မိုင်းလားအဖွဲ့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရအောင်ဆက်လက်တောင်းဆိုမည်။

၁၉၈၉ ခုနှစ်တွင် PSC/NDAA မိုင်းလားအဖွဲ့နှင့် အစိုးရတို့ အပစ်ရပ်စဲပြီးနောက် မိုင်းလား၊ ဆီလူး၊ နမ့်ပန်း စသည့် ဒေသ ၃ ခုကို စုပေါင်းကာ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အဖြစ် အစိုးရက သတ်မှတ်ပေးခဲ့ပြီး ၎င်းဒေသ ၃ ခုကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရရှိအောင် ကြိုးစားသွားမည်ဟု PSC/NDAA မိုင်းလားအဖွဲ့ က ပြောသည်။