အီရန် စစ်ပွဲ ၂ ပတ်မှ ၃ ပတ်အတွင်း အဆုံးသတ်မည်ဟု ဒေါ်နယ်ထရန့်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်အစိုးရအနေဖြင့် နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်စွမ်းမရှိကြောင်း အတည်ပြုနိုင်ပါက လာမည့် (၂) ပတ်မှ (၃) ပတ်အတွင်း အီရန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
အီရန်အစိုးရဘက်မှ စစ်ပွဲအဆုံးသတ်ရန် တောင်းဆိုမှုများ ရှိနေသော်လည်း အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်မှာ အဆိုပါတောင်းဆိုချက်အပေါ် မူတည်မည်မဟုတ်ဘဲ မိမိတို့၏ အချိန်ဇယားအတိုင်းသာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့ပြင် သမ္မတထရမ့်သည် အီရန်စစ်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းမရှိသည့် ယူနိုက်တက်ကင်းဒမ်း (UK) အပါအဝင် ဥရောပမဟာမိတ်နိုင်ငံများကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု အခက်အခဲကြုံတွေ့ရချိန်တွင် ကူညီမှုမရှိခဲ့သည့်အတွက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အမေရိကန်က ဆက်လက်ကူညီမည်မဟုတ်ကြောင်းနှင့် အဆိုပါနိုင်ငံများအနေဖြင့် မိမိတို့ဘာသာ ရေနံရှာဖွေသင့်သည်ဟု ပြောကြားခဲ့သည်။
အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်ကမူ ရန်သူများဘက်မှ စစ်ပွဲထပ်မံဖြစ်ပွားခြင်းမရှိစေရန် ခိုင်မာသော အာမခံချက်ပေးနိုင်ပါက စစ်ပွဲကို အဆုံးသတ်ရန် အသင့်ရှိကြောင်း ပြောကြားထားသည်။