ဟော်မုဇ် တည်ငြိမ်ရေး ဥရောပနှင့် ဂျပန် ကြိုးပမ်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်။ 

ဥရောပ ထိပ်သီးနိုင်ငံ အချို့နှင့် ဂျပန် နိုင်ငံတို့ ပူးတွဲ၍ ဟော်မုဇ် ရေလက်ကြား သင်္ဘောများ သွားလာနိုင်ရေးနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ 

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် ဂျပန်နိုင်ငံတို့သည် စွမ်းအင်ဈေးကွက် တည်ငြိမ်စေရန်နှင့် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မတ်လ ၁၉ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါနိုင်ငံများသည် အီရန်၏ တိုက်ခိုက်မှုများကို ရှုတ်ချထားခဲ့သည်။ 

စွမ်းအင်ဈေးနှုန်း ထိန်းညှိရန်အတွက် ရေနံထုတ်လုပ်သည့် နိုင်ငံအချို့နှင့် ပူးပေါင်းကာ ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် မဟာဗျူဟာမြောက် ရေနံအရန်သင့်စုဆောင်းမှု (SPR) များကို ထုတ်ယူသုံးစွဲခြင်းအား ကြိုဆိုကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းစွာ သွားလာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည့် နိုင်ငံများ၏ ကတိပြုချက်များကိုလည်း ကြိုဆိုခဲ့ကြပါသည်။