ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၄၈)။ နိုဝင်ဘာလ ၁၀ ရက်
နယ်မြေတည်ငြိမ်ချမ်းမှုမရှိတဲ့ ကချင်ပြည်နယ်မှာ နယ်မြေကန့်သတ်ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲ ကျင်းပခွင့်မရမှာကို စိုးရိမ်တဲ့အပြင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့အတွက် တခြား စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်လို့ ဆိုကြပါတယ်။
ဒီအနေအထားတွေကို ရင်ဆိုင်နေရပေမယ့်လည်း ကချင်နိုင်ငံရေးပါတီတွေအနေနဲ့ ဒေသခံတိုင်းရင်းသားတွေအပါအဝင် နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်များ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးအပြင် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် တခြားနိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့သာ သံဓိဌာန်ချထားတယ်လို့ ပြောကြပါတယ်။ ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားပါတီတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။