မွန်ပြည်သစ်နှင့် တပ်မတော် ဆွေးနွေး၊ သဘောတူညီချက် မရသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။

ဘုရားသုံးဆူအနီး တပ်မတော်မှ မွန်ပြည်သစ်ပါတီ NMSP စခန်းတစ်ခုကို ဝင်ရောက်နေရာ ယူထားမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် ဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ သဘောတူညီမှု ရရှိခဲ့ခြင်း မရှိကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီ တပ်စခန်းတစ်ခုကို တပ်မတော်မှ ဝင်ရောက်နေရာယူ ထိန်းချုပ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂ ရက်နေ့က နှစ်ဖက် တာဝန်ရှိသူများက တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“ဂျပန်ရေတွင်းတပ်စခန်းဆိုတာက ၂၀၁၂ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်မှာလည်းပါတယ် ၂၀၁၈ မှာ ကျွန်တော်တို့ ပါဝင်ချုပ်ဆိုခဲ့တဲ့ NCA စာချုပ်ထဲမှာလဲပဲ ထပ်မံပြီးတော့ အတည်ပြုထားတယ် ကျွန်တော်တို့ အခြေပြုဖို့ တပ်တည်နေရာ အဲဒီနေရာမှာ တပ်က နေရာဝင်ယူထားတာကို ပြန်ပြီးတော့ ဆုတ်ပေးဖို့ ကျွန်တော်တို့က တင်ပြ ဆွေးနွေးကြတယ်”

တွေ့ဆုံဆွေးနွေးမှုကို မွန်ပြည်သစ်ပါတီဘက်မှ ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ပြည်တွင်းရေး ရာဌာန တာဝန်ခံ နိုင်ဝင်းလှ ဦးဆောင်အဖွဲ့နှင့် တပ်မတော်ဘက်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်ဦးဆောင်အဖွဲ့တို့ ပါဝင်သည်။

ယခုတွေ့ဆုံဆွေးနွေးမှုသည် တစ်ဘက်နှင့်တစ်ဘက် တင်ပြဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက် တစ် စုံတစ်ရာမရရှိကြောင်းလည်း နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းခန့်က ဂျပန်ရေတွင်း ကျေးရွာရှိ မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် အဆိုပါ မွန်ပြည်သစ်ပါတီ တပ်စခန်းနေရာကို တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်နေရာယူထားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ်ကို စစ်ဆေးရန်အတွက်ဆိုပြီး တပ်မတော်နှင့် BGF စစ်ကြောင်းတို့သည် မွန် ပြည်သစ်ပါတီ ဂျပန်ရေတွင်းအခြေစိုက်စခန်းကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လာသည့် အတွက် တိုက်ပွဲဖြစ်ပွား ခဲ့ကြခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတို့က ပြောသည်။

တိုက်ပွဲကြောင့် တပ်မတော်ဘက်မှ အရာရှိ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်သားတစ်ဦး ကျဆုံး သွားခဲ့ရ သည်။ ထို့အပြင် အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခံသည်ဟု သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ညကလည်း ဘုရားသုံးဆုံဒေသဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများ ထပ်မံကြားရ ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်သံနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က ၎င်းတို့နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း တပ်မတော်နှင့် BGF တို့အကြား အချင်းချင်းပစ်ခတ်မှုဖြစ်ပွားနိုင်ကြောင်း သို့မဟုတ် တပ်မတော်နှင့် BGF တို့ တိုက်ပွဲအတုဖန်တီးနိုင်ကြောင်း မွန်ပြည်သစ်ပါတီဘက်က ပြောသည်။

“ညက သေနတ်သံတွေ ထပ်ကြားရတယ် ဘယ်သူနဲ့ ဘယ်သူဖြစ်ကြတာလဲတော့ မသိဘူး ဒေသခံတွေကတော့ ပိုပြီးတော့ စိုးရိမ်နေကြတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ကြတဲ့ ပစ်ခတ်မှုကြောင့်လည်း ဒေသခံတွေ အများကြီးပဲ ထိုင်းဘက်ကို ထွက်ပြေးကြရတယ် ခုထိ မပြန်ရဲကြသေးဘူး” ဟု ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်နှင့် မွန်ပြည်သစ်ပါတီ တပ်စခန်းတည်နေရာ ကျေးရွာအတွင်း တပ်မတော်နှင့် BGF တပ်သားတို့ ဝင်ရောက်တပ်စွဲထားသည့် အတွက် ဂျပန်ရေတွင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကြံတောရွာ၊ တပ်ရင်း (၃) ရွာတို့မှ ဒေသခံ ၈၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်မွန်ဒေသခံများကို ထိုင်းစစ်တပ် ထိုင်းအာဏာပိုင်တို့က အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီထောက်ပံ့ပေးထားသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး ယခင်က တပ်မတော်နှင့် တင်းမာမှုအနေအထားရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားကြသည်ထိ မရှိခဲ့ပေ။

Zawgyi…

မြန္ျပည္သစ္ႏွင့္ တပ္မေတာ္ ေဆြးေႏြး၊ သေဘာတူညီခ်က္ မရေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၃ ရက္။

ဘုရားသံုးဆူအနီး တပ္မေတာ္မွ မြန္ျပည္သစ္ပါတီ NMSP စခန္းတစ္ခုကို ၀င္ေရာက္ေနရာ ယူထားမႈႏွင့္ ပတ္သက္၍ တပ္မေတာ္ႏွင့္ ေဆြးေႏြးခဲ့ေသာ္လည္း တစ္စံုတစ္ရာ သေဘာတူညီမႈ ရရွိခဲ့ျခင္း မရွိေၾကာင္း မြန္ျပည္သစ္ပါတီက ေျပာသည္။

ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူျမိဳ႔နယ္ ဂ်ပန္ေရတြင္းေက်းရြာရွိ မြန္ျပည္သစ္ပါတီ တပ္စခန္းတစ္ခုကို တပ္မေတာ္မွ ၀င္ေရာက္ေနရာယူ ထိန္းခ်ဳပ္ထားသည့္ ကိစၥႏွင့္ ပတ္သက္၍ ဒီဇင္ဘာ ၂ ရက္ေန႔က ႏွစ္ဖက္ တာ၀န္ရွိသူမ်ားက ေတြ႔ဆံု ေဆြးေႏြး ခဲ့ၾကသည္ဟုု မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာဌာန တာဝန္ခံ ႏိုင္ဝင္းလွက ေျပာသည္။

“ဂ်ပန္ေရတြင္းတပ္စခန္းဆိုတာက ၂၀၁၂ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္မွာလည္းပါတယ္ ၂၀၁၈ မွာ ကြ်န္ေတာ္တို႔ ပါဝင္ခ်ဳပ္ဆိုခဲ့တဲ့ NCA စာခ်ဳပ္ထဲမွာလဲပဲ ထပ္မံျပီးေတာ့ အတည္ျပဳထားတယ္ ကြ်န္ေတာ္တို႔ အေျချပဳဖို႔ တပ္တည္ေနရာ အဲဒီေနရာမွာ တပ္က ေနရာဝင္ယူထားတာကို ျပန္ျပီးေတာ့ ဆုတ္ေပးဖို႔ ကြ်န္ေတာ္တို႔က တင္ျပ ေဆြးေႏြးၾကတယ္”

ေတြ႔ဆံုေဆြးေႏြးမႈကို မြန္ျပည္သစ္ပါတီဘက္မွ ပါတီ အေထြေထြအတြင္းေရးမွဴး ႏိုင္ေအာင္မင္း၊ ျပည္တြင္းေရး ရာဌာန တာဝန္ခံ ႏိုင္ဝင္းလွ ဦးေဆာင္အဖြဲ႔ႏွင့္ တပ္မေတာ္ဘက္မွ အေရွ႔ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ေမာင္ေမာင္လတ္ဦးေဆာင္အဖြဲ႔တို႔ ပါဝင္သည္။

ယခုေတြ႔ဆံုေဆြးေႏြးမႈသည္ တစ္ဘက္ႏွင့္တစ္ဘက္ တင္ျပေဆြးေႏြးခဲ့ၾကေသာ္လည္း သေဘာတူညီခ်က္ တစ္ စံုတစ္ရာမရရွိေၾကာင္းလည္း ႏိုင္ဝင္းလွက ေျပာသည္။

မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔ ႏိုဝင္ဘာ ၂၇ ရက္ေန႔ နံနက္ပိုင္းခန္႔က ဂ်ပန္ေရတြင္း ေက်းရြာရွိ မြန္ျပည္သစ္ပါတီအေျခစိုက္တပ္စခန္းတြင္ တိုက္ပြဲျဖစ္ပြားခဲ့ၾကျပီးေနာက္ အဆိုပါ မြန္ျပည္သစ္ပါတီ တပ္စခန္းေနရာကို တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔က ဝင္ေရာက္ေနရာယူထားခဲ့ျခင္းျဖစ္သည္။

ႏို၀င္ဘာလ ၂၇ ရက္ေန႔က ထိုင္း-ျမန္မာနယ္စပ္ နယ္နိမိတ္ကို စစ္ေဆးရန္အတြက္ဆိုျပီး တပ္မေတာ္ႏွင့္ BGF စစ္ေၾကာင္းတို႔သည္ မြန္ ျပည္သစ္ပါတီ ဂ်ပန္ေရတြင္းအေျခစိုက္စခန္းကို ခြင့္ျပဳခ်က္မရွိပဲ ဝင္ေရာက္လာသည့္ အတြက္ တိုက္ပြဲျဖစ္ပြား ခဲ့ၾကျခင္းျဖစ္သည္ဟု မြန္ျပည္သစ္ပါတီ တာဝန္ရွိသူတို႔က ေျပာသည္။

တိုက္ပြဲေၾကာင့္ တပ္မေတာ္ဘက္မွ အရာရွိ တစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး တပ္သားတစ္ဦး က်ဆံုး သြားခဲ့ရ သည္။ ထို႔အျပင္ အရပ္သားတစ္ဦးလည္း ထိခိုက္ဒဏ္ရာရရွိခံသည္ဟု သိရသည္။

ဒီဇင္ဘာလ ၁ ရက္ေန႔ ညကလည္း ဘုရားသံုးဆံုေဒသဝန္းက်င္တြင္ ေသနတ္ပစ္ခတ္သံမ်ား ထပ္မံၾကားရ ေၾကာင္း ေဒသခံတို႔ထံမွ သိရသည္။

အဆိုပါ ေသနတ္ပစ္ခတ္သံႏွင့္ ပတ္သက္ျပီး မြန္ျပည္သစ္ပါတီဘက္က ၄င္းတို႔ႏွင့္ တိုက္ပြဲျဖစ္ပြားမႈမရွိေၾကာင္း တပ္မေတာ္ႏွင့္ BGF တို႔အၾကား အခ်င္းခ်င္းပစ္ခတ္မႈျဖစ္ပြားႏိုင္ေၾကာင္း သို႔မဟုတ္ တပ္မေတာ္ႏွင့္ BGF တို႔ တိုက္ပြဲအတုဖန္တီးႏိုင္ေၾကာင္း မြန္ျပည္သစ္ပါတီဘက္က ေျပာသည္။

“ညက ေသနတ္သံေတြ ထပ္ၾကားရတယ္ ဘယ္သူနဲ႔ ဘယ္သူျဖစ္ၾကတာလဲေတာ့ မသိဘူး ေဒသခံေတြကေတာ့ ပိုျပီးေတာ့ စိုးရိမ္ေနၾကတယ္၊ ျပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္ၾကတဲ့ ပစ္ခတ္မႈေၾကာင့္လည္း ေဒသခံေတြ အမ်ားႀကီးပဲ ထိုင္းဘက္ကို ထြက္ေျပးၾကရတယ္ ခုထိ မျပန္ရဲၾကေသးဘူး” ဟု ဘုရားသံုးဆူ ေဒသခံတစ္ဦးက ေျပာသည္။

မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲေၾကာင့္ႏွင့္ မြန္ျပည္သစ္ပါတီ တပ္စခန္းတည္ေနရာ ေက်းရြာအတြင္း တပ္မေတာ္ႏွင့္ BGF တပ္သားတို႔ ဝင္ေရာက္တပ္စြဲထားသည့္ အတြက္ ဂ်ပန္ေရတြင္းေက်းရြာအပါအဝင္ အနီးပတ္ဝန္းက်င္ရွိ ၾကံေတာရြာ၊ တပ္ရင္း (၃) ရြာတို႔မွ ေဒသခံ ၈၀၀ ေက်ာ္ ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကသည့္ စစ္ေဘးေရွာင္မြန္ေဒသခံမ်ားကို ထိုင္းစစ္တပ္ ထိုင္းအာဏာပိုင္တို႔က အစားအေသာက္ႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ကူညီေထာက္ပံ့ေပးထားသည္။

မြန္ျပည္သစ္ပါတီသည္ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလက တစ္ႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္ျပီး ယခင္က တပ္မေတာ္ႏွင့္ တင္းမာမႈအေနအထားရွိခဲ့ေသာ္လည္း တိုက္ပြဲျဖစ္ပြားၾကသည္ထိ မရွိခဲ့ေပ။