ပဲခူးတိုင်း ညောင်လေးပင်တွင် စစ်ကော်မရှင်တပ်ကြောင့် အရပ်သားသေဆုံးမှု ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် (မုန်းမြို့) မူးမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောသည်။

(မုန်းမြို့ ) မူးမြို့နယ်ထဲတွင် နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ် မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ရာမှ ဒေသခံများ ထိခိုက်ဒဏ်ရာရ သေဆုံးရခြင်းဖြစ်သည် ဟု KNU က ဩဂုတ်လ ၁၃ ရက်(ယနေ့) တွင် ထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်က ဩဂုတ်လ ၅ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မူး(မုန်းမြို့) မူး မြို့နယ်ထဲရှိ ကျေးရွာများထဲသို့ လက်နက်ကြီး ၅၅ လုံး၊ ဒရုန်းနှင့် ဗုံး ၃ လုံး ပစ်ခတ်ခဲ့တိုက်ခိုက် ခဲ့သည်ဟု KNU က ပြောသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး၊ ၆ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသည်။ ထို့အပြင် နေအိမ် ၃လုံးလည်း ထိမှန်ပျက်စီးခဲ့သည်ဟု (KNU) က ဆိုသည်။

ထို့အတူ ဆောထိ (ရွှေကျင်) မြို့နယ်တွင်လည်း ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ၉ ရက်တာအတွင်း စစ်ကော်မရှင်တပ်က  အရပ်သားပြည်များအား ပစ်မှတ်ထားပြီး လက်နက်ကြီး (၁၉) လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ကော်မရှင်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ညောင်လေးပင်( ခလွယ်လွီထူခရိုင်) ရှိ ကျေးရွာ များမှ ဒေသခံများသည် နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်မှုများဖြင့် အသက်ရှင်နေထိုင် နေကြရပြီး လုပ်ကိုင်စား သောက်ရန်အတွက်လည်း အခက်အခဲများ ကြုံတွေ့နေကြသည်ဟု KNU က ပြောသည်။

#KNU #KNLA #KNDO