ဂျပန်ရေတွင်း ပြဿနာကို ဆွေးနွေးသည့်နည်းဖြင့် ဆက်ဖြေရှင်းမည်ဟု မွန်ပြည်သစ်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။
မွန်ပြည်သစ်ပါတီနှင့် တပ်မတော်အကြား လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် ဖြေရှင်းသွားမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။
“ကျနော်တို့ ကိုယ်၌ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါဝင်ပြီး NCA လမ်းကြောင်းအတိုင်း လက်တွေ့အကောင်အထည်ဖော်နေတာပေါ့ အဲဒါကြောင့် အခု ပဋိပက္ခဖြစ်တဲ့ဖြစ်စဉ်မှာလည်း ကျနော်တို့ တွေ့ဆုံဖြေရှင်းတဲ့နည်းနဲ့ပဲ ဖြေရှင်းမှာပါ” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။
နိုဝင်ဘာလ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနောက်ပိုင်းတွင် ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီတပ်စခန်းနေရာကို တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့က ဒီဇင်ဘာ ၅ ရက်နေ့ထိ ဝင်ရောက်နေရာယူထားခဲ့သည်။
တပ်စခန်းနေရာတွင် တပ်မတော်မှ ဝင်ရောက်နေရာယူထားသည့်ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂ ရက်နေ့က မွန်ပြည်သစ်ပါတီနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာ သဘောတူညီမှုမရရှိခဲ့ပေ။
လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကို ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U မှတဆင့် ဖြေရှင်းသွားမည်ဟုလည်း နိုင်ဝင်းလှက ဆက်ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။
ဂျပန်ရေတွင်းတပ်စခန်းနေရာသည် ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် ပြည်ထောင်အဆင့် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်အရသော်လည်းကောင်း ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA အရသော်လည်းကောင်း တပ်တည်နေရာအဖြစ် အတည်ပြုသတ်မှတ်ထားသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။
ထိုမွန်ပြည်သစ်ပါတီ တပ်တည်နေရာစခန်းသို့ ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ်ကို စစ်ဆေးရန်ဆိုပြီး တပ်မတော်နှင့် BGF စစ်ကြောင်းတို့က ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက ပြောသည်။
တပ်မတော်၏လုပ်ရပ်သည် NCA စာချုပ် အခန်း (၃) အပိုဒ် ၈ (ခ) ပါ တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသည့် နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့် သွားလာရန် ဆိုသည့်အချက်ကို ချိုးဖောက်ရာရောက်နေသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။
“အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ သဘောတူညီမှုမရခင်မှာ (တပ်မတော်) မစောင့်နိုင်ပဲ ဝင်သွားလို့ ပစ်ခတ်မှုဖြစ်ကြတာဖြစ်တယ်။ အဲဒီအချက်ကို ထောက်ရင် ကျနော်တို့ နှစ်ဖက်သဘောတူညီမှုရပြီးမှ သွားဖို့လာဖို့ မရင်ခင်မှာ ဒီလို ဝင်သွားတော့ NCA စာချုပ်ပါအချက်ကို ချိုးဖောက်ရာရောက်ပါတယ်” ဟု နိုင်ဝင်းလှ က ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်နှင့် မွန်ပြည်သစ်ပါတီတပ်စခန်းတည်နေရာ ကျေးရွာအတွင်း တပ်မတော်နှင့် BGF တပ်သားတို့ ဝင်ရောက်တပ်စွဲထားသည့်အတွက် ဂျပန်ရေတွင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကြံတောရွာ၊ တပ်ရင်း (၃) ရွာတို့မှ ဒေသခံ ၈၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိုင်းစစ်တပ် ထိုင်းအာဏာပိုင်များက အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီထောက်ပံ့ပေးထားသည်။
Zawgyi…
ဂ်ပန္ေရတြင္း ျပႆနာကို ေဆြးေႏြးသည့္နည္းျဖင့္ ဆက္ေျဖရွင္းမည္ဟု မြန္ျပည္သစ္ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၆ ရက္။
မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္အၾကား လတ္တေလာျဖစ္ပြားေနသည့္ ပဋိပကၡႏွင့္ ပတ္သက္၍ ေတြ႔ဆံုေဆြးေႏြးသည့္နည္းျဖင့္ ေျဖရွင္းသြားမည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။
“က်ေနာ္တို႔ ကိုယ္၌ကလည္း ျပည္တြင္း ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ထဲထဲဝင္ဝင္ပါဝင္ၿပီး NCA လမ္းေၾကာင္းအတိုင္း လက္ေတြ႔အေကာင္အထည္ေဖာ္ေနတာေပါ့ အဲဒါေၾကာင့္ အခု ပဋိပကၡျဖစ္တဲ့ျဖစ္စဥ္မွာလည္း က်ေနာ္တို႔ ေတြ႔ဆံုေျဖရွင္းတဲ့နည္းနဲ႔ပဲ ေျဖရွင္းမွာပါ” ဟု မြန္ျပည္သစ္ပါတီ ျပည္တြင္းဆက္ဆံေရးတာဝန္ခံ ႏိုင္ဝင္းလွက ေျပာသည္။
ႏိုဝင္ဘာလ ေနာက္ဆံုးအပတ္က ျဖစ္ပြားခဲ့သည့္ တိုက္ပြဲေနာက္ပိုင္းတြင္ ဂ်ပန္ေရတြင္းေက်းရြာရွိ မြန္ျပည္သစ္ပါတီတပ္စခန္းေနရာကို တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔က ဒီဇင္ဘာ ၅ ရက္ေန႔ထိ ဝင္ေရာက္ေနရာယူထားခဲ့သည္။
တပ္စခန္းေနရာတြင္ တပ္မေတာ္မွ ဝင္ေရာက္ေနရာယူထားသည့္ကိစၥႏွင့္ ပတ္သက္၍ ဒီဇင္ဘာ ၂ ရက္ေန႔က မြန္ျပည္သစ္ပါတီႏွင့္ အေရွ႔ေတာင္တိုင္းစစ္ဌာနခ်ဳပ္တို႔ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကေသာ္လည္း တစ္စံုတစ္ရာ သေဘာတူညီမႈမရရွိခဲ့ေပ။
လက္ရွိျဖစ္ပြားေနသည့္ ပဋိပကၡကို ျပည္ေထာင္စုအဆင့္ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC-U မွတဆင့္ ေျဖရွင္းသြားမည္ဟုလည္း ႏိုင္ဝင္းလွက ဆက္ေျပာသည္။
မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔ ႏိုဝင္ဘာ ၂၇ ရက္ေန႔ နံနက္ပိုင္းခန္႔က ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕နယ္ ဂ်ပန္ေရတြင္းေက်းရြာရွိ မြန္ျပည္သစ္ပါတီအေျခစိုက္တပ္စခန္းတြင္ တိုက္ပြဲျဖစ္ပြားခဲ့ၾကျခင္း ျဖစ္သည္။
ဂ်ပန္ေရတြင္းတပ္စခန္းေနရာသည္ ၂၀၁၂ ခုႏွစ္ ျပည္နယ္အဆင့္ ျပည္ေထာင္အဆင့္ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္အရေသာ္လည္းေကာင္း ၂၀၁၈ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့သည့္ တစ္ႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA အရေသာ္လည္းေကာင္း တပ္တည္ေနရာအျဖစ္ အတည္ျပဳသတ္မွတ္ထားသည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။
ထိုမြန္ျပည္သစ္ပါတီ တပ္တည္ေနရာစခန္းသို႔ ထိုင္း-ျမန္မာနယ္စပ္ နယ္နိမိတ္ကို စစ္ေဆးရန္ဆိုၿပီး တပ္မေတာ္ႏွင့္ BGF စစ္ေၾကာင္းတို႔က ခြင့္ျပဳခ်က္မရွိပဲ ဝင္ေရာက္လာသည့္အတြက္ တိုက္ပြဲျဖစ္ပြားခဲ့ၾကသည္ဟု မြန္ျပည္သစ္ပါတီ တာဝန္ရွိသူမ်ားက ေျပာသည္။
တပ္မေတာ္၏လုပ္ရပ္သည္ NCA စာခ်ဳပ္ အခန္း (၃) အပိုဒ္ ၈ (ခ) ပါ တစ္ဖက္အဖြဲ႔အစည္းက ထိန္းခ်ဳပ္ထားသည့္ နယ္ေျမအတြင္း လက္နက္ျဖင့္ သြားလာရန္ လိုအပ္ပါက ႏွစ္ဖက္ၫွိႏႈိင္း သေဘာတူညီခ်က္ျဖင့္ သြားလာရန္ ဆိုသည့္အခ်က္ကို ခ်ဳိးေဖာက္ရာေရာက္ေနသည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။
“အခု ျဖစ္ခဲ့တဲ့ကိစၥမွာ သေဘာတူညီမႈမရခင္မွာ (တပ္မေတာ္) မေစာင့္ႏိုင္ပဲ ဝင္သြားလို႔ ပစ္ခတ္မႈျဖစ္ၾကတာျဖစ္တယ္။ အဲဒီအခ်က္ကို ေထာက္ရင္ က်ေနာ္တို႔ ႏွစ္ဖက္သေဘာတူညီမႈရၿပီးမွ သြားဖို႔လာဖို႔ မရင္ခင္မွာ ဒီလို ဝင္သြားေတာ့ NCA စာခ်ဳပ္ပါအခ်က္ကို ခ်ဳိးေဖာက္ရာေရာက္ပါတယ္” ဟု ႏိုင္ဝင္းလွ က ေျပာသည္။
မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲေၾကာင့္ႏွင့္ မြန္ျပည္သစ္ပါတီတပ္စခန္းတည္ေနရာ ေက်းရြာအတြင္း တပ္မေတာ္ႏွင့္ BGF တပ္သားတို႔ ဝင္ေရာက္တပ္စြဲထားသည့္အတြက္ ဂ်ပန္ေရတြင္းေက်းရြာအပါအဝင္ အနီးပတ္ဝန္းက်င္ရွိ ႀကံေတာရြာ၊ တပ္ရင္း (၃) ရြာတို႔မွ ေဒသခံ ၈၀၀ ေက်ာ္ ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး ထိုင္းစစ္တပ္ ထိုင္းအာဏာပိုင္မ်ားက အစားအေသာက္ႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ကူညီေထာက္ပံ့ေပးထားသည္။