ပုဏ္ဏားကျွန်းကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် အပါအဝင် ဒေသခံ အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ က ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာသို့ စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက်အစောပိုင်း ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ အမျိုးအစား တိုက်လေယာဉ် နှစ်စီးနှင့် Y-12 လေယာဉ်တို့ကို အသုံးပြုကာ ဗုံးအလုံးရေ ၂၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးသီးများသည် ကျေးရွာ စာသင်ကျောင်း အနီးဝန်းကျင်နှင့် ဒေသခံများ နေထိုင်ရာ ရပ်ကွက်များ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဖက်ကျကျေးရွာသို့ လာရောက် စစ်ဘေးရှောင်နေသူ အသက် ၅၇ နှစ်အရွယ် ဦးမောင်မြကြည် နှင့် ဖက်ကျကျေးရွာ ဒေသခံ အသက် ၇၆ နှစ်အရွယ် ဦးအောင်သန်းမောင် တို့မှာ ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာများ ရရှိပြီး သေဆုံးသွားခဲ့ရသည်။

ဒေသခံ ပရဟိတသမား အမျိုးသားတစ်ဦးက ဟိုရက်ကပဲ ကုလားချောင်းကျေးရွာကို ကြဲလို့ တစ်ယောက် သေတယ် အခု ဖက်ကျကို ကြဲလို့ ၂ ယောက်သေတယ်။ တော်တော်ဆိုးနေတာပါ ဟု ပြောသည်။

 ပုဏ္ဏားကျွန်းမြို့နယ်ကို အခု စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတယ်၊ ပြည်သူတွေလည်း ရှောင်ကြရတယ်၊ တော်တော်ဆိုးနေတာပါ။ လက်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ တိုက်ပွဲများ ပြင်းထန်နေတာပါ။ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ရွာတွေကို လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်နေတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်၊ စပါးထား၊ ဖက်ကျနဲ့ ဒီပါရုံ အပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ် ဟု ပြောသည်။

ဖက်ကျကျေးရွာသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ညဉ့် ၁၁ နာရီခွဲခန့်ကလည်း စစ်အုပ်စုတပ်၏ မီးလောင်ဗုံး ကြဲချတိုက်ခိုက်မှု ခဲ့ရဖူးပြီး ဒေသခံ နေအိမ်တစ်လုံး တည့်တည့်ထိမှန် မီးလောင်ပြာကျခဲ့သည့်အပြင် ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့သဖြင့် အသက် ၅၅ နှစ်အရွယ် ဦးစောသိန်း သေဆုံးခဲ့ရသေးသည်။

ဒေသခံ အမျိုးသားတစ်ဦးက ပုဏ္ဏားကျွန်းမြို့နယ်ကို အခု စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေ ဖြစ်နေတယ် ပြည် သူတွေလည်း ရှောင်ကြရတယ်၊ တော်တော်ဆိုးနေတာပါ။ လက်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ တိုက် ပွဲတွေ ပြင်းထန်နေတာပါ။ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ရွာတွေကို လေကြောင်းဗုံးကြဲတာ၊ လက်နက် ကြီး ပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်နေတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်၊ စပါးထား၊ ဖက်ကျနဲ့ ဒီပါရုံ အပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ် ဟု ပြော သည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ စစ်အင်အား ၁,၀၀၀ ကျော်ဖြင့် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်အနီး တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်အုပ်စုတပ်ဘက်မှ စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လေကြောင်းဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ကွမ်းတောင်၊ စပါး ထား၊ ဖက်ကျ နှင့် ဒီပါရုံ ကျေးရွာ အပါအဝင် ရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ထောင်ပေါင်းများစွာ ဘေးလွတ်ရာ သို့ အရေးပေါ် တိမ်းရှောင်နေကြရသည်။

ဓါတ်ပုံ – Crd