တိုင်းရင်းသာ ဘာသာ သတင်းအစီအစဉ် (၂၁ – ၄ -၂၅)

အာရက္ခတပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၅ ယောက်ကို AA က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဆီကို ပြန်လွှဲပေးလိုက်ပါတယ်။

ငလျင်ဒဏ်အပြင်းထန်ခံစားခဲ့ရတဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ နောက်ဆက်တွဲ ကျန်းမာရေး ထိခိုက်မှုတွေလည်း ရှိလာတယ်လို့ ကုသရေးလုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားဦးရေ ပါဝင်မှုနှုန်း အဆမတန် နည်းပါးတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။