ချင်းတော်လှန်ရေး အစိုးရက အခြေခံကျောင်း ၃၇၀ ကျော်နှင့် တက္ကသိုလ်၊ ဆေးကျောင်းများပါ တိုးချဲ့ဖွင့်လှစ်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်

ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရသည် စစ်ရေးပဋိပက္ခများ ကြားထဲမှပင် ဒေသတွင်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ကိုယ်တိုင်ဖွင့်လှစ်ထားရုံမက အိမ်နီးချင်းနိုင်ငံများတွင် အဆင့် မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရန်ပါ သက်ဆိုင်ရာ အာဏာပိုင်များ၊ တက္ကသိုလ်များနှင့် ညှိနှိုင်းနေ ကြောင်း ချင်းပြည်အစိုးရ၏ ၂ နှစ်ခွဲကာလ အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ရှာရွန်ပါရ် က ယခုကဲ့သို့ ပြောသည်။

၎င်းက ကျမတို့ ဒီလို ခက်ခဲနေတဲ့ ကာလအတွင်းမှာပင်လျှင် အခြေခံ ကျောင်းပေါင်း ၃၇၃ ကျောင်း ဖွင့်လှစ်နိုင် ခဲ့တယ် အခုလည်း လက်ရှိ ဖွင့်လှစ်နေပါတယ်။ ပြီးတော့ ကျောင်းသား ကျောင်းသူ အနေနဲ့ကတော့ သုံးသောင်းခွဲကျော် ရှိပါတယ်။ ပြီးတော့ ဆရာ/မ တွေ ၃၀၀၀ ကျော်နဲ့ ဒီကျောင်းများကို သင်ကြားရေး လုပ် ငန်းဆောင်ရွက်နေတာ ဖြစ်တယ်။ အခု လက်ရှိမှာ ကျမတို့က chin national university ဆိုပြီးတော့ အဆင့် မြင့် ပညာအတွက်လည်း စပြီးတော့ သင်ကြားရေးတွေ စနေပါပြီ။ ၂၀၂၅ ကနေ စပါတယ်။ အခုဆိုရင် အဓိက မေဂျာ ၄ ခုနဲ့ စပြီးတော့ သင်ကြားနေပြီ ဖြစ်ပါတယ်လို့ ဟု ပြောသည်။

၂၀၂၄ ခုနှစ်မှ စတင်၍ ချင်းပြည်အနှံ့ ကျေးရွာပေါင်း ၆၆၁ ရွာတွင် အခြေခံပညာကျောင်းပေါင်း ၃၇၃ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၃၅,၀၀၀ ကျော်ကို ဆရာ/ဆရာမ ၃,၀၀၀ ကျော်ဖြင့် ပုံမှန်ဖွင့်လှစ် သင်ကြားပေးနေ ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မြို့နယ်နှင့် ဒေသ ၅ ခုတွင် တက္ကသိုလ်အကြိုသင်တန်းကျောင်းများအပြင် ချင်းအမျိုးသားတက္ကသိုလ် (CNU) ၌လည်း ပညာရေး၊ ဥပဒေ၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ဌာန ၃ ခုဖွင့်လှစ်၍ ကျောင်းသား ၄၀၀ ကျော်ကို သင်ကြားပေးလျက်ရှိသည်။

တစ်ဖက်တွင်လည်း ကျန်းမာရေးဝန်ထမ်းများနှင့် လူငယ်များ အဆင့်မြင့်ပညာရေး သင်ယူနိုင်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းကာ ဆေးကျောင်းနှင့် သူနာပြုကျောင်းများကိုပါ ဖွင့်လှစ်ထားရှိသည်။

ဒေါက်တာ ရှာရွန်ပါရ် က ဒီ NUG နဲ့ ပေါင်းပြီး ကျမတို့ medical school nursing school တွေ ကျမတို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျမတို့ ကျန်းမာရေးစနစ်တည်ထောင်ဖို့ဆိုရင် အဓိက အရေးကြီးဆုံးက လူ တွေပဲ ဖြစ်တယ်။ အဲဒါကြောင့် ကျမတို့က ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ကိုလည်း အဓိကထားပြီး တော့ မွေးထုတ်တယ် သူတို့ရဲ့ အရည်အချင်းတွေ တိုးတက်အောင် ကျမတို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျမတို့ nursing and midwifery school ၂၀၂၄ ကနေစထည့်တာ second Batch ဖြစ်သွားပါပြီ အခုဆိုရင် ၁၁၂ ယောက်ပေါ့နော်။ သင်ကြားနေပါတယ်။ ပြီးတော့ medical school ကို ကျမတို့ မနှစ်ကတည်း က စပြီးတော့ ပြင်ဆင်နေတာ ဒီနှစ်မှာ ကျမတို့စပြီးတော့ First Batch ဖွင့်နိုင်ပါပြီ။ ၃၇ ယောက် စာသင်ကြား နေပါတယ် ဆိုတာလေးကို တင်ပြချင်ပါတယ် ဟု ဆက် ပြောသည်။

ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့် (Chinland) ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးမူဝါဒနှင့် ပညာရေး မဟာဗျူဟာ လုပ်ငန်းစဉ် (၂၀၂၅-၂၀၃၀) တို့ကို ရေးဆွဲထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ရှေ့ဆက်၍ အဆင့်မြင့်ပညာရေး မူဝါဒ ရေးဆွဲရေး၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ရေး၊ ဆရာ/မများ အရည်အသွေး မြှင့်တင်ရေးနှင့် ပညာသင်ဆုများ တိုးချဲ့ပေးနိုင်ရေးတို့ကို ဦးစားပေး ဆောင် ရွက်သွားမည်ဖြစ်၍ ပြည်တွင်း/ပြည်ပရှိ ချင်းလူမျိုးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဘက်ပေါင်းစုံမှ ပါဝင်ကူညီကြရန် ဖိတ်ခေါ်ထားသည်။

ဓါတ်ပုံ – ပုံဟောင်း