အုပ်ချုပ်ရေးမှူးဟောင်းနှင့် မြို့နယ် အင်ဂျင်နီယာမှူးတို့ကို အဂတိလိုက်စားမှုဖြင့် အရေးယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
မွန်ပြည်နယ် သထုံမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အင်ဂျင်နီယာမှူး ဦးတင်ထွန်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူထားကြောင်း ရဲက ပြောသည်။
သထုံမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး စိုးအောင်က“အဂတိကော်မရှင်အဖွဲ့ကနေပြီး သထုံစခန်းမှာ အမှုလာဖွင့်တယ် လမ်းမီးကိစ္စမှာ တာဝန်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တဲ့အတွက်လို့တော့ သိရတယ်” ဟု ပြောသည်။
တရားလို ဦးကျော်စိုးထွန်းက ဒီဇင်ဘာလ ၉ ရက်နေ့က အမှုဖွင့်တိုင်ကြားထားခြင်း ဖြစ်သည် ဟု ရဲမှူးစိုးအောင်က ဆက်ပြောသည်။
မွန်ပြည်နယ် လွှတ်တော်ရုံး ၄ ခန်းတွဲ ၄ ထပ် အိမ်ရာဆောက်လုပ်ခြင်း သထုံမြို့ နယ် LED လမ်းမီး အလုံး ၅၀၀ တပ်ဆင်ခြင်းနှင့် သထုံမြို့ နယ် ဒေးဗရိန်းကျေးရွာတွင် ပေ ၈၀x၂၀ ကုန်ထုတ်တံတားတည်ခြင်းများ နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် (၁/၂၀၁၇) နှင့် အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်းကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေး အရေးယူပေး ရန် ကော်မရှင်ထံ တိုင်ကြားခဲ့သည်ဟု ကော်မရှင်က ဒီဇင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။
တိုင်ကြားစာအရ ကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရာ သထုံမြို့ နယ် အုပ်ချုပ်ရေးမှူးေ ဟာင်း (လက်ရှိ မဘိမ်းမြို့ နယ် အုပ်ချုပ်ရေးမှူး) ဦးသိန်းဝင်းသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ (၂၀၁၈ Mini Budget) မှ သထုံမြို့နယ် လမ်းမီးလင်းရေးအတွက် LED မီး ၅၀၀ လုံး ဝယ်ယူတပ်ဆင် ရန် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို ထုတ်ယုူပြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေ စာရင်းတွင် ထည့်သွင်းထိန်းသိမ်းထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
ဦးသိန်းဝင်းသည် လမ်းမီးဝယ်သူ တပ်ဆင်ရေးအတွက် ကုမ္ပဏီသို့ ကျပ်သိန်း ၄၈၀ ပေး ချေရသော် လည်း ငွေကျပ် သိန်း ၄၆၀ ကိုသာ မီးလုံးဝယ်ယူတပ်ဆင်ရေး အဖွဲ့ ဥက္ကဌ ဦးတင်ထွန်းမှ တဆင့် ကုမ္ပဏီ သို့ ပေးချေခဲ့ပြီး လုပ်ငန်းပြီးသည်အထိ ခွင့်ပြုငွေ ကျပ်သိန်း ၂၀ ကို ၎င်း၏ လက်ဝယ်၌ မရိုးမဖြောင့်သော သဘောဖြင့် ရယူထားကြောင်းလည်း ကော်မရှင်က ထုတ်ပြန်ထားသည်။
စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးတင်ထွန်းသည် ပစ္စည်းဝယ်ယူသည့် ကုမ္ပဏီအား ငွေကျပ်သိန်း ၄၆၀ ကိုသာ ထုတ်ပေးခဲ့သော်လည်း စာရင်းစစ်အဖွဲ့မှ စစ်ဆေးခံနိုင်ရန် ငွေကျပ်သိန်း ၄၈၀ လက်ခံရ ရှိကြောင်း ပြေစာ၌ လက်မှတ်ရေးထိုး၍ Back Date ဖြင့် စာရင်းပြုစုခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။
တိုင်ကြားခံရပြီးနောက်မှ ဦးသိန်းဝင်းက ၎င်းထိန်းသိမ်းရယူထားသည့် ခွင့်ပြုငွေ ကျပ်သိန်း ၂၀ ကို ဦးတင်ထွန်းအား ပေးခဲ့ခြင်း၊ ဦးတင်ထွန်းမှလည်း လက်ခံရယူခဲ့ခြင်းတို့သည် ရာထူး တာဝန် နှင့် လုပ်ပိုင်ခွင့် တို့ကို အလွှဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြ စ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ရေးသားထားသည်။
တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်သည်ဆိုပြီး နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးကျော်စိုးထွန်းမှ တရားလို ပြုလုပ် ကာ သထုံမြို့ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားပြီး ရဲစခန်းမှ (ပ)၂၃၈၂/၂၀၁၉ အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ သည် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးပေါ်ပေါက်ပါ က ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြား လုပ်ပိုင်ခွင့် အာဏာရှိသူ (သို့မဟုတ်) လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ဆယ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
Zawgyi…
အုပ္ခ်ဳပ္ေရးမွဴးေဟာင္းႏွင့္ ၿမိဳ႔နယ္ အင္ဂ်င္နီယာမွဴးတို႔ကို အဂတိလိုက္စားမႈျဖင့္ အေရးယူ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္။
မြန္ျပည္နယ္ သထံုၿမိဳ႔နယ္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္းႏွင့္ ၿမိဳ႔နယ္ စည္ပင္သာယာေရး အဖြဲ႔ အင္ဂ်င္နီယာမွဴး ဦးတင္ထြန္းတို႔ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ အေရးယူထားေၾကာင္း ရဲက ေျပာသည္။
သထံုၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ရဲမွဴး စိုးေအာင္က“အဂတိေကာ္မရွင္အဖြဲ႔ကေနၿပီး သထံုစခန္းမွာ အမႈလာဖြင့္တယ္ လမ္းမီးကိစၥမွာ တာဝန္လုပ္ပိုင္ခြင့္ကို အလြဲသံုးစားလုပ္တဲ့အတြက္လို႔ေတာ့ သိရတယ္” ဟု ေျပာသည္။
တရားလို ဦးေက်ာ္စိုးထြန္းက ဒီဇင္ဘာလ ၉ ရက္ေန႔က အမႈဖြင့္တုိင္ၾကားထားျခင္း ျဖစ္သည္ ဟု ရဲမွဴးစိုးေအာင္က ဆက္ေျပာသည္။
မြန္ျပည္နယ္ လႊတ္ေတာ္႐ုံး ၄ ခန္းတြဲ ၄ ထပ္ အိမ္ရာေဆာက္လုပ္ျခင္း သထံုၿမိဳ႕ နယ္ LED လမ္းမီး အလံုး ၅၀၀ တပ္ဆင္ျခင္းႏွင့္ သထုံၿမိဳ႕ နယ္ ေဒးဗရိန္းေက်းရြာတြင္ ေပ ၈၀x၂၀ ကုန္ထုတ္တံတားတည္ျခင္းမ်ား ႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္သမၼတ႐ုံး၏ တင္ဒါလုပ္ထံုးလုပ္နည္း ၫႊန္ၾကားခ်က္ (၁/၂၀၁၇) ႏွင့္ အညီ လိုက္နာေဆာင္ရြက္မႈမရွိျခင္းကို ဥပေဒ လုပ္ထံုးလုပ္နည္းႏွင့္အညီ စံုစမ္းစစ္ေဆး အေရးယူေပး ရန္ ေကာ္မရွင္ထံ တိုင္ၾကားခဲ့သည္ဟု ေကာ္မရွင္က ဒီဇင္ဘာ ၁၀ ရက္ေန႔က ထုတ္ျပန္ထားသည္။
တိုင္ၾကားစာအရ ေကာ္မရွင္မွ စံုစမ္းစစ္ေဆးေရးအဖြဲ႔ျဖင့္ စစ္ေဆးရာ သထံုၿမိဳ႕ နယ္ အုပ္ခ်ဳပ္ေရးမွဴးေ ဟာင္း (လက္ရွိ မဘိမ္းၿမိဳ႕ နယ္ အုပ္ခ်ဳပ္ေရးမွဴး) ဦးသိန္းဝင္းသည္ မြန္ျပည္နယ္အစိုးရအဖြဲ႔ ေက်းလက္ေဒသဖြံ႔ၿဖိဳးေရး ရန္ပံုေငြ (၂၀၁၈ Mini Budget) မွ သထံုၿမိဳ႕နယ္ လမ္းမီးလင္းေရးအတြက္ LED မီး ၅၀၀ လံုး ဝယ္ယူတပ္ဆင္ ရန္ ခြင့္ျပဳရန္ပံုေငြ က်ပ္သိန္း ၅၀၀ ကို ထုတ္ယုူၿပီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ေငြ စာရင္းတြင္ ထည့္သြင္းထိန္းသိမ္းထားသည္ကို စစ္ေဆးေတြ႔ရွိရေၾကာင္း ေကာ္မရွင္က ထုတ္ျပန္ထားသည္။
ဦးသိန္းဝင္းသည္ လမ္းမီးဝယ္သူ တပ္ဆင္ေရးအတြက္ ကုမၸဏီသို႔ က်ပ္သိန္း ၄၈၀ ေပး ေခ်ရေသာ္ လည္း ေငြက်ပ္ သိန္း ၄၆၀ ကိုသာ မီးလံုးဝယ္ယူတပ္ဆင္ေရး အဖြဲ႔ ဥကၠဌ ဦးတင္ထြန္းမွ တဆင့္ ကုမၸဏီ သို႔ ေပးေခ်ခဲ့ၿပီး လုပ္ငန္းၿပီးသည္အထိ ခြင့္ျပဳေငြ က်ပ္သိန္း ၂၀ ကို ၎၏ လက္ဝယ္၌ မ႐ုိးမေျဖာင့္ေသာ သေဘာျဖင့္ ရယူထားေၾကာင္းလည္း ေကာ္မရွင္က ထုတ္ျပန္ထားသည္။
စည္ပင္သာယာေရးအဖြဲ႔ အင္ဂ်င္နီယာမွဴး ဦးတင္ထြန္းသည္ ပစၥည္းဝယ္ယူသည့္ ကုမၸဏီအား ေငြက်ပ္သိန္း ၄၆၀ ကိုသာ ထုတ္ေပးခဲ့ေသာ္လည္း စာရင္းစစ္အဖြဲ႔မွ စစ္ေဆးခံႏိုင္ရန္ ေငြက်ပ္သိန္း ၄၈၀ လက္ခံရ ရွိေၾကာင္း ေျပစာ၌ လက္မွတ္ေရးထိုး၍ Back Date ျဖင့္ စာရင္းျပဳစုခဲ ့ေၾကာင္း ေကာ္မရွင္၏ ထုတ္ျပန္ ခ်က္တြင္ ပါရွိသည္။
တိုင္ၾကားခံရၿပီးေနာက္မွ ဦးသိန္းဝင္းက ၎ထိန္းသိမ္းရယူထားသည့္ ခြင့္ျပဳေငြ က်ပ္သိန္း ၂၀ ကို ဦးတင္ထြန္းအား ေပးခဲ့ျခင္း၊ ဦးတင္ထြန္းမွလည္း လက္ခံရယူခဲ့ျခင္းတို႔သည္ ရာထူး တာဝန္ ႏွင့္ လုပ္ပိုင္ခြင့္ တို႔ကို အလႊဲသံုးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္းျဖ စ္ေၾကာင္း ေကာ္မရွင္၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္း ေရးသားထားသည္။
တာဝန္ႏွင့္ လုပ္ပိုင္ခြင့္ကို အလြဲသံုးစားလုပ္သည္ဆိုၿပီး ေနျပည္ေတာ္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ စစ္ေဆးေရးမွဴး ဦးေက်ာ္စိုးထြန္းမွ တရားလို ျပဳလုပ္ ကာ သထံုၿမိဳ႕ ရဲစခန္းတြင္ အမႈဖြင့္ တိုင္ၾကားထားၿပီး ရဲစခန္းမွ (ပ)၂၃၈၂/၂၀၁၉ အဂတိလိုက္စားမႈတိုက္ဖ်က္ ေရး ဥပေဒပုဒ္မ ၅၆ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိသည္။
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ သည္ ျပစ္မႈထင္ရွားေၾကာင္း စစ္ေဆးေပၚေပါက္ပါ က ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ခ်မွတ္ႏိုင္သလို ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေသာ ပုဒ္မျဖစ္သည္။
ႏိုင္ငံေရးရာထူး လက္ရွိျဖစ္သူမွအပ အျခား လုပ္ပိုင္ခြင့္ အာဏာရွိသူ (သို႔မဟုတ္) လုပ္ပိုင္ခြင့္ အာဏာရွိစဥ္က မည္သူမဆို အဂတိလိုက္စားမႈ က်ဴးလြန္ေၾကာင္း ျပစ္မႈ ထင္ရွား စီရင္ျခင္း ခံရလ်ွင္ ထိုသူကို ဆယ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏုိင္သည္။