တောင်ငူ-ယာဒိုလမ်း ပျက်စီး၊ ကုန်သည်များ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။ 

လမ်းပျက်စီးမှုကြောင့် ကရင်နီနှင့် တောင်ငူမှ ကုန်သည်များ အခက်တွေ့နေကြသည်ဟု ပြောသည်။

ကရင်နီပြည် ယာဒိုနှင့် ပဲခူးတိုင်း တောင်ငူမြို့တို့ ဆက်သွယ်ထားသော တောင်ငူ – ယာဒိုလမ်းသည် ကရင်နီပြည်နှင့် တောင်ငူ၏ ကုန်စည်စီးဆင်းမှုအတွက် အရေးပါသည့် လမ်းကြောင်း တစ်၏ခု ဖြစ်သည်။ ထိုလမ်းမသည် လမ်းခရီးပျက်စီးမှုကြောင့် ကုန်စည် စီးဆင်းမှုပိုင်းတွင် အခက်ကြုံနေကြရ သည်။

ထိုအခြေအနေနှင့် ပတ်သက်၍ ကုန်စည်ရောင်းဝယ်မှု ပြုလုပ်နေသူ ကုန်သည်တစ်ဦးက ကုန် စီးဆင်းမှုအခက်အခဲရှိတယ်။ကျနော်တို့ဒေသတွင်းမှာ မြေပြိုတာတို့ရှိတယ်။ ပြီးရင် ဟိုးမိန်းလမ်း အာဆီယံလမ်းပေါ့ (တောင်ငူ/လွိုင်ကော်လမ်း) လည်းမြေပြိုတယ် တံတားကျိုးတယ်ဟု ၎င်းကြုံတွေ့နေရသည့် လမ်းခရီး အခက်အခဲကို ပြောသည်။

ကုန်သွယ်ရာတွင် လမ်းခရီးသာမက နိုင်ငံရေး အခြေအနေကြောင့် တောင်ငူမြို့ အထိ ကုန်ကို သွားရောက် ဝယ်ယူ ၍မရဘဲ လမ်းတစ်ဝက်တွင်သာ ကုန်စည်များကို အချိန်းအပြောင်း ပြုလုပ်ရသည်ဟု ထိုကုန်သည်က ပြောသည်။

ကုန်အချိန်းအပြောင်း ပြုလုပ်ရာတွင်လည်း ကြုံနေရသည့် အခက်အခဲနှင့် ပတ်သက်၍လည်း ကုန်သည်တစ်ဦး ဟိုတောင်ငူဖက်ကလာတဲ့ ကားတွေစောင့်ပြီးတော့ ပစ္စည်းပြန်ထမ်းတင် ကိုယ့်အလှည့်ရောက်ဖို့လည်း တော်တော်မလွယ်ပါဘူး။ ဘာလို့ဆိုရှေ့မှာလည်း ကားတွေတန်းစီနေတာပဲ။ အဲ့လိုပဲစောင့်ပြီးလုပ်ရတာပေါ့ ကုန်ချိန်းမယ်ဆိုရင်အနည်းဆုံး တစ်ရက် တစ်ရက်နဲ့မပြီးရင်လည်း နှစ်ရက် ချိန်းပြီးတော့ တင်ရတယ် ဟု ပြော သည်။

ကုန်များ သွားရောက် ဝယ်ယူရာ၌ ကုန်ဈေးနှုန်းကြီးမြင့်မှု အပြင် ကုန်ချိန်းကားခများလည်း အဆမတန် ပေးနေရ သည်ဟု ဆိုသည်။

ကုန်သည်က ကုန်ဈေးနှုန်းတွေလည်း အရမ်းတက်တယ် ဟိုဖက်က(တောင်ငူ) ကားကိုငှားရင်တောင်မှ တော်တော်ပေးရတယ်။ သူတို့က တစ်နာရီလောက်ပဲ မောင်းရတယ်ကိုယ်က ၇ သိန်းလောက်ပေးနေရပြီ သူတို့ကားကို။ အများကြီးရင်းရပြီးတော့ ကိုယ့်ဖက်က နည်းနည်းပဲကျန်တယ်။ လုပ်ချင်စိတ်တောင် တစ်ခါတစ်လေမရှိတော့ဘူး စိတ်ကုန်နေပြီ ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေး သာမက ကုန်ဈေးနှုန်းများကြောင့် ဆက်လုပ်ကိုင်လိုစိတ် မရှိကြောင်း ထိုကုန်သည် က ဆက် ပြောသည်။

လက်ရှိ ကရင်နီပြည်၌ လမ်းပန်းဆက်သွယ်ရေးကြောင့် သာမက စစ်ကောင်စီ၏ တင်းကြပ်ပိတ်ဆို့မှုများကြောင့် ကုန်စည် စီးဆင်းမှုပိုင်းတွင် အခက်အခဲများ ကြုံတွေ့နေကြရသည်။ 

ထို့အပြင် ကရင်နီပြည်ရှိ ကုန်သည်ပွဲစားများ သာမက သာမာန် လက်လုပ်လက်စား ပြည်သူများလည်း

ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ခံစားနေကြရသည်။