အပစ်ရပ် လားဟူ အဖွဲ့ ဖွံ့ဖြိုးရေးနှင့် လူထုစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်နေ့။
NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် လားဟူ လူထုတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေး နှင့် ဖွံ့ဖြိုးရေး ကိစ္စများ အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု LDU ခေါင်းဆောင်ပိုင်းက ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စတင်ကျင်းပသည့် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ပတ်သက်သည့် အခြေအနေ များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပရေးကိစ္စ ရပ်များအား ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေး တက်ရောက်သော ကိုယ်စားလှယ်များက ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်နိုင်ရေးကိစ္စ များနှင့် ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် LDU ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေး ကိစ္စ များအား ဆွေးနွေးအတည်ပြုသွားရန် ရှိသည်ဟုလည်း ပြောသည်။
နှစ်ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး မစတင်မှီ လားဟူဒေသအတွင်း လူထုတွေ့ဆုံပွဲများ ပြုလုပ်နိုင်ရေး ဆွေးနွေး သတ်မှတ်သွားဖို့ရှိပြီး လားဟူဒေသတွင်း ဖွံ့ဖြိုးရေး ကိစ္စများကိုလည်း အကောင်အထည်ဖော်နိုင်ရန် ဆုံးဖြတ်သွားမည် ဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ပြောသည်။
ယခု အစည်းအဝေးတွင် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ညီလာခံ ကျင်းပရေး ကိစ္စ နှင့် လာမည့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရေး ကိစ္စ များကိုလည်း ထည့်သွင်းဆွေးနွေး ဆုံးဖြတ်သွားရန်ရှိသည်ဟု ဆိုသည်။
လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ( Lahu Democratic Union) အဖွဲ့သည် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA ကို မွန်ပြည်သစ်ပါတီ NMSP အဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
ZawGyi
အပစ္ရပ္ လားဟူ အဖြဲ႔ ဖြံ႔ၿဖိဳးေရးႏွင့္ လူထုစည္းရံုးေရး လုပ္ငန္းမ်ား လုပ္ေဆာင္သြားမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇႏၷဝါရီလ ၁၅ ရက္ေန႔။
NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ လားဟူဒီမိုကရက္တစ္အစည္းအရံုး LDU ၏ ဗဟိုေကာ္မတီ အစည္းအေ၀းတြင္ လားဟူ လူထုေတြ႕ဆံုေဆြးေႏြးပြဲမ်ား က်င္းပႏိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရး ကိစၥမ်ား အေကာင္အထည္ေဖာ္ႏိုင္ရန္ ေဆြးေႏြး ဆံုးျဖတ္သြားမည္ဟု LDU ေခါင္းေဆာင္ပိုုင္းက ေျပာသည္။
ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ ယေန႕ စတင္က်င္းပသည့္ လားဟူဒီမိုကရက္တစ္ အစည္းအရံုး LDU ၏ ဗဟိုေကာ္မတီ အစည္းအေ၀းတြင္ လက္ရွိၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ႏွင့္ ပတ္သက္သည့္ အေျခအေန မ်ားႏွင့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လံု က်င္းပေရးကိစၥ ရပ္မ်ားအား ေဆြးေႏြးခဲ့ၾကသည္ဟုု အစည္းအေ၀း တက္ေရာက္ေသာ ကိုုယ္စားလွယ္မ်ားက ေျပာသည္။
ထို႕အျပင္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္တြင္ အမ်ိဳးသမီးမ်ား ပါ၀င္ႏိုင္ေရးကိစၥ မ်ားႏွင့္ ၂၁ ရာစု ပင္လံု စတုတၳအႀကိမ္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံတြင္ LDU ကိုယ္စားလွယ္မ်ား တက္ေရာက္ႏိုင္ေရး ကိစၥ မ်ားအား ေဆြးေႏြးအတည္ျပဳသြားရန္ ရွိသည္ဟုလည္း ေျပာသည္။
ႏွစ္ရက္ၾကာ က်င္းပမည့္ အစည္းအေ၀းတြင္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လံု အစည္းအေ၀း မစတင္မွီ လားဟူေဒသအတြင္း လူထုေတြ႕ဆံုပြဲမ်ား ျပဳလုပ္ႏိုင္ေရး ေဆြးေႏြး သတ္မွတ္သြားဖို႕ရွိၿပီး လားဟူေဒသတြင္း ဖြံ႕ၿဖိဳးေရး ကိစၥမ်ားကိုလည္း အေကာင္အထည္ေဖာ္ႏိုင္ရန္ ဆံုးျဖတ္သြားမည္ ျဖစ္သည္ဟု ေဆြးေႏြးပြဲ တက္ေရာက္လာသည့္ ကိုယ္စားလွယ္မ်ားက ေျပာသည္။
ယခု အစည္းအေ၀းတြင္ လားဟူဒီမိုကရက္တစ္ အစည္းအရံုး LDU ညီလာခံ က်င္းပေရး ကိစၥ ႏွင့္ လာမည့္ ေဖေဖၚဝါရီလ ၁၂ ရက္ေန႕တြင္ က်ေရာက္မည့္ ျပည္ေထာင္စုေန႕ အခမ္းအနား တက္ေရာက္ေရး ကိစၥ မ်ားကိုလည္း ထည့္သြင္းေဆြးေႏြး ဆံုးျဖတ္သြားရန္ရွိသည္ဟု ဆိုသည္။
လားဟူ ဒီမိုကရက္တစ္ အစည္းအရံုး ( Lahu Democratic Union) အဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ ၁၃ ရက္ေန႔တြင္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဴပ္ NCA ကို မြန္ျပည္သစ္ပါတီ NMSP အဖြဲ႕ႏွင့္အတူ လက္မွတ္ေရးထိုးခဲ့ၿပီး ဇူလိုင္လ ၁၁ ရက္ေန႔တြင္က်င္းပခဲ့သည့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လုံ တတိယအႀကိမ္ အစည္းအေဝးကို ပထမဆုံးအႀကိမ္ တက္ေရာက္ခဲ့သည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းျဖစ္သည္။