ကရင်နီ တောင်သူများအပေါ် အမှုသစ်ထပ်တိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်။
ကရင်နီ ပြည် တောင်သူလယ်သမား သမဂ္ဂ ဝန်ထမ်းများ အပါအဝင် တောင်သူလယ်သမား ၁၀ ဦးကို စစ်တပ်က ပိုက်နက်ကျူးလွန်မှုနှင့် ထပ်မံတရားစွဲဆိုထားသည်ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂအဖွဲ့ ကပြော သည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ယနေ့တွင် ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဝန်ထမ်း ၃ ဦးအပါအဝင် တောင်သူ ၁၀ ဦးကို အမြောက်တပ်ရင်း ၃၅၆ မှ ဗိုလ်မှူး မိုးဝင်းထက်က တရားလိုပြုလုပ်ကာ တရားစွဲခဲ့ခြင်းဖြစ်သည်ဟု ကရင်နီ ပြည် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးတူရယ် က ပြောသည်။
“ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂဝန်ထမ်းက ၃ ဦး၊ နောက်ပြီးတော့ ဒေါမူကလားကျေးရွာက ၆ ဦးနဲ့ မြေနီကုန်းကျေးရွာက တစ်ဦးပေါ့။ ပုဒ်မက အခုက ဒီနေ့က တရားစွဲထားတဲ့ ၁၀ ဦးက ပုဒ်မ ၄၄၇ ပိုက်နက် ကျူးကျော်မှုနဲ့ပဲ တရားစွဲထားတာပေါ့။ အဓိကကတော့ စစ်တပ်ပိုင်ပါတယ်ဆိုတဲ့ မြေကို ကျူးကျော်လို့ဆို တဲ့ဟာမျိုးနဲ့ အခြေခံပြီးတော့ တရားစွဲ ထားတာပေါ့” ဟု ပြောသည်။
ယနေ့တရားစွဲဆိုခံရသည့် ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂမှ ဝန်ထမ်းများနှင့် တောင်သူလယ်သမားများ မှာ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က ဖြစ်စဉ်ကို အခြေခံပြီး တောင်သူလယ်သမားများကို အားပေးကူညီသည့်နေရာ တွင် ပိုက်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ဆိုသည်။
တရားစွဲဆိုခံထားရသည့် ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဝန်ထမ်းများအတွက် တရားမျှတမှု ရရှိရန် ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးတူရယ် က ဆက်ပြောသည်။
“တရားမျှတမှုကိုတော့ ကျနော်တို့ လိုချင်တယ် ဘာဖြစ်လို့လဲဆိုရင် ဒီဝန်ထမ်း ၃ ဦးက ဒီမြေနေရာကို သွားပြီး တော့ ထွန်ယက်စိုက်ပျိုးတာမဟုတ်ဘူး။ တောင်သူတွေကို သွားပြီးတော့ အသိပညာပေးတာ လောက်ပဲရှိတယ် ဆိုတော့ သူတို့ဟာက စစ်တပ်ရဲ့မြေကို သွားပြီးတော့ ကျူးကျော်တာ သွားပြီးတော့ စိုက်တာ သွားပြီးတော့ ထွန် ယက်စိုက် ပျိုးတာ မဟုတ်ဘူး မဟုတ်တဲ့အတွက်ကြာင့် တရားဥပဒေရှုထောင့်က ကြည့်ရင်တော့ ဒါကပြစ်မှု မ မြောက်ဘူးပေါ့ ဆိုလိုတာက ကျနော်တို့က စစ်တပ်ကို ဥပဒေကြောင်းအရ ဘယ်လိုနည်းနဲ့ စစ်တပ်ကို ဘယ်လိုတ ရားပြန်စွဲ ရမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ နည်းလမ်းရှာရတော့မှာပေါ့။”
လက်ရှိ ကယားပြည်နယ်(ကရင်နီပြည်နယ်)တွင် စစ်တပ်က တောင်သူလယ်သမားများကို တရားစွဲဆိုထားသည့် ဦးရေမှာ စုစုပေါင်း ၄၁ ဦးရှိနေပြီး ၁၁ ဦးမှာ ထောင်ထဲတွင် တရားရင်ဆိုင်နေရသည်ဟု ကရင်နီပြည် တောင်သူ လယ်သမား သမဂ္ဂ က ပြောသည်။
မြန်မာနိုင်ငံတဝန်းလုံးအပြင် လက်ရှိကယားပြည်နယ်တွင် ဖြစ်ပျက်နေသည့် မြေယာပြဿနာများသည့် ဒီမိုက ရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးကို တစ်စုံတစ်ရာ အဟန့်အတားဖြစ်စေသည့်အတွက် အစိုးရ အနေဖြင့် သေချာကိုင်တွယ်ဖြေရှင်းရန်လိုသည်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် က ပြောသည်။
“လက်ရှိပြည်နယ်မှာဖြစ်နေတဲ့ မြေယာပြဿနာကလည်း တစ်ဖြည်းဖြည်းနဲ့ ကြီးလာတာပေါ့လေ ဆိုတော့ ဒီအပေါ်မှာလည်း ငြိမ်းချမ်းရေးအတွက်လည်း အများကြီးထိခိုက်မှုရှိလာနိုင်တယ်ပေါ့။ အဲဒါကြောင့် အစိုးရရော တပ်မတော်တွေရော တကယ်လို့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီလိုအောက်ခြေလူထုတွေရဲ့ အရေးကိစ္စကိုလည်း ထည့်စဉ်စားဖို့လိုတယ်လို့ ကျနော်တစ်ယောက်အနေနဲ့ အဲလိုမျိုး မြင်တယ်။”
ထို့အပြင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နှင့် ၂၀၁၈ ခုနှစ် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေများသည် တိုင်းရင်းသား များမှ ဘိုးဘွားဘီဘင် အဆက်ဆက် ကျင့်သုံးလာခဲ့ကြသည့် ဓလေ့ထုံးတမ်း မြေယာလုပ် ကိုင်စားသောက်မှုနှင့် ဆန့်ကျင် နေသည့်အတွက် ပယ်ဖျက်ပေးရန် လိုအပ်နေသကဲ့သို့ လက်ရှိတည်ဆဲ ဥပဒေများကို ကျော်လွန်ပြီး မြေယာသိမ်းဆည်း မှုများရှိနေသည်ဟု ဦးသဲရယ်က သုံးသပ်သည်။
“ကျနော်တို့ဒေသမှာ စုပေါင်းနေတဲ့ ဓလေ့ထုံးတမ်းအရပေါ့နော ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အခါကျတော့ ဒီဟာကို လည်း ကျနော်တို့ တောင်းဆိုခဲ့တယ်ပေါ့နော ဒါတွေဟာ မပယ်ဖျက်ပဲနဲ့ကို ထပ်မံပြီးတော့ တည်ဆဲဥပဒေ ထက်ကျော်လွန် ခဲ့ပြီးတော့ နော အာဏာရှင်ဆန်ဆန် ထပ်ပြီးတော့မှ အသုံးပြုလာတယ် အဲလိုလုပ်လာတဲ့ အပေါ်မှာကတော့ ကျနော် တစ်ယောက်အနေနဲ့ ဖက်ဒရယ်စနစ်နဲ့ ရှေ့ဆက်သွားနိုင်ဖို့ အများကြီး အဟန့်အတားဖြစ်နိုင်တယ်လို့ ကျနော်တစ်ယောက်အနေနဲ့ အဲလိုသုံးသပ်ပါတယ်။”
ကယားပြည်နယ်ရှိ တောင်သူလယ်သမားများမှာ ၎င်းတို့၏ မြေယာပြဿနာများကြောင့် စိတ်ဆင်းရဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှုများကို ဖြစ်ပေါ်လာသည့်အပြင် စားဝတ်နေရေးအတွက် အသက်ရှင်ရပ်တည်ရန် ပိုမိုခက်ခဲလာနိုင်သည့်အတွက် အစိုး ရအနေဖြင့် မြေယာပြဿနာများကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးပါရန် တောင်သူလယ်သမားအရေး ဆောင် ရွက်သူများက တောင်းဆိုသည်။
Zawgyi…
ကရင္နီ ေတာင္သူမ်ားအေပၚ အမႈသစ္ထပ္တိုး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္။
ကရင္နီ ျပည္ ေတာင္သူလယ္သမား သမဂၢ ဝန္ထမ္းမ်ား အပါအဝင္ ေတာင္သူလယ္သမား ၁၀ ဦးကို စစ္တပ္က ပိုက္နက္က်ဴးလြန္မႈႏွင့္ ထပ္မံတရားစြဲဆိုထားသည္ဟု ကရင္နီျပည္ ေတာင္သူလယ္သမား သမဂၢအဖြဲ႕ ကေျပာ သည္။
ဒီဇင္ဘာလ ၁၃ ရက္ေန႔ ယေန႔တြင္ ကရင္နီျပည္ ေတာင္သူလယ္သမား သမဂၢ ဝန္ထမ္း ၃ ဦးအပါအဝင္ ေတာင္ သူ ၁၀ ဦးကို အေျမာက္တပ္ရင္း ၃၅၆ မွ ဗိုလ္မႉး မိုးဝင္းထက္က တရားလိုျပဳလုပ္ကာ တရားစြဲခဲ့ျခင္းျဖစ္သည္ဟု ကရင္နီ ျပည္ ေတာင္သူလယ္သမား သမဂၢ ဥကၠ႒ ဦးတူရယ္ က ေျပာသည္။
“ကရင္နီျပည္ေတာင္သူလယ္သမား သမဂၢဝန္ထမ္းက ၃ ဦး၊ ေနာက္ၿပီးေတာ့ ေဒါမူကလားေက်း႐ြာက ၆ ဦးနဲ႔ ေျမနီကုန္းေက်း႐ြာက တစ္ဦးေပါ့။ ပုဒ္မက အခုက ဒီေန႔က တရားစြဲထားတဲ့ ၁၀ ဦးက ပုဒ္မ ၄၄၇ ပိုက္နက္ က်ဴးေက်ာ္မႈနဲ႔ပဲ တရားစြဲထားတာေပါ့။ အဓိကကေတာ့ စစ္တပ္ပိုင္ပါတယ္ဆိုတဲ့ ေျမကို က်ဴးေက်ာ္လို႔ဆို တဲ့ဟာမ်ိဳးနဲ႔ အေျခခံၿပီးေတာ့ တရားစြဲ ထားတာေပါ့” ဟု ေျပာသည္။
ယေန႔တရားစြဲဆိုခံရသည့္ ကရင္နီျပည္ေတာင္သူလယ္သမား သမဂၢမွ ဝန္ထမ္းမ်ားႏွင့္ ေတာင္သူလယ္သမားမ်ား မွာ ၿပီးခဲ့သည့္ ဇြန္လ ၂၁ ရက္က ျဖစ္စဥ္ကို အေျခခံၿပီး ေတာင္သူလယ္သမားမ်ားကို အားေပးကူညီသည့္ေနရာ တြင္ ပိုက္နက္က်ဴးလြန္မႈျဖင့္ တရားစြဲဆိုခံရျခင္းျဖစ္သည္ဟု ဆိုသည္။
တရားစြဲဆိုခံထားရသည့္ ကရင္နီျပည္ ေတာင္သူလယ္သမား သမဂၢ ဝန္ထမ္းမ်ားအတြက္ တရားမွ်တမႈ ရရွိရန္ ဥပေဒေၾကာင္းအရ ဆက္လက္ လုပ္ေဆာင္သြားမည္ဟု ဦးတူရယ္ က ဆက္ေျပာသည္။
“တရားမွ်တမႈကိုေတာ့ က်ေနာ္တို႔ လိုခ်င္တယ္ ဘာျဖစ္လို႔လဲဆိုရင္ ဒီဝန္ထမ္း ၃ ဦးက ဒီေျမေနရာကို သြားၿပီး ေတာ့ ထြန္ယက္စိုက္ပ်ိဳးတာမဟုတ္ဘူး။ ေတာင္သူေတြကို သြားၿပီးေတာ့ အသိပညာေပးတာ ေလာက္ပဲရွိတယ္ ဆိုေတာ့ သူတို႔ဟာက စစ္တပ္ရဲ႕ေျမကို သြားၿပီးေတာ့ က်ဴးေက်ာ္တာ သြားၿပီးေတာ့ စိုက္တာ သြားၿပီးေတာ့ ထြန္ ယက္စိုက္ ပ်ိဳးတာ မဟုတ္ဘူး မဟုတ္တဲ့အတြက္ၾကာင့္ တရားဥပေဒရႈေထာင့္က ၾကည့္ရင္ေတာ့ ဒါကျပစ္မႈ မ ေျမာက္ဘူးေပါ့ ဆိုလိုတာက က်ေနာ္တို႔က စစ္တပ္ကို ဥပေဒေၾကာင္းအရ ဘယ္လိုနည္းနဲ႔ စစ္တပ္ကို ဘယ္လိုတ ရားျပန္စြဲ ရမယ္ ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ က်ေနာ္တို႔ နည္းလမ္းရွာရေတာ့မွာေပါ့။”
လက္ရွိ ကယားျပည္နယ္(ကရင္နီျပည္နယ္)တြင္ စစ္တပ္က ေတာင္သူလယ္သမားမ်ားကို တရားစြဲဆိုထားသည့္ ဦးေရမွာ စုစုေပါင္း ၄၁ ဦးရွိေနၿပီး ၁၁ ဦးမွာ ေထာင္ထဲတြင္ တရားရင္ဆိုင္ေနရသည္ဟု ကရင္နီျပည္ ေတာင္သူ လယ္သမား သမဂၢ က ေျပာသည္။
ျမန္မာႏိုင္ငံတဝန္းလုံးအျပင္ လက္ရွိကယားျပည္နယ္တြင္ ျဖစ္ပ်က္ေနသည့္ ေျမယာျပႆနာမ်ားသည့္ ဒီမိုက ေရစီႏွင့္ ဖက္ဒရယ္တည္ေဆာက္ေရးကို တစ္စုံတစ္ရာ အဟန႔္အတားျဖစ္ေစသည့္အတြက္ အစိုးရ အေနျဖင့္ ေသခ်ာကိုင္တြယ္ေျဖရွင္းရန္လိုသည္ဟု ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီမွ ဖ႐ူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၁ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသဲရယ္ က ေျပာသည္။
“လက္ရွိျပည္နယ္မွာျဖစ္ေနတဲ့ ေျမယာျပႆနာကလည္း တစ္ျဖည္းျဖည္းနဲ႔ ႀကီးလာတာေပါ့ေလ ဆိုေတာ့ ဒီအေပၚမွာလည္း ၿငိမ္းခ်မ္းေရးအတြက္လည္း အမ်ားႀကီးထိခိုက္မႈရွိလာႏိုင္တယ္ေပါ့။ အဲဒါေၾကာင့္ အစိုးရေရာ တပ္မေတာ္ေတြေရာ တကယ္လို႔ ျပည္တြင္းၿငိမ္းခ်မ္းေရးကို တကယ္တည္ေဆာက္ခ်င္တယ္ဆိုရင္ေတာ့ ဒီလိုေအာက္ေျခလူထုေတြရဲ႕ အေရးကိစၥကိုလည္း ထည့္စဥ္စားဖို႔လိုတယ္လို႔ က်ေနာ္တစ္ေယာက္အေနနဲ႔ အဲလိုမ်ိဳး ျမင္တယ္။”
ထို႔အျပင္ ၂၀၁၂ ခုႏွစ္ လယ္ယာေျမဥပေဒ ႏွင့္ ၂၀၁၈ ခုႏွစ္ ေျမလြတ္ေျမလပ္ေျမ႐ိုင္း ဥပေဒမ်ားသည္ တိုင္းရင္းသား မ်ားမွ ဘိုးဘြားဘီဘင္ အဆက္ဆက္ က်င့္သုံးလာခဲ့ၾကသည့္ ဓေလ့ထုံးတမ္း ေျမယာလုပ္ ကိုင္စားေသာက္မႈႏွင့္ ဆန႔္က်င္ ေနသည့္အတြက္ ပယ္ဖ်က္ေပးရန္ လိုအပ္ေနသကဲ့သို႔ လက္ရွိတည္ဆဲ ဥပေဒမ်ားကို ေက်ာ္လြန္ၿပီး ေျမယာသိမ္းဆည္း မႈမ်ားရွိေနသည္ဟု ဦးသဲရယ္က သုံးသပ္သည္။
“က်ေနာ္တို႔ေဒသမွာ စုေပါင္းေနတဲ့ ဓေလ့ထုံးတမ္းအရေပါ့ေနာ ဆန႔္က်င္ဘက္ျဖစ္ေနတဲ့ အခါက်ေတာ့ ဒီဟာကို လည္း က်ေနာ္တို႔ ေတာင္းဆိုခဲ့တယ္ေပါ့ေနာ ဒါေတြဟာ မပယ္ဖ်က္ပဲနဲ႔ကို ထပ္မံၿပီးေတာ့ တည္ဆဲဥပေဒ ထက္ေက်ာ္လြန္ ခဲ့ၿပီးေတာ့ ေနာ အာဏာရွင္ဆန္ဆန္ ထပ္ၿပီးေတာ့မွ အသုံးျပဳလာတယ္ အဲလိုလုပ္လာတဲ့ အေပၚမွာကေတာ့ က်ေနာ္ တစ္ေယာက္အေနနဲ႔ ဖက္ဒရယ္စနစ္နဲ႔ ေရွ႕ဆက္သြားႏိုင္ဖို႔ အမ်ားႀကီး အဟန႔္အတားျဖစ္ႏိုင္တယ္လို႔ က်ေနာ္တစ္ေယာက္အေနနဲ႔ အဲလိုသုံးသပ္ပါတယ္။”
ကယားျပည္နယ္ရွိ ေတာင္သူလယ္သမားမ်ားမွာ ၎တို႔၏ ေျမယာျပႆနာမ်ားေၾကာင့္ စိတ္ဆင္းရဲျခင္း၊ စိတ္ပိုင္းဆိုင္ရာ နာက်င္ခံစားမႈမ်ားကို ျဖစ္ေပၚလာသည့္အျပင္ စားဝတ္ေနေရးအတြက္ အသက္ရွင္ရပ္တည္ရန္ ပိုမိုခက္ခဲလာႏိုင္သည့္အတြက္ အစိုး ရအေနျဖင့္ ေျမယာျပႆနာမ်ားကို အျမန္ဆုံးကိုင္တြယ္ေျဖရွင္းေပးပါရန္ ေတာင္သူလယ္သမားအေရး ေဆာင္ ႐ြက္သူမ်ားက ေတာင္းဆိုသည္။