးလိုက္တာေပါ့။ အခုသီေပါေဆးရံုမွာပဲ အေလာင္းကေတာ့” ဟု ကိုမ်ိဳး က ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္ ဧၿပီလအတြင္းကလည္း ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ထဲတြင္ ဂ်ာမနီ ႏိုင္ငံမွ ခရီးသြား ႏွစ္ဦးနဲ႔ ၎တို႔၏ ခရီးသြားလမ္းညႊန္တို႔ ေျမျမႇဳပ္မိုင္း ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရခဲ႔ၾကသည္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္တြင္ တပ္မေတာ္အျပင္ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႔၀င္မ်ား၊ RCSS/SSA ႏွင့္ ျပည္သူစစ္အဖြဲ႔အစည္းမ်ား လႈပ္ရွားေနသည့္ ေဒသျဖစ္သည္။
လက္နက္ကိုင္ ပဋိပကၡအတြင္း ေဒသခံမ်ား သြားလာလႈပ္ရွားသည့္ ေနရာမ်ားႏွင့္ လုပ္ကိုင္စားေသာက္ သည့္ ေနရာမ်ားတြင္ ေျမျမဳပ္မိုင္းေပါက္ကြဲျခင္းေၾကာင့္ ေဒသခံမ်ားမွာ အသက္ေသဆံုးျခင္း၊ ထိခိုက္ဒဏ္ရာ ရရွိျခင္း မ်ားကို မၾကာခဏဆိုသလို ႀကံဳေတြ႕ေနရသည္။