စစ်အာဏာရှင်စနစ်နှင့်အတူ ဖိုဝါဒ လွှမ်းမိုးမှုကြောင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုများ ပိုမိုများပြားလာန

သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂၆ ရက်။ ၂၀၂၄ ခုနှစ်

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်နှင့် အတူ ဖိုဝါဒ လွှမ်းမိုးမှုကြောင့် လူ့အဖွဲ့ အ စည်းအတွင်း ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုများ ပိုမိုများပြားလာသည်ဟု အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်နှင့်အတူ ဖိုဝါဒကြီးစိုးမှုကို အခြေခံသော ဓလေ့များကြောင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အမျိုးသမီးများက ပိုမို ခွဲခြားဆက်ဆံ ခံနေရသည်ဟု LGbTQ+ အရေး တက်ကြွ လှုပ်ရှားသူ သန့် က ပြောသည်။

ဖိုဝါဒ ဆိုတာက အယူဝါဒတစ်ခု ဖြစ်တယ်။ အဲ့ဒီ အယူဝါဒကပဲ ကျနော်တို့ လူမှု အဆောက်အအုံ အများကြီးကို  ကျောထောက်နောက်ခံ ပေးထားတာတွေ အများကြီး ရှိတယ်။ အဲ့ထဲမှာ စစ်တပ်က ဆိုလို့ရှိရင် ပိုမြင်သာတဲ့ လူမှု အဆောက်အအုံတစ်ခု ဖြစ်တယ်ပေါ့။ အဲ့တော့ ဖိုဝါဒရဲ့ သက်ရောက်မှုကို ခံရတယ် ဆိုတဲ့အခါမှာ အမျိုးသမီး တွေဟာ အများစု ဖြစ်တယ်။ ဆိုတော့ လူဦးရေအားဖြင့်လည်း အများစုလည်း  ဖြစ်တယ်ပေါ့နော။ အမျိုးသမီး တွေကို ဒုတိယ လူတန်းစား sporting သတ်မှတ် လက်ခံ ဆက်ဆံကြတဲ့ အလေ့အထက ကျနော်တို့ လူမှုပတ်ဝန်း ကျင်မှာ ဒါက ပုံမှန်တရား တစ်ခု အနေနဲ့ပေါ့။ ပုံမှန် အနေနဲ့ကို ရှိနေတဲ့ အရာဖြစ်တယ်။

ခေတ်အဆက်ဆက် က ခံယူထားသည့် ဓလေ့များနည်းတူ လက်ရှိ တော်လှန်ရေး ကာလတွင်လည်း ကျား/မ တန်းတူရေးကို အခြေမခံသည့် ဖိုဝါဒကြီးစိုးသော အမျိုးသား လှုပ်ရှားမှုမျးက ကဏ္ဍပေါင်းစုံ၌ ဆက်လက် ဖြစ်ပေါ်နေပြီး အမျိုးသမီးများကို ဒုတိယ လူတန်းစား အနေဖြင့် ခွဲခြားဆက်ဆံကြသည်ဟု မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) မူဝါဒရေးရာ ဦးဆောင် အဖွဲ့ဝင် ဒေါ်တင်တင်ညို က ပြောသည်။

ကျမတို့ နိုင်ငံမှာ ဘာတွေရှိလာလဲဆို စစ်အာဏာရှင် ကြီးစိုးမှု ရှိတယ်။ တစ်ဖက်မှာလည်း အစွန်းရောက် ဝါဒ တွေလည်း လွှမ်းမိုး လုပ်ဆောင်နေတဲ့ အနေအထား မှာရှိတယ်။ တစ်ဖက်မှာလည်း  အမျိုးသားရေး ကြီးစိုးရေး ဝါဒတွေ တော်တော်များများနဲ့ ကျမတို့ရဲ့ နိုင်ငံတစ်ခုရဲ့ ပြောမယ်ဆို လူမှုအသိုင်းအဝိုင်းကို အဲ့ဒီဝါဒတွေနဲ့ တည် ဆောက် လာကြတာ ရှိတယ်။ ဘယ်သူတွေက အဲ့ဒါတွေကို ဦးဆောင်လဲဆိုရင် အမျိုးသားတွေက အုပ်ချုပ် တယ်။ ဆိုတော့ နိုင်ငံတစ်ခုမှာ စစ်ဖြစ်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ ဟာက ဒီအရာတွေအားလုံး ဦးဆောင်နေတဲ့ သူက ဒီဟာ သွားနေလို့ ဖြစ်တယ်“  

ထို့အပြင် စစ်အာဏာရှင်စနစ်နှင့် အတူ ဖိုဝါဒ လွှမ်းမိုးမှုမှာ လူ့အဖွဲ့အစည်းအတွင်းက ဂျဲန်ဒါအခြေပြု အကြမ်း ဖက်မှု၏ အကျိုးဆက် တစ်ခုအဖြစ် LGBTQ+ များ၏ လူမှုဘဝထိခိုက်မှုများနှင့် ပတ်သက်၍လည်း သန့် က ယခုကဲ့သို့ ဆက်ပြောသည်။

ကျနော်တို့ ဒီအမျိုးသမီးတွေ သာမကပဲနဲ့ ကျနော်တို့ တစ်ချို့ဆို လိင်စိတ်ခံယူမှုကွဲပြား ပိုပြီးတိတိ ကျကျ ပြော ရရင် LGBTQ+ လူထုတွေ အနေနဲ့ဆိုလို့ရှင်လည်း ဒီလိုမျိုး ဖိုဝါဒရဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ခံရ တယ်ဆိုတော့ အဲ့တော့ ဖိုဝါဒရဲ့သဘောကိုက အမျိုးသားဖြစ်ခြင်းကို ကြီးကျယ် မြင့်မြတ်စေတယ်။ ဆိုတော့ LGBTQ+ အနေနဲ့ကြတော့လည်း တစ်ခြားသော လူမှုရေးဆိုင်ရာအဖွဲ့ ရဲ့ ဖယ်ကျဉ်မှုတွေ ခွဲခြား ဆက်ဆံမှုတွေ အများကြီးခံရတယ်။

ကျား/မ တန်းတူရေးအတွက် ခွဲခြားခြင်း ဆက်ဆံခံနေရသည့် အခြားတစ်ဖက်တွင် နိုင်ငံအတွင်း စစ်အာဏာရှင် စနစ် ရှင်သန်ကျင့်သုံးနေသမျှ ကာလပတ်လုံး ပြည်သူများ လိုချင်နေကြသည့် ငြိမ်းချမ်းရေး၊ တန်းတူရေးကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်သောကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုန်းရေးနှင့်အတူ ဖိုဝါဒ ကြီးစိုးမှုကိုလည်း တစ်ခါတည်း တိုက်ဖျက်သွားဖို့ လိုအပ်သည်ဟု အမျိုးသမီးအရေး လှုပ်ရှားသူများက ဆိုသည်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားဖို့အပြင် လူမှုအသိုင်းအဝိုင်းထဲ၌ အမျိုးသမီးများနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများအပေါ်  မြင်သည့် အမြင်များ ပြောင်းလဲလာစေရန် လူတစ်ဦး တစ်ယောက်ချင်းစီ၌ ရှိနေသည့် ဖြစ်တည်မှုကို တန်ဖိုးထား လေးစားမှုက ဖိုဝါဒ လွှမ်းမိုးမှုနှင့် ဂျဲန်ဒါ ခွဲခြားဆက်ဆံမှု ပပျောက်ရန် အတွက် အခြေခံ အကျဆုံးနှင့် အရေးကြီးဆုံးအချက် ဖြစ်သည်ဟု (BWU) က ဆိုသည်။

ဓါတ်ပုံ – WLB