F-35 ကိုယ်ပျောက်လေယာဉ်ကို အီရန် ထိအောင် ပစ်နိုင်ခဲ့ပုံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်။
အရှေ့အလယ်ပိုင်းတွင် တိုက်ပွဲဝင်မစ်ရှင် ဆောင်ရွက်နေသည့် အမေရိကန်၏ အဆင့်မြင့်ဆုံး F-35 ကိုယ်ပျောက်တိုက်လေယာဉ်တစ်စင်းသည် အီရန်ဘက်မှ ပစ်ခတ်မှုကြောင့် ထိမှန်ပျက်စီးကာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း CNN သတင်းတွင် ဖော်ပြသည်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (USCENTCOM) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး တင်မ် ဟော့ကင်းက ၎င်းသည် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်ပြီး အီရန်ကောင်းကင်ယံ၌ မစ်ရှင်ဆောင်ရွက်စဉ် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုသည်။
လေယာဉ်မှူးမှာ ဘေးကင်းကြောင်းလည်း ထုတ်ပြန်ထားသည်။
ယခု ဖြစ်ရပ်သည် သည် စစ်ပွဲစတင်ပြီးနောက် အီရန်ဘက်မှ အမေရိကန်လေယာဉ်ကို ပထမဆုံးအကြိမ် ထိမှန်အောင် ပစ်ခတ်နိုင်ခြင်း ဖြစ်သည်။
စစ်ပွဲအတွင်း အမေရိကန်သည် F-15 တိုက်လေယာဉ် သုံးစင်းနှင့် KC-135 ဆီဖြည့်လေယာဉ်တစ်စင်းတို့ကိုလည်း အခြားအကြောင်းရင်းများဖြင့် ဆုံးရှုံးခဲ့ဖူးသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆက်သ် က အီရန်၏ လေကြောင်းကာကွယ်ရေးစနစ်များ ပျက်စီးသွားပြီဟု ပြောကြားထားပြီးနောက်မှ အဆင့်မြင့် F-35 ထိမှန်ခဲ့ခြင်ဖြစ်သည်။