ဖုန်းဆင်းကတ်အငှား မှတ်ပုံတင်ပေးသူများအား ပြင်းထန်စွာ အရေးယူမည်ဟု ထိုင်းအစိုးရ သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်။
အခြားသူများအတွက် မိမိအမည်ဖြင့် ဆင်းကတ် (SIM Card) မှတ်ပုံတင်ပေးသူများ ပြင်းထန်သော ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း ထိုင်းအစိုးရက သတိပေးချက် ထုတ်ပြန်သည်။
အခြားသူတစ်ဦးအတွက် ဆင်းကတ်မှတ်ပုံတင်ပေးပါက ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ဘတ် ၃၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည်။
ယင်းလုပ်ဆောင်ချက်မှာ ဆိုက်ဘာရာဇဝတ်မှုများကို နှိမ်နင်းရန်ဖြစ်ပြီး၊ အခြားသူအမည်ပေါက် ဆင်းကတ်များအသုံးပြု၍ လိမ်လည်နေသော Call Center ဂိုဏ်းများကို ပစ်မှတ်ထားခြင်းဖြစ်သည်။
ဆင်းကတ်များကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် ကြော်ငြာပေးခြင်း ပြုလုပ်သူများမှာ ပိုမိုပြင်းထန်သော ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်အထိနှင့် ငွေဒဏ် ဘတ် ၂ သိန်းမှ ၅ သိန်းအထိ ချမှတ်ခံရနိုင်ကြောင်း သတိပေးထားသည်။
#Thailand #ThaiSimCard #SimCard #ဖုန်းဆင်းကတ်မှတ်ပုံတင်