ဂျပန်ရေတွင်း တိုက်ပွဲ အရပ်သား ၄၀၀ ခန့် ထိုင်းဘက်ထွက်ပြေး၊ နေရပ်မပြန်နိုင်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတည်ရှိရာ ဂျပန်ရေ တွင်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ရာနှင့်ချီ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင် နေကြရပြီး ယခုတိုင် နေရပ်မပြန်နိုင်သေးပဲရှိသည်။
တိုက်ပွဲကြောင့် ဂျပန်ရေတွင်းကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကြံတော၊ တပ်ရင်း (၃) ရွာများမှ ဒေသခံ ၄၀၀ ထက်မနည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဒေသခံတွေကတော့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာကြတယ်၊ ထိုင်းဘက်မှာရှိတဲ့ မီးသွေးဖိုဘုန်းကြီးကျောင်း နမ်ကုတ်ဘုန်းကြီးကျောင်း နောက် ထိုင်းဘက်က နေရာချပေးထားတဲ့ စစ်ရှောင်နေရာတွေမှာ နေနေကြတယ်၊ တချို့ကလည်း ဝင်းကရွာဘက်ကို ရောက်သွားတာတွေလည်းရှိတယ် နောက် နီးစပ်ရာဆွေမျိုး အသိအိမ်တွေမှာ ခိုလှုံနေကြတာလဲရှိတယ်” ဟု ဒေသခံ ဦးဗညားက ပြောသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဂျပန် ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီ အခြေစိုက်တပ်စခန်းတွင် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြပြီး ဂျပန်ရေတွင်းကျေးရွာက မွန်ပြည်သစ်ပါတီတပ်စခန်းနေရာကိုလည်း တပ်မတော်နှင့် BGF ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ထားသည်ဟု ဒေသခံများက ပြောသည်။
တပ်မတော်နှင့် BGF တပ်သားများမှာ ကျေးရွာအတွင်းတွင် ဝင်ရောက်တပ်စွဲ ထား ခြင်းကြောင့် တိုက်ပွဲ ထပ်မံဖြစ် ပွားလာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများမှာ နေရပ်ရင်းသို့ မပြန်ရဲသေးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထိုင်းဘက်ခြမ်းသို့ ရောက်ရှိနေသည့် ဒေသခံများကို ထိုင်းအာဏာပိုင် ထိုင်းစစ်တပ် ထိုင်းရဲတာဝန်ရှိသူများက အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီပေးနေသည်ဟုလည်း ဦးဗညား က ပြော သည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့ကြသည့် ယမန်နေ့ (နိုဝင်ဘာ ၂၇) နံနက်ပိုင်းကတည်းက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံး ဆူ ဘက်ခြမ်းတွင် တပ်မတော်နှင့် BGF တို့က အဝင်အထွက် ပိတ်ထားသလို ထိုင်းဘက်ခြမ်း ကိုလည်း ထိုင်းအာဏာပိုင်တို့က အဝင်အထွက် အသွားအလာ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
“တိုက်ပွဲဖြစ်ပြီးကတည်းက ဂိတ်တွေ ပိတ်ထားလိုက်တယ် ဘုရားသုံးဆူဘက်ခြမ်းမှာက BGF နဲ့ တပ်ဘက်က ပိတ်ထားတယ်၊ ထိုင်းဘက်ခြမ်းမှာလည်း ထိုင်းတွေ ပိတ်ထားတယ် ကျောင်းကားတွေကအစ ပေးမသွားဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ်ကို စစ်ဆေးရန်အတွက်ဆိုပြီး တပ်မတော်နှင့် BGF စစ်ကြောင်းတို့ သည် မွန်ပြည်သစ်ပါတီအခြေစိုက်စခန်းကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ် ပွားခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက ပြောသည်။
အဆိုပါ တိုက်ပွဲကြောင့် တပ်မတော်ဘက်မှ အရာရှိ တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တပ်သားတစ်ဦး ကျဆုံးသွားကြောင်း အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဟု ဆိုသည်။
ဒဏ်ရာရရှိခဲ့သည့် အရပ်သားမှာ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ ဆေးရုံတွင် ဆေးကုသခံယူနေသည်ဟု သိရသည်။
မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။
Zawgyi…
ဂ်ပန္ေရတြင္း တိုက္ပြဲ အရပ္သား ၄၀၀ ခန္႔ ထိုင္းဘက္ထြက္ေျပး၊ ေနရပ္မျပန္ႏိုင္ေသး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၈ ရက္။
ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူျမိဳ႔နယ္ရွိ မြန္ျပည္သစ္ပါတီအေျခစိုက္တပ္စခန္းတည္ရွိရာ ဂ်ပန္ေရ တြင္း ေက်းရြာတြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲေၾကာင့္ ေဒသခံ ရာႏွင့္ခ်ီ ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ထြက္ေျပးတိမ္း ေရွာင္ ေနၾကရၿပီး ယခုုတိုုင္ ေနရပ္မျပန္ႏိုုင္ေသးပဲရွိသည္။
တိုက္ပြဲေၾကာင့္ ဂ်ပန္ေရတြင္းေက်းရြာအပါအ၀င္ အနီး၀န္းက်င္ရွိ ၾကံေတာ၊ တပ္ရင္း (၃) ရြာမ်ားမွ ေဒသခံ ၄၀၀ ထက္မနည္း ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ စစ္ေဘးေရွာင္ေနရသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။
“ေဒသခံေတြကေတာ့ ထိုင္းဘက္ျခမ္းကို ထြက္ေျပးလာၾကတယ္၊ ထိုင္းဘက္မွာရွိတဲ့ မီးေသြးဖိုဘုန္းႀကီးေက်ာင္း နမ္ကုတ္ဘုန္းႀကီးေက်ာင္း ေနာက္ ထိုင္းဘက္က ေနရာခ်ေပးထားတဲ့ စစ္ေရွာင္ေနရာေတြမွာ ေနေနၾကတယ္၊ တခ်ဳိ႔ကလည္း ဝင္းကရြာဘက္ကို ေရာက္သြားတာေတြလည္းရွိတယ္ ေနာက္ နီးစပ္ရာေဆြမ်ဳိး အသိအိမ္ေတြမွာ ခိုလႈံေနၾကတာလဲရွိတယ္” ဟု ေဒသခံ ဦးဗညားက ေျပာသည္။
ႏိုဝင္ဘာလ ၂၇ ရက္ေန႔ နံနက္ပိုင္းတြင္ ဂ်ပန္ ေရတြင္းေက်းရြာရွိ မြန္ျပည္သစ္ပါတီ အေျခစိုက္တပ္စခန္းတြင္ မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့ၾကၿပီး ဂ်ပန္ေရတြင္းေက်းရြာက မြန္ျပည္သစ္ပါတီတပ္စခန္းေနရာကိုလည္း တပ္မေတာ္ႏွင့္ BGF ပူးေပါင္းအဖြဲ႔တို႔က သိမ္းပိုက္ထားသည္ဟု ေဒသခံမ်ားက ေျပာသည္။
တပ္မေတာ္ႏွင့္ BGF တပ္သားမ်ားမွာ ေက်းရြာအတြင္းတြင္ ဝင္ေရာက္တပ္စြဲ ထား ျခင္းေၾကာင့္ တိုက္ပြဲ ထပ္မံျဖစ္ ပြားလာမည္ကို စိုးရိမ္သည့္အတြက္ ေဒသခံမ်ားမွာ ေနရပ္ရင္းသို႔ မျပန္ရဲေသးျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ထိုင္းဘက္ျခမ္းသို႔ ေရာက္ရွိေနသည့္ ေဒသခံမ်ားကို ထိုင္းအာဏာပိုင္ ထိုင္းစစ္တပ္ ထိုင္းရဲတာဝန္ရွိသူမ်ားက အစားအေသာက္ႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ကူညီေပးေနသည္ဟုလည္း ဦးဗညား က ေျပာ သည္။
ထို႔အျပင္ တိုက္ပြဲျဖစ္ပြားခဲ့ၾကသည့္ ယမန္ေန႔ (ႏိုဝင္ဘာ ၂၇) နံနက္ပိုင္းကတည္းက ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုး ဆူ ဘက္ျခမ္းတြင္ တပ္မေတာ္ႏွင့္ BGF တို႔က အဝင္အထြက္ ပိတ္ထားသလို ထိုင္းဘက္ျခမ္း ကိုလည္း ထိုင္းအာဏာပိုင္တို႔က အဝင္အထြက္ အသြားအလာ ပိတ္ထားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“တိုက္ပြဲျဖစ္ျပီးကတည္းက ဂိတ္ေတြ ပိတ္ထားလိုက္တယ္ ဘုရားသံုးဆူဘက္ျခမ္းမွာက BGF နဲ႔ တပ္ဘက္က ပိတ္ထားတယ္၊ ထိုင္းဘက္ျခမ္းမွာလည္း ထိုင္းေတြ ပိတ္ထားတယ္ ေက်ာင္းကားေတြကအစ ေပးမသြားဘူး” ဟု ဘုရားသံုးဆူျမိဳ႔ခံတစ္ဦးက ေျပာသည္။
ထိုင္း-ျမန္မာနယ္စပ္ နယ္နိမိတ္ကို စစ္ေဆးရန္အတြက္ဆိုျပီး တပ္မေတာ္ႏွင့္ BGF စစ္ေၾကာင္းတို႔ သည္ မြန္ျပည္သစ္ပါတီအေျခစိုက္စခန္းကို ခြင့္ျပဳခ်က္မရွိပဲ ဝင္ေရာက္လာသည့္အတြက္ တိုက္ပြဲျဖစ္ ပြားခဲ့ၾကသည္ဟု မြန္ျပည္သစ္ပါတီ တာဝန္ရွိသူမ်ားက ေျပာသည္။
အဆိုပါ တိုက္ပြဲေၾကာင့္ တပ္မေတာ္ဘက္မွ အရာရွိ တစ္ဦးထိခိုက္ဒဏ္ရာရရွိကာ တပ္သားတစ္ဦး က်ဆံုးသြားေၾကာင္း အရပ္သားတစ္ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ဟု ဆိုသည္။
ဒဏ္ရာရရွိခဲ့သည့္ အရပ္သားမွာ ထိုင္းႏိုင္ငံ ဘက္ျခမ္းရွိ ေဆး႐ုံတြင္ ေဆးကုသခံယူေနသည္ဟု သိရသည္။
မြန္ျပည္သစ္ပါတီသည္ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလက တစ္ႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္သည္။