တရုတ်ဂိတ်များ ဆက်ပိတ်ထားမည်ကို ကြံစိုက်တောင်သူများ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။ 

တရုတ်-ကချင် နယ်စပ်ရှိ ကုန်သွယ်ရေး ဂိတ်များ ပိတ်ထားသောကြောင့် ကချင်ပြည်ဘက်ခြမ်းရှိ ကြံစိုက်တောင် သူများ စိုးရိမ်နေကြသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ထားသည့် လွယ်ဂျယ်မြို့နှင့် မိုင်ဂျာယန်မြို့တို့တွင် တရုတ် နယ်စပ်ဂိတ် များ ပိတ်ထားသောကြောင့် ကြံစိုက်တောင်သူများ ကြံခုတ်ရန် မသေချာမရေရာ ဖြစ်နေသောကြောင့် စိုးရိမ်နေ ကြကြောင်း လွယ်ဂျယ်ရှိ ကြံစိုက်တောင်သူများက ပြောသည်။

လွယ်ဂျယ်မှ တရုတ်ဧက ၈၀ (ဧက ၅၀) ခန့် ပိုင်ဆိုင်သည့် ကြံစိုက် တောင်သူတစ်ဦးက အခုက အပေါက်လည်း ပိတ်ထား တယ်ဆိုတော့ မသိတော့ဘူးဟေ့။ ကျနော်တို့ တောင်သူတွေက စိုးရိမ် တော့ စိုးရိမ်တာပေါ့။ ဒါပေမယ့် သူတို့ ကြံ ကုမ္ပဏီနဲ့က အဓိက အရင်း ထုတ်ပေးထားတာများတယ် မခုတ်ရင်လည်း ရှုံးဖို့ အဲ့လို ဖြစ်တာပေါ့ ဟု ပြော သည်။ (Chinese Acre (mu) = 666 square meters) 

အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ကာ ကချင်-တရုတ်နယ်စပ် (KIO ထိန်းချုပ်နယ်မြေအတွင်းရှိ) လိုင်ဇာ (နားဘန်း)၊ ခါရှန်၊ ဆမာ့ (စီးမာ) ဂိတ်တို့အား စစ်ဆေးရေးမြှင့်တင်ရန်ဟုဆို တရုတ်ဘက်ခြမ်းက ပိတ်လိုက်ပြီး နောက် လွယ်ဂျယ်၊ မိုင်ဂျာယန် အပါအဝင် အခြားသော ဂိတ်အချို့ကိုပါ ပိတ်လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံဘက်မှ ကြံဝယ်ယူနေသည့် ကုမ္ပဏီများ အနေဖြင့် ရက်အနည်းငယ် နောက်ဆုတ်ပြီး ကြံခုတ်ကြရန် ကြံစိုက်တောင်သူများအား ပြောဆိုထားကြောင်း ၎င်းတောင်သူက ဆက်ပြောသည်။

အရင်တုန်းက ပြောထားတာက ဒီဇင်ဘာ ၁၅ ရက်နေ့ ကနေ ခုတ်တော့မယ်လို့ တရုတ်ပြည်က ခေါင်းဆောင်တို့ ကို မေးကြည့်တော့ ကိုဗစ်အချိန်မှာ ဒီထက်ဆိုးတာတောင် ခုတ်ရတယ်ပေါ့၊ ဒါကြောင့် ခုတ်တော့ခုတ်ရမယ် လို့ အဲ့လိုပြောတယ်။ နည်းနည်းရှေ့တိုး နောက်ဆုံးပေါ့၊ အဲ့လိုမျိုး ရှိမယ်ထင်တယ်။ အဲလိုမျိုး ပြောတယ်ဟု ပြော သည်။

ကြံစိုက်ခင်းများအား ဒီဇင်ဘာလ မှ မတ်လ အထိ ခုတ်ကြရပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လုပ် သား ရှားပါးမှုများနှင့်လည်း ကြုံရနိုင်ကြောင်း လွယ်ဂျယ်က ဈေးရောင်းနေသည့် ဒေသခံတစ်ဦးက ပြောသည်။

ဂိတ်ကတော့ ပြန်ဖွင့်ဖို့ လမ်းမမြင်ဘူးဗျ။ တရုတ်က တိုက်ပွဲတွေကြောင့် တော်လှန်ရေးတပ်တွေကို ဖိအားပေး တဲ့ အနေနဲ့ ပိတ်တယ်လိုပဲ မြင်တာပဲ။ ဒီကြံရာသီဆို ပုံမှန်ဆို ဒီမှာ အောက်ပိုင်းက တက်လာတဲ့သူတွေလည်း များတယ်။ အခုတော့ နယ်ခံတွေလောက်နဲ့ စစ်ရှောင်လာတဲ့ သူတွေနဲ့ တချို့ ကြံခုတ်ဖြစ်မလား ဆိုပြီး စောင့်နေ တဲ့ သူတွေလောက်ပဲ ရှိကြတယ်။ လူလည်း အရင်ကထက် ပါးသွားတယ် ဟု ပြောသည်။

နယ်စပ်ဂိတ်များ ဆက်ပိတ်ထားပါက ကြံများအား အရှုံးခံကာ ကြံသကာ ထုတ်ရန်သာ ရှိတော့ကြောင်း လွယ် ဂျယ်မှ ကြံစိုက်တောင်သူများက ပြောသည်။

ကြံစိုက်တောင်သူ တစ်ဦးက စိုးရိမ်တော့ စိုးရိမ်တာပေါ့။ တကယ်လို့ မဖွင့်တော့ဘူး ဆိုရင် တချို့ အရင်းအနှီး ရှိတဲ့ သူက ကြံသကာစက် ဝယ်ပြီးမှ ကိုယ့်ဟာကိုယ် ကြံသကာ ကြိတ်မှာပေါ့ အဲမျိုး ပြောကြတာပေါ့ ဟု ပြော သည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA က အောက်တိုဘာလအတွင်း၌ ကချင်-တရုတ်နယ်စပ်ရှိ စစ်ကောင်စီတပ်၊ ပြည်သူ စစ်တပ်များနှင့် ဦးဇခုန်တိန့်ယိန့် ဦးဆောင်သည့် ကချင်နယ်ခြားစောင့်တပ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး ယနေ့ချိန်ထိ ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ကချင်ပြည်ရှိ တရုတ်နယ်စပ်ဂိတ်များ ဖြစ်သည့် လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ကန်ပိုက်တီ၊ ဖီမော်၊ ပန်ဝါ၊ ခါရှန်၊ စဂျီ၊ ပါဂျောင်၊ မံဝိန်းကြီးနှင့် ကန်ဖန်ဟူ၍ ၁၁ ဂိတ် ရှိရာ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထား သည့် နယ်စပ်ဂိတ်များအား ဆက်လက် ပိတ်ထားပေးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၅ ရက်နေ့၊ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် တောင်းဆိုခဲ့သည်။

ဓာတ်ပုံ – Myanmar Digital News