ကျန်ရှိနေသော ကရင်နီ လူငယ် ၅ ဦး ထောင်မှလွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်။

ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ကိစ္စနှင့် ဆက်နွယ်ပြီး ဖမ်းဆီး တရားစွဲဆို အကျဉ်းချခံထားရသည့် ကရင်နီလူငယ် ၅ ဦး ဒီဇင်ဘာလ ၁၃ ရက် (ယနေ့)တွင် ပြန်လွတ်လာသည်ဟု ၎င်းတို့၏ ရှေ့နေဖြစ်သူ စောခူးတလေက ပြောသည်။

“သူတို့လွတ်လာပြီ မနက် ၇ နာရီကတည်းက ဝမ်းသာတယ်။ ကိုယ့်လူတွေ ပြန်ထွက်လာတယ်။ ဆိုတော့ ပျော်တာပေါ့။”

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ပုဒ်မ ၁၀ ဖြင့် ကယားပြည်နယ် အစိုးရက ဖမ်းဆီး တရားစွဲ အကျဉ်းချထားသည့် ကရင်နီလူငယ် ၆ ဦး အနက် ခူးကြူး ဖဲကေး (ခ)ဂူဂူးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က လွတ်မြောက်လာခဲ့ပြီး ကျန်ရှိနေသည့် ၅ ဦးမှာ ဒီဇင်ဘာလ ၁၃ ရက် (ယနေ့) တွင် ချုပ်ရက်စေ့သည့်အတွက် ပြည်လည်လွတ်မြောက်လာကြသည်ဟု စောခူးတလေ က ပြောသည်။

ကယားပြည်နယ် အစိုးရမှ ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ် ၆ လစီ ကျခံပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် ပြန်လည်လွတ်မြောက်လာသည့် ကရင်နီလူငယ် ၅ ဦးမှာ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။

ကရင်နီလူငယ်အားလုံး ပြန်လည်လွတ်မြောက်လာသည်ကို ကြိုဆိုသော်လည်း လူထုကို အကာအကွယ်ပေး သည့် ဥပဒေဖြင့် ပြည်နယ်အစိုးရမှ ကရင်နီလူငယ် ၆ ဦးအား ဖမ်းဆီး တရားစွဲ ထောင်ဒဏ်ချလိုက်ခြင်း သည် လက်ခံနိုင်စရာ မရှိသကဲ့သို့ အဆိုပါ ဥပဒေအပေါ် အစိုးရအနေဖြင့် တိတိကျကျ ပြန်လည်ရှင်းလင်းပေးရန် လိုအပ်သည်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ ဦးသဲရယ် က ပြောသည်။

“လက်ရှိပြဌာန်း နေတဲ့ နိုင်လွတ်လုံ ဥပဒေတွေက လူထုကို အကာအကွယ်ပေးဖို့ပြဌာန်းတာလား နို့မဟုတ်ရင် နိုင်ငံတော်ကို အကာအကွယ်ပေးဖို့ ပြဌာန်းတာလားဆိုတာ ကျနော်တို့က စဉ်းစားရခက်တာပေါ့နော ဆိုတော့ ဒီဥပဒေက ဘယ်သူ့အတွက်လဲ ဆိုတာ အစိုးရက ရှင်းလင်းဖို့လိုတယ်။ လူထုကို ကာကွယ်ပေးမယ့် ဥပဒေလို့ကျနော်တို့ ထင်ခဲ့ပေမယ့် လူထုကို အနိုင်ကျင့် ဗိုလ်ကျတဲ့ ဥပဒေ ပုဒ်မတွေဖြစ်နေတဲ့အခါကျ တော့ ဒါတွေက တရားမျှတမှုမရှိဘူး ဥပဒေရေးဆွဲ ပြဌာန်းက တည်းကိုက ရည်ရွယ်ချက်က တရားမျှတမှုမရှိဘူးလို့ ကျနော်တစ်ယောက်အနေနဲ့ သုံးသပ်ပါတယ်။”

ယခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ်များက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီး တို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသားများ အချင်းချင်း ကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံး ညီညွတ်မှုများကို ပြိုကွဲစေသည်သာမက ကရင်နီ သမိုင်းအား ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရခြင်း ဖြစ် သည်။

အဆိုပါစာကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီး ဦးမော်မော်တို့က ၎င်းတို့၏ ဂုဏ်သိက္ခာအရ ညိုးနွမ်းမှု၊ ထိခိုက်မှု ရှိသည်ဟုဆိုကာ ကရင်နီ လူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲ ဆိုခဲ့သည်။

၎င်းတို့ ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက သြဂုတ်လ ၂၆ ရက်နေ့ (၉) ကြိမ်မြောက် ရုံးချိန်းတွင် နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမှုကို ဆက်လက် စစ်ဆေးရန် စွဲချက်တင်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့ ၁၈ ကြိမ်မြောက် ရုံးချိန်း တွင် ထောင် ဒဏ် ၆ လစီ ကျခံရန် အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။

Zawgyi…

က်န္ရွိေနေသာ ကရင္နီ လူငယ္ ၅ ဦး ေထာင္မွလြတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္။

ဗိုလ္ခ်ဳပ္ျမင္းစီးေၾကး႐ုပ္ ကိစၥႏွင့္ ဆက္ႏြယ္ၿပီး ဖမ္းဆီး တရားစြဲဆို အက်ဥ္းခ်ခံထားရသည့္ ကရင္နီလူငယ္ ၅ ဦး ဒီဇင္ဘာလ ၁၃ ရက္ (ယေန႔)တြင္ ျပန္လြတ္လာသည္ဟုု ၎တို႔၏ ေရွ႔ေနျဖစ္သူ ေစာခူးတေလက ေျပာသည္။

“သူတို႔လြတ္လာၿပီ မနက္ ၇ နာရီကတည္းက ဝမ္းသာတယ္။ ကိုယ့္လူေတြ ျပန္ထြက္လာတယ္။ ဆိုေတာ့ ေပ်ာ္တာေပါ့။”

ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး(ႏိုင္လြတ္လုံ) ပုဒ္မ ၁၀ ျဖင့္ ကယားျပည္နယ္ အစိုးရက ဖမ္းဆီး တရားစြဲ အက်ဥ္းခ်ထားသည့္ ကရင္နီလူငယ္ ၆ ဦး အနက္ ခူးၾကဴး ဖဲေကး (ခ)ဂူဂူးမွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၅ ရက္ေန႔က လြတ္ေျမာက္လာခဲ့ၿပီး က်န္ရွိေနသည့္ ၅ ဦးမွာ ဒီဇင္ဘာလ ၁၃ ရက္ (ယေန႔) တြင္ ခ်ဳပ္ရက္ေစ့သည့္အတြက္ ျပည္လည္လြတ္ေျမာက္လာၾကသည္ဟု ေစာခူးတေလ က ေျပာသည္။

ကယားျပည္နယ္ အစိုးရမွ ဖမ္းဆီးတရားစြဲဆိုကာ ေထာင္ဒဏ္ ၆ လစီ က်ခံၿပီးေနာက္ ဒီဇင္ဘာလ ၁၃ ရက္ေန႔ တြင္ ျပန္လည္လြတ္ေျမာက္လာသည့္ ကရင္နီလူငယ္ ၅ ဦးမွာ ခူးရီဒူး၊ ခြန္းေသာမတ္စ္၊ မ်ိဳးလႈိင္ဝင္း၊ ပ်ားေလးႏွင့္ ကိုဒီးဒီတို႔ ျဖစ္ၾကသည္။

ကရင္နီလူငယ္အားလုံး ျပန္လည္လြတ္ေျမာက္လာသည္ကို ႀကိဳဆိုေသာ္လည္း လူထုကို အကာအကြယ္ေပး သည့္ ဥပေဒျဖင့္ ျပည္နယ္အစိုးရမွ ကရင္နီလူငယ္ ၆ ဦးအား ဖမ္းဆီး တရားစြဲ ေထာင္ဒဏ္ခ်လိုက္ျခင္း သည္ လက္ခံႏိုင္စရာ မရွိသကဲ့သို႔ အဆိုပါ ဥပေဒအေပၚ အစိုးရအေနျဖင့္ တိတိက်က် ျပန္လည္ရွင္းလင္းေပးရန္ လိုအပ္သည္ဟု ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီမွ ဖ႐ူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၁ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မွ ဦးသဲရယ္ က ေျပာသည္။

“လက္ရွိျပဌာန္း ေနတဲ့ ႏိုင္လြတ္လုံ ဥပေဒေတြက လူထုကို အကာအကြယ္ေပးဖို႔ျပဌာန္းတာလား ႏို႔မဟုတ္ရင္ ႏိုင္ငံေတာ္ကို အကာအကြယ္ေပးဖို႔ ျပဌာန္းတာလားဆိုတာ က်ေနာ္တို႔က စဥ္းစားရခက္တာေပါ့ေနာ ဆိုေတာ့ ဒီဥပေဒက ဘယ္သူ႔အတြက္လဲ ဆိုတာ အစိုးရက ရွင္းလင္းဖို႔လိုတယ္။ လူထုကို ကာကြယ္ေပးမယ့္ ဥပေဒလို႔က်ေနာ္တို႔ ထင္ခဲ့ေပမယ့္ လူထုကို အႏိုင္က်င့္ ဗိုလ္က်တဲ့ ဥပေဒ ပုဒ္မေတြျဖစ္ေနတဲ့အခါက် ေတာ့ ဒါေတြက တရားမွ်တမႈမရွိဘူး ဥပေဒေရးဆြဲ ျပဌာန္းက တည္းကိုက ရည္႐ြယ္ခ်က္က တရားမွ်တမႈမရွိဘူးလို႔ က်ေနာ္တစ္ေယာက္အေနနဲ႔ သုံးသပ္ပါတယ္။”

ယခုႏွစ္ မတ္လ ၂၅ ရက္ေန႔တြင္ ကရင္နီလူငယ္မ်ားက ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ စီမံေရးႏွင့္ ဘ႑ာ ေရးဝန္ႀကီး တို႔အျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကး႐ုပ္ျဖစ္ေျမာက္ေရးေကာ္မတီတို႔ေၾကာင့္ တိုင္းရင္းသားမ်ား အခ်င္းခ်င္း ၾကားႏွင့္ ေဒသအတြင္းရွိ ဌာေနတိုင္းရင္းသားမ်ားၾကား စည္းလုံး ညီၫြတ္မႈမ်ားကို ၿပိဳကြဲေစသည္သာမက ကရင္နီ သမိုင္းအား ပ်က္ျပားေစေၾကာင္း လက္မွတ္ေရးထိုးကာ ထုတ္ျပန္ခဲ့သည့္ စာေၾကာင့္ ဖမ္းဆီးတရားစြဲခံခဲ့ရျခင္း ျဖစ္ သည္။

အဆိုပါစာေၾကာင့္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိ ႏွင့္ စီမံကိန္းႏွင့္ ဘ႑ာ ေရး ဝန္ႀကီး ဦးေမာ္ေမာ္တို႔က ၎တို႔၏ ဂုဏ္သိကၡာအရ ညိဳးႏြမ္းမႈ၊ ထိခိုက္မႈ ရွိသည္ဟုဆိုကာ ကရင္နီ လူငယ္ ၆ ဦးကို ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး(ႏိုင္လြတ္လုံ) ဥပေဒ ပုဒ္မ ၁၀ ျဖင့္ တရားစြဲ ဆိုခဲ့သည္။

၎တို႔ ၆ ဦးကို လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးက ၾသဂုတ္လ ၂၆ ရက္ေန႔ (၉) ႀကိမ္ေျမာက္ ႐ုံးခ်ိန္းတြင္ ႏိုင္လြတ္လုံ ပုဒ္မ ၁၀ ျဖင့္ အမႈကို ဆက္လက္ စစ္ေဆးရန္ စြဲခ်က္တင္ခဲ့ၿပီး ႏိုဝင္ဘာလ ၇ ရက္ေန႔ ၁၈ ႀကိမ္ေျမာက္ ႐ုံးခ်ိန္း တြင္ ေထာင္ ဒဏ္ ၆ လစီ က်ခံရန္ အၿပီးသတ္ အမိန႔္ခ်မွတ္ခဲ့သည္။