ဗန်းမော်တွင် စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ချ၊ လက်နက်ချသူ ၄၀ ခန့်ရှိပြီဟု KPDF ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်။
KIA၊ PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အတွင်း စစ်ကောင်စီတပ်သား ၃ ဦး CDM လုပ်လာသည်ဟု မြို့လှ KPDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ဗန်းမော်ခရိုင်ရှိ စစ်ကောင်စီတပ်၊ တပ်မ ၈၈ လက်အောက်ခံ စစ်ကောင်စီ တပ်သား ၃ ဦးက CDM ဝင် ရောက် လာခြင်း ဖြစ်သည်ဟု မြို့လှ-KPDF အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက အတည်ပြုပြောသည်။
“ကျနော်တို့ဘက်က အောက်မြေပြင်မှာ ကျနော်တို့အဖွဲ့တွေနဲ့ တာဝန်ရှိတဲ့လူကြီးတွေနဲ့ လှမ်းအကြောင်း ကြား ပြီးတော့မှ အဲဆီအရောက်ပို့ပေးလိုက်တယ်။ အဲကနေမှ သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း CDM လုပ်လာတဲ့ တပ် သားတွေကိုလည်း မေးမြန်းတာပေါ့။ သူတို့ မြေပြင်တပ်ဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ချင်တယ် ဆိုရင်လည်း သူ တို့နဲ့ ယုံကြည်မှု တည်ဆောက်ပြီးမှ အဲ့မျိုး လက်တွဲထားတာတွေလည်း ရှိတယ်။ ဌာနေ နေရပ်အိမ်ကို ပြန်ချင် တဲ့ အခြေအနေနဲ့လာတဲ့ ဟာတွေကိုလည်း ပြန်ပို့ပေးလိုက်တယ်။ ၃ ယောက်ကတော့ သူတို့ပဲ ချိတ်ဆက်ခဲ့ပြီး တော့ ဆက်သွယ်ခိုင်းတာပေါ့နော်။”
ပြည်သူ့ရင်ခွင်ထဲ CDM ဝင်ရောက်လာသည့် သူများမှာ တပ်မ ၈၈ လက်အောက်ခံတပ်ဖြစ်သည့် ခလရ ၇၈ တပ်ရင်းက တပ်သား ရဝေအောင်နှင့် နိုင်လင်းဦး၊ ခလရ ၄၃၇ တပ်ရင်းက တပ်သား ဇော်မင်းထွေးတို့ ဖြစ်ကြ သည်။
အဆိုပါ စစ်ကောင်စီ တပ်သား ၃ ဦးက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လက်အောက်ခံ အမှတ် ၅ တပ်ရင်း၊ မြို့လှ KPDF တို့ထံ ပူးပေါင်းဝင်လာကာ CDM လုပ်လာခြင်း ဖြစ်သည်။ ၎င်းတို့မှာ စက်တင် ဘာလ ပထမပတ်ထဲတွင် CMD လုပ်လာကြခြင်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝင်ရောက်လာသူပေါင်း အယောက် ၄၀ ခန့် ရှိနေပြီလို့ KPDF တာဝန်ခံက ဆက်ပြောသည်။
“အစောတုန်းကတော့ ပထမတော့ လက်ခံတာမရှိဘူး ပြည်သူ့ရင်ပြင်မှာခိုလုံလာတာတို့ နောက် သုံ့ပန်းအနေနဲ့ ဖမ်းမိတာတို့ သူတို့ရဲ့ ထွက်ပြေးလာတဲ့ အပေါ်မူတည်ပြီးမှ သူတို့ထွက်ခွာလာတဲ့ အပေါ် မူတည်ပြီးမှ သုံ့ပန်းတွေ က တမျိုး သူတို့ ဆန္ဒကိုလည်း မေးမြန်းပြီးတော့မှ ပြည်သူ့ရင်ပြင်အဖွဲ့ကို အများဆုံး ချိတ်ပေးခဲ့တယ် အခုက ၄၀ ကျော်လောက်ရှိပြီး တပ်ရင်းအနေနဲ့ တရားဝင်လုပ်ပေးတာကတော့ ၄ ယောက်ပေါ့။ ဟိုနေ့က သုံ့ပန်းတစ် ယောက် ကျောက်ကြီးစခန်းကို ဝင်သိမ်းတဲ့ခါမိလာတဲ့ တစ်ယောက်က မိသားစုကို ချိတ်ဆက်ပြီး ပြန်သွားချင် တယ် ဆိုတဲ့ ဆန္ဒပါတော့ အဲဒါတော့ လွှတ်ပေးလိုက်တယ်။”
ယခုကဲ့သို့ CDM လုပ်လာကြသည့် စစ်ကောင်စီတပ်သားများကို ၎င်းတို့၏ သဘောဆန္ဒအတိုင်း မိသားစုများနှင့် ချိတ်ဆက်ပေးခြင်း၊ လုံခြုံရေးအရ အိမ်မပြန်ချင်သောသူများကိုလည်း လုံခြုံနိုင်မည့်နေရာများကို ပို့ဆောင်ပေးမျိုး လုပ်ပေးလေ့ရှိသည်ဟု ဆိုသည်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူ CDM တပ်သားများကို လိုအပ်သည့် ပံ့ပိုးမှု ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ပေး သည်ဟု ပြောသည်။
မြို့လှ KPDF အဖွဲ့အနေဖြင့် ၎င်းတို့ စစ်ရေးလှုပ်ရှားနေသည့် ဒေသများအတွင်း စစ်ကောင်စီတပ်သားများ CDM ဝင်ရောက်လာမှုအပြင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည့် စစ်သားမများလည်း ရှိနေသည်ဟု ဆိုသည်။
လက်ရှိတွင် မြို့လှ KPDF စစ်ရေးလှုပ်ရှားနေသည့် ရွှေကူမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် နှစ်ဖက်ကြား တင်း မာလျှက်ရှိပြီး အချိန်မရွေးတိုက်ပွဲများလည်း ဖြစ်လာနိုင်သည့် အနေအထားမျိုး ဖြစ်နေသည်ဟု မြို့လှ-KPDF အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။
“စစ်ရေးတင်းမာနေတဲ့ အခြေအနေမျိုးပေါ့၊ မျက်နှာချင်းဆိုင် အခြေအနေမျိုးတော့ ရှိတယ်။ ဖိအားတော့ နည်းနည်းလျော့နေတယ်။ သူတို့က လိုင်ဇာဘက်ကိုပဲ လှုပ်ရှားနေတယ်။”
စက်တင်ဘာလ ၁ ရက်နေ့ကလည်း မြို့လှ KPDF အဖွဲ့က ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံတပ်ဖြစ်သော ခလရ ၇၇ ၏ စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ် လက်အောက်ခံ ဒု-တပ်ကြပ်ပေါညိမ်း ဆိုသူကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။