အိန္ဒိယ အစိုးရရဲ့ မြွေဆိုး၊ မိချောင်း နယ်ခြား တံတိုင်းသစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်။
အိန္ဒိယအစိုးရဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးဖို့အတွက် ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ နည်းလမ်းသစ်တစ်ခုကို စတင်ဖို့ ကြံစည်နေပါတယ်။
အဲဒါကတော့ နယ်စပ်ခြံစည်းရိုး ခတ်ဖို့ခက်တဲ့ နေရာတွေမှာ အဆိပ်ပြင်းမြွေတွေနဲ့ ဗိုက်ဆာနေတဲ့ မိကျောင်းကြီးတွေကို အစောင့်အရှောက်အဖြစ် အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဟာ ကီလိုမီတာ ၄,၀၀၀ ကျော် ရှည်လျားပါတယ်။
အဲဒီထဲမှာ တောင်ကုန်းတွေ၊ ရွှံ့နွံတောတွေနဲ့ မြစ်ချောင်းတွေ အရမ်းများတဲ့အတွက် သံဆူးကြိုးခတ်ဖို့ မဖြစ်နိုင်တဲ့ နေရာလပ်တွေ ရှိနေပါတယ်။
အဲဒီနေရာတွေမှာ လူတွေအစောင့်ချမယ့်အစား သားရဲတိရစ္ဆာန်တွေကို ‘သဘာဝခြံစည်းရိုး’ အဖြစ် ချထားဖို့ အိန္ဒိယနယ်ခြားစောင့်တပ် (BSF) က ညွှန်ကြားချက် ထုတ်ပြန်လိုက်တာပါ။
ဒါပေမဲ့ ဒီအစီအစဉ်အပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ အပြင်းအထန် ဝေဖန်နေကြပါတယ်။ ‘
မြွေနဲ့ မိကျောင်းဆိုတာ ဘယ်သူက အိန္ဒိယနိုင်ငံသား၊ ဘယ်သူက တရားမဝင် ဝင်ရောက်သူဆိုတာကို ခွဲခြားနိုင်မှာ မဟုတ်ဘူး’ လို့ သူတို့က ထောက်ပြကြပါတယ်။
ဒါကြောင့် ဒီလုပ်ရပ်ဟာ လူသားမဆန်ရုံတင်မကဘဲ အနီးနားက ဒေသခံတွေအတွက်ပါ အသက်အန္တရာယ် အရမ်းရှိတယ်လို့ ထောက်ပြကြပါတယ်။
တိရစ္ဆာန် ထိန်းသိမ်းရေးသမားတွေဘက်ကလည်း ဒါဟာ ဂေဟစနစ်ကို ဖျက်ဆီးရာရောက်တယ်လို့ သတိပေးနေပါတယ်။
တကယ်လို့ ရေကြီးလို့ ဒီအဆိပ်ပြင်းမြွေတွေဟာ လူနေရပ်ကွက်တွေထဲ ရောက်သွားရင် ဘာဖြစ်မလဲ ဆိုတာလည်း မတွေးဝံ့စရာ အခြေအနေပဲ ဖြစ်ပါတယ်။