Unicode

တိုင်းရင်းသားဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၅ – ၁၁ – ၂၀၁၉။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ခရီးစဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်ကျေလည်မှုရရှိသွားပြီဖြစ်လို့ JICM အစည်းအဝေး အမြန်ဆုံး ကျင်းပနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုပါတယ်။

ပြည်ပအကူအညီတောင်းခံမှုအတွက် NRPC ဆီက ခွင့်ပြုချက် ရယူရေးကိစ္စတွေကြောင့် KNU ရဲ့ ဌာနဆိုင်ရာလုပ်ဆောင်ချက်တချို့ အဟန့်အတားဖြစ်စေတယ်လို့ KNU ဌာနဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်-ရွာသစ်ဓမင်းဆိပ်မှာဆောက်လုပ်မဲ့ ကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေးစခန်း EIA ဆွေးနွေးပွဲပြုလုပ်မယ့်နေ့မှာ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Zawgyi



