ကုန်သွယ်ခွန်သစ်အပေါ်အမေရိကန်ကို တရုတ် သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်။
ပဲရစ်မြို့၌ ပြုလုပ်ခဲ့သော အဆင့်မြင့်ကုန်သွယ်ရေးဆွေးနွေးပွဲအပြီးတွင် အမေရိကန်၏ သွင်းကုန်ခွန်အသစ်များသည် နှစ်နိုင်ငံကုန်သွယ်ရေးကို ထိခိုက်စေနိုင်ကြောင်း တရုတ်နိုင်ငံက သတိပေးလိုက်သည်။
အမေရိကန် အဆင့်မြင့် တရားရုံးကို သမ္မတ ထရန့် အစိုးရ၏ ကုန်သွယ်ခွန်များသည် တရားဝင်မှု မရှိကြောင်း ဆုံးဖြတ်ပြီး ပယ်ချပြီးနောက် သမ္မတ ထရန့်အစိုးရက နိုင်ငံခြားကုန်ထုတ်လုပ်မှုများအား စုံစမ်းစစ်ဆေးနေမှုများအပေါ် တရုတ်ဘက်က စိုးရိမ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဆွေးနွေးပွဲအတွင်း နှစ်ဦးနှစ်ဖက်စလုံးက အခွန်နှုန်းထားများ တည်ငြိမ်စေရန် ကြိုးပမ်းသွားမည်ဟု သဘောတူညီခဲ့ကြပါသည်။
လာမည့် နှစ်ပတ်အတွင်း ပြုလုပ်ရန် စီစဉ်ထားသော သမ္မတထရန့်၏ တရုတ်နိုင်ငံခရီးစဉ်သည် နောက်ဆုတ်သွားနိုင်ခြေရှိကြောင်း အမေရိကန်ဘက်က ဆိုပါသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့် (Scott Bessent) ကမူ ခရီးစဉ်ရွှေ့ဆိုင်းခြင်းမှာ ဖိအားပေးရန်မဟုတ်ဘဲ အီရန်စစ်ပွဲဖြစ်ပွားနေချိန်တွင် သမ္မတအနေဖြင့် ပြည်တွင်း၌သာ ရှိနေသင့်သောကြောင့်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါသည်။
အမေရိကန်သည် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်၏ အကူအညီကို လိုအပ်လျက်ရှိနေသည်။
ကုန်သွယ်ရေး စစ်ပွဲများကြောင့် ထိခိုက်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းနေချိန်သော်လည်း အီရန်စစ်ပွဲကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာမည့် ကြိုးပမ်းချက်များမှာ အဟန့်အတားဖြစ်နေရသည်။