လက်နက်ကြီးကျသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် က နေအိမ်အတွင်း လက်နက်ကြီးကျခဲ့သည့်အတွက် ကိုယ်ဝန်ဆောင် အမျိုး သမီး တစ်ဦးသေဆုံးပြီး ကလေးငယ်တဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။
နိုဝင်ဘာလ ၇ ရက်နေ့၊ ညပိုင်းအချိန်က ရှိန်းမကားကျေးရွာအတွင်းက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့်နောက် ကိုယ်ဝန်ဆောင် ဇနီးသည် သေဆုံးသွား ခြင်း ဖြစ်သည်။
“ရှိန်းမကား ရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်တာ။ မူးပြီးရမ်းပစ်တာပါ။ လက်နက်ကြီးက ၃ချက်ပစ်တာ။ ကိုယ်ဝန်သည် အမျိုးသမီးကတော့သေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
နေအိမ်အတွင်း လက်နက်ကြီးကျခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး အသက် ၁ နှစ် အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး နှင့် အမျိုးသား တစ်ဦးတို့ ထိခိုက် ဒဏ် ရာရခဲ့သည်။
အသက် ၁ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတို့မှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရ သည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့ (ယနေ့)၊ နံနက် ၈ နာရီအချိန်က ထိမှန်ဒဏ်ရာ ရရှိသွားသူများကို ဆေးကုမှု ခံယူနိုင်ရန် အတွက် စစ်ကိုင်းဆေးရုံကြီးကို ပို့ဆောင်ထားရသည်ဟု ရှိန်းမကားကျေးရွာနေ ဒေသခံများက ပြောသည်။
အဆိုပါလက်နက်ကြီးကျရောက်မှုကြောင့် ထိမှန်ဒဏ်ရာ ရရှိသွားသူများသည် အဆိုပါ နေအိမ်ရှိ မိသားစု၀င် လေးဦး လက်နက်ကြီး ကျည်ထိမှန်ခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများမှ ဆို သည်။
လတ်တလော ရှိန်းမကားကျေးရွာအတွင်းနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ် ပွားနေခြင်းမျိုး မရှိဘဲ စစ်တပ်နှင့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတို့ဘက်မှ ကျေးရွာထဲသို့ လက်နက်ပြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သို့သော် နိုဝင်ဘာလ ၈ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် အင်အား ၅၀ နီးပါးခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်း တစ်ကြောင်းသည် ရှိန်းမကားကျေးရွာအနီးက ပိတောက်ခြုံကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် လက်ရှိတွင် ဝက်လက်မြို့ထဲကို ပြန်ဝင်သွားပြီဟု ဒေသခံများ က ပြောသည်။
ရှိန်းမကားကျေးရွာအနီး တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားမှု မရှိသော်လည်း ပြီးခဲ့သည့် အောက်တိုဘာလတွင် ဝက် လက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် ရွာပေါင်း ၁၀ ရွာခန့်က ဒေသခံ ၅ထောင်ကျော် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်ဟု ဝက်လက်ဒေသခံများက ပြော သည်။