အမေရိကန်စစ်တပ်က အိန္ဒိယသမုဒ္ဒရာအတွင်း ရေနံတင်သင်္ဘောတစ်စီးကို သိမ်းဆည်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
အမေရိကန်စစ်တပ်သည် ပိတ်ဆို့အရေးယူခံထားရသည့် ဗင်နီဇွဲလားရေနံတင်သင်္ဘော “Aquila II” ကို ကာရစ်ဘီယံပင်လယ်မှ အိန္ဒိယသမုဒ္ဒရာအထိ မိုင်ပေါင်းထောင်ချီ ခြေရာခံလိုက်လံပြီးနောက် စီးနင်းသိမ်းပိုက်လိုက်သည်။
၎င်းသင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုစည်းကမ်းကို ဖောက်ဖျက်၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဗင်နီဇွဲလားသမ္မတ နိကိုးလပ်စ် မာဒူရိုအား နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်သည် ဗင်နီဇွဲလား၏ ရေနံတင်ပို့မှုများကို တင်းကျပ်စွာ ပိတ်ဆို့ခဲ့သည်။
အမေရိကန်သည် ဗင်နီဇွဲလား ရေနံများအား တရုတ်နှင့် ကျူးဘားနိုင်ငံများသို့ မရောက်ရှိစေရန် အထူး ကြပ်မတ် ပိတ်ဆို့ထားသည်။
ယခုသိမ်းဆည်းရမိသည့် သင်္ဘောသည် တစ်နှစ်အတွင်း ၇ စီးမြောက် သိမ်းဆည်းသည့် သင်္ဘောဖြစ်သည်။
အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလား၏ ရေနံတင်ပို့မှုသည် ဇန်နဝါရီလအတွင်း၌ ထက်ဝက်နီးပါးအထိ ကျဆင်းသွားခဲ့သည်။