ဂျပန် ဆေးလိပ်ကုမ္ပဏီကို ရုရှား ပြည်သူပိုင်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ဂျပန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ဆေးလိပ်ကုမ္ပဏီတစ်ခုဖြစ်သည့် Japan Tobacco International (JTI) ၏ ရုရှားနိုင်ငံအတွင်းရှိ လုပ်ငန်းဆောင်ရွက်မှု အားလုံးကို နိုင်ငံတော်ပိုင်အဖြစ် လွှဲပြောင်း ထိန်းချုပ်လိုက်သည်။
နိုဝင်ဘာ ၅ ရက်က ထွက်ပေါ်လာသည့် သမ္မတ ပူတင်၏ အမိန့်ဒီကရီအရ JTI ၏ စက်ရုံ ၄ ရုံ၊ ဝန်ထမ်း ၄,၀၀၀ နီးပါးနှင့် ရုရှား ဆေးလိပ်ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ရုရှားအစိုးရနှင့် ဆက်နွှယ်သည့် အပိုင်ကုမ္ပဏီထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုပ်ငန်းများတွင် Winston, Camel, LD အပါအဝင် နိုင်ငံတကာ နာမည်ကြီး ဆေးလိပ်တံဆိပ်များနှင့် ရုရှား ပြည်တွင်းဖြစ် တံဆိပ်များ ပါဝင်သည်။
JTI ကုမ္ပဏီသည် ရုရှားနိုင်ငံ၌ နှစ်ပေါင်း ၂၀ ကျော်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်း ကျူးကျော်စစ် ဖြစ်ပွားပြီးနောက် ရင်းနှီးမြှုပ်နှံမှု အသစ်များကို ဆိုင်းငံ့ခဲ့သော်လည်း စက်ရုံများကိုမူ ဆက်လက် လည်ပတ်ခဲ့သည်။
ယခုကဲ့သို့ သိမ်းယူလိုက်ခြင်းသည် မကြာသေးမီက ရုရှားအစိုးရက ဂျပန်သတင်းထောက်တစ်ဦးကို သူလျှိုမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယူကရိန်စစ်ပွဲကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူထားသည့် ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်နေချိန်လည်းဖြစ်သည်။