မှော်အတတ်ကြောင့် အင်္ဂလန်အသင်း ဂိုးမသွင်းနိုင်သလား အငြင်းပွားနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
အင်္ဂလန်နဲ့ ဂါနာပွဲစဉ်မှာ ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရရှိပေမယ့် အင်္ဂလန် အသင်းအခု ဂိုးမသွင်းနိုင်တာ ဂါနာဘက်က မှော်ဆရာရဲ့ စုန်းအတတ်ကြောင့်လား ဆိုတာ ပရိဿတ်အကြား ငြင်းခုန် ဆရာ ဖြစ်လာပါတယ်။
အကြောင်းကတော့ ပွဲမစခင်ကတည်းက ဂါနာနိုင်ငံက နာမည်ကျော် စုန်းဆရာ နာနာ ကွာကူ ဘွန်ဆမ် (Nana Kwaku Bonsam) က သူဟာ အင်္ဂလန်အတွက် တိုက်စစ်မှူး ဟာရီကိန်း ဂိုးမသွင်းနိုင်အောင် မှော်အတတ် (Black Magic) နဲ့ ပြုစားထားတယ်လို့ ကြိုတင်ကြေညာခဲ့လို့ပါပဲ။
ဒီစုန်းဆရာ နာနာ ဆိုတာကလည်း (Cadillac) ကားအကောင်းစားကြီးစီးပြီး နာမည်ကြီးဒီဇိုင်နာ အဝတ်အစားတွေဝတ်တဲ့ ဘီလီယံနာ စုန်းဆရာကြီးပါ။
လွန်ခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းကလည်း ပေါ်တူဂီနဲ့ ဂါနာမကစားခင် ခရစ်စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) ဒူးဒဏ်ရာရအောင် သူပဲ နောက်ကွယ်က စီရင်ခဲ့တာလို့ အခိုင်အမာ ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။
အခုလည်း သူက ဟာရီကိန်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေချင်တာ မဟုတ်ပေမယ့် ဂါနာနဲ့ပွဲမှာ ဂိုးမသွင်းနိုင်အောင်ပဲ စီရင်ထားတာလို့ ပြောခဲ့ပါတယ်။
ကွင်းထဲမှာ တကယ်လည်း အင်္ဂလန်အသင်းဟာ ဂိုးကန်သွင်းခွင့် ၁၈ ကြိမ်အထိ ရခဲ့ပေမယ့် ဂိုးပေါက်တည့်တာ ၄ ကြိမ်ပဲ ရှိခဲ့ပြီး၊ အထူးသဖြင့် ဟာရီကိန်းရဲ့ အပိုင်ဂိုးလွဲချော်မှုက ဒီအောက်လမ်းအယူအဆကို ပိုပြီး အသက်ဝင်သွားစေခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ပရိသတ်အချို့ကတော့ ဒါဟာ ကျိန်စာကြောင့်ပဲလို့ ထိတ်လန့်နေကြပေမယ့် ဂါနာပရိသတ်တွေကတော့ ဒါဟာ ကျိန်စာမဟုတ်ကြောင်းနဲ့ ဟာရီကိန်းအနေနဲ့ အပြင်မှာ ဂိုးသွင်းပိုကျင့်ဖို့ လိုနေတာလို့ ပွဲကြည့်စင်ပေါ်ကနေ ပြန်ပြီး စနောက်ခဲ့ကြပါတယ်။