မဆိုင်တဲ့ ဓါတ်ပုံ သုံးပြီး AA က အရပ်သားတွေကို လူသားဒိုင်းအဖြစ် သုံးတယ်လို့ သတင်းမှားဖြန့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ကရင်ပြည်နယ်က ဓာတ်ပုံကို အသုံးပြုပြီး ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်သူတွေကို လူသားဒိုင်း လုပ်ထား တယ်။ ဗုံးခိုကျင်းတွေ၊ ပစ်ကျင်းတွေကိုလည်း အတင်းအဓမ္မ တူးခိုင်းနေတယ်ဆိုတဲ့ သတင်းအမှား တစ်ခုကို May Yu Htar Nay ဆိုတဲ့ Facebook စာ မျက်နှာ က အောက်တိုဘာလ ၂၁ ရက်နေ့က တင်ထားပါတယ်။
May Yu Htar Nay က “မောင်တောမြို့နယ် ငွေတောင်ရွာနှင့် သာယာကုန်းရွာများ အတွင်းတွင် AA အဖွဲ့မှ ရွာ သားများအား လူသားတံ တိုင်းပြုလုပ်ထား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။
အဲဒီအထဲမှာဆိုရင် “၂၀ – ၁၀ – ၂၀၂၂ ရက်နေ့ ညနေပိုင်းက မောင်တောမြို့နယ် ငွေတောင်ရွာနှင့် သာယာကုန်း ရွာများအတွင်း AA အဖွဲ့ဝင်များ အရပ်ဝတ်များဖြင့် လာရောက်နေထိုင်ကာ ခေါင်းဆောင်ဆိုသူမှ ရွာသားများအား တိုက်ပွဲဖြစ်ပွားပါက ထွက်မသွားကျရန် ပြောဆိုထားပြီး ရွာတွင်ခံစစ်ဆင်ရန်အတွက် ရွာသားများအား ဗုံးခိုကျင်း များ၊ ပစ်ကျင်းများ အတင်းအဓမ္မတူးခိုင်းနေကြောင်း၊ မိသားစုဝင်များ တိုက်ပွဲလွတ်ရာ သွားချင်ပေ မယ့် ရွာပတ် ချာလည်မှာ AA အဖွဲ့များ ကင်းစောင့်နေတာကြောင့် ထွက်ပြေးလို့မရဖြစ်နေကြောင်း၊ ရွာသားများမှာလည်း တိုက် ပွဲဖြစ်ပါက အသက်ဘေးထိမှာ စိုးရိမ်နေရကြောင်း ဒေသခံရွာသားတစ်ဦးထံမှ ဖုန်းဖြင့် သတင်းပေးပို့ လာပါတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။
အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ May Yu Htar Nay က ကရင် ပြည်နယ်ထဲက ဒေသခံတွေ ဗုံးခိုကျင်းတူးနေတဲ့ ပုံကို အသုံးပြုပြီး သတင်းကို လုပ်ကြံဖန်တီးထားလို့ပဲ ဖြစ်ပါ တယ်။
ဓာတ်ပုံကလည်း အခုလက်ရှိ အချိန်မှာ ဖြစ်နေတဲ့ ဓာတ်ပုံမဟုတ်ပဲ ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းက ဖြစ်နေတဲ့ ဓာတ်ပုံကို အသုံး ပြုထားပါတယ်။
KNU တပ်မဟာ ၅ နယ်မြေအတွင်းက ဒေသခံတွေ ဗုံးခိုကျင်းတူးနေတာကို ရခိုင်ပြည်သူတွေကို ရက္ခိုင့်တပ်တော် AA က ခိုင်းလို့ ဗုံးခိုကျင်းတွေ၊ ပစ်ကျင်းတွေ တူးနေရတဲ့ ပုံစံဖြစ်အောင် ရေးသားထားတာပါ။
စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေ ရှိလာရင် ဗုံးခိုကျင်းထဲမှာ ခိုနိုင်ဖို့ KNU တပ်မဟာ ၅ နယ်မြေက ဒေသခံ တွေ ဗုံးခိုကျင်းနေတဲ့ အကြောင်းကို KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က ၂၀၂၁ ခုနှစ်က ဧပြီလ ၅ ရက်နေ့ သတင်းထုတ်ပြန်ထားတာကို ဒီမှာ နဲ့ ဒီမှာ ဝင် ကြည့်လို့ ရပါ တယ်။
ဒါကြောင့် အချက်အလက်တွေနဲ့ ဓာတ်ပုံကို တိုက်ကြည့်လိုက်တဲ့အခါမှာ May Yu Htar Nay က ရေးသားထား တဲ့ စာနဲ့ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ မကိုက်ညီတဲ့အပြင် ရက္ခိုင့်တပ် တော် AA ကို ပြည်သူတွေ အထင်အမြင် မှား အောင်၊ ကြောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေကြ ပါတယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်း ဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။