တနင်္လာနေ့ညပိုင်း ရုပ်သံ အစီအစဉ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။
ရှမ်းမြောက်ဒေသ၊ လာရှိုးက မြို့တော်ခန်းမရှေ့မှာ ဧပြီလ ၂၁ ရက်နေ့က စလို့ မြန်မာနိုင်ငံတော် အလံကို ပြန်လည် လွှင့်ထူထားတာကို တွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရင်က လွှင့်ထူထားတဲ့ ကိုးကန့် MNDAA တပ်ရဲ့ အလံကို ဧပြီလ ၂၁ ရက်နေ့မှာ ပြန်လည်ဖြုတ်ချခဲ့ပြီး မြန်မာနိုင်ငံအလံပဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီကို ပြန်လည်အပ်နှံရေး တရုတ်ဘက်က ကြားဝင် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကြားဝင် ဖိအားပေးမှုရဲ့ နောက်မှာတော့ ကိုးကန့် MNDAA တပ်နဲ့ စစ်ကောင်စီတပ် တာဝန်ရှိသူတွေ တွေ့ဆုံပြီး လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်ကောင်စီလကထဲ ကိုးကန့်တပ်က ပြန်လည် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
လားရှိုးကို တရုတ်အကူအညီနဲ့ ပြန်ယူလိုက်တဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေဟာ မြို့ထဲကို ပြန်ဝင်နေကြပြီ ဖြစ်ပါတယ်။
NMG က ထုတ်လွှင့်နေတဲ့ သတင်းတွေကို
youtube – https://www.youtube.com/@NetworkMediaGroupNMG
Website – https://www.nmg-news.net/
Facebook – https://www.facebook.com/networkmediagroupnmg
Twitter – https://twitter.com/NetworkMediaGr1 တို့မှာ ဝင်ရောက် ကြည့်ရှု့လို့ရပါတယ်။