သံတွဲ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA သိမ်းလိုက်ပြီ
တစ်လနီးပါးအကြာ တိုက်ခိုက်ခဲ့ရတဲ့ ရခိုင်ပြည် သံတွဲမြို့နယ်ထဲက မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။ အခုဆိုရင် AA ဟာ စစ်ကောင်စီရဲ့ရေတပ်စခန်းကို ပထမဆုံး သိမ်းပိုက်နိုင်တဲ့တပ်ဖွဲ့ဖြစ်လာပါတယ်။