တောင်ကိုရီးယား သမ္မတ တရုတ်ခရီးစဉ်အတွင်း မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။ 

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်၏ တရုတ်နိုင်ငံခရီးစဉ်နှင့် တိုက်ဆိုင်၍ မြောက်ကိုရီးယားက အသံထက်မြန်သော ဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။ 

တောင်ကိုရီးယားသမ္မတသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေးနှင့် K-Pop ယဉ်ကျေးမှုဆိုင်ရာ ပိတ်ဆို့မှုများအကြောင်း ဆွေးနွေးရန် ပီကင်းမြို့သို့ ရောက်ရှိနေစဉ်အတွင်း ယခုကဲ့သို့ စမ်းသပ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သော ဒုံးကျည်များသည် အသံထက် ၅ ဆကျော် မြန်ရုံသာမက ပျံသန်းနေစဉ် လမ်းကြောင်းပြောင်းလဲနိုင်သည့် အဆင့်မြင့်နည်းပညာသုံး 

ဒုံးကျည်များဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်သည်။

အဆိုပါဒုံးကျည်များသည် ကီလိုမီတာ ၁,၀၀၀ အကွာရှိ ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့သည်။ 

တောင်ကိုရီးယားသမ္မတအနေဖြင့် ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်နိုင်ငံ၏ ကူညီမှုကို မျှော်လင့်နေသော်လည်း မြောက်ကိုရီးယား၏ စစ်ရေးပြသမှုကြောင့် အဆိုပါသံတမန်ရေးရာ ကြိုးပမ်းမှုများမှာ အဟန့်အတား ဖြစ်လာနိုင်ဖွယ်ရှိသည်။