နမ္မတူတွင် ရွာအတွင်း လက်နက်ကြီးကျ၊ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ၊

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ကျေးရွာတစ်ခုအတွင်းသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည့် အတွက် ဒေသခံတစ်ဦး သေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့(ယနေ့) နံနက်ပိုင်းအချိန်က နမ္မတူမြို့နယ်အတွင်းရှိ လွယ်ပြေးအုပ်စု မန်ဝါကျေးရွာ အနီးရှိ ပြောင်းဖူးခြံထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပြောင်းခြံထဲတွင် အလုပ်လုပ်နေ သည့် အမျိုးသမီး ၃ ဦးထိမှန်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားခဲ့သည်ဟု နမ္မတူမြို့နယ် တအာင်းအမျိုးသားပါတီ (TNP) ဥက္ကဌ တားအိုက်ထိုက်က ပြောသည်။

“၁၂နာရီမတိုင်ခင်ကို မန်ဝါရွာ ဘေးနား မှာရှိတဲ့ ပြောင်းဖူးခြံထဲမှာ ပြောင်းခုတ်ရင်း လက်နက်ကြီးကျလို့ မိန်းကလေး သုံးဦးထိတာပေါ့နော်၊ သေဆုံးသွားတဲ့ အမျိုး သမီးတစ်ဦးနဲ့နှစ်ဦးကဒဏ်ရာရရှိတယ်၊”

လက်နက်ကြီး ထိမှန်ကာ သေဆုံးသွားသူမှာ ဒေါ်မောက်ဆိုင် ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများမှာ လွေးအို ဟိန်း၊ လွေးဆိုင်ခမ်း တို့ဖြစ်သည်။ ၎င်းတို့ ၃ ဦးစလုံး မန်ဝါကျေးရွာသားများဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို နမ္မတူဆေးရုံနှင့် လားရှိုးဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ထား ပြီး ဒဏ်ရာ အခြေအနေနှင့် ပတ်သက်၍ TNP ပါတီမှ တားအိုက်ထိုက် ယခုလို ဆက်ပြောသည်။

“အခုလောလောဆယ်ကတော့ လားရှိုးဆေးရုံမှာ အရေးပေါ်တစ်ဦးသွားပို့လိုက်တယ်၊ ကျန်တဲ့တစ်ဦးကတော့ နမ္မတူဆေးရုံမှာပဲ ဆေးကုနေတာပေါ့နော်၊ လားရှိုးဆေးရုံတစ်ယောက်က ခန္ဓာကိုယ်အပိုင်းမှာ ကတော့မထိဘူး၊ ဒီအောက်ပိုင်းထိတဲ့ဟာကသူက ဒီလက်နက်ကြီးကျည်ဆံတွေက အထဲမှာရှိနေတော့ ပြန်ပြီးတော့ ခွဲ ထုတ်ရမှာ ပေါ့နော်၊”

နိုဝင်ဘာလ ၂၈ ရက်နေ့က စတင်ကာ နမ္မတူမြို့နယ်အတွင်းရှိ လွယ်ပြေးအုပ်စု မန်ဝါကျေးရွာ နှင့် အနီးတစ် ဝိုက်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း လက် နက်ကြီကျည် ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNP ပါတီ ဥက္ကဋ္ဌ ကပြောသည်။

“မနေ့က တစ်နေ့ကုန်ရယ် ဒီနေ့ ၁၂ နာရီထိပေါ့နော်၊ နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု မန်ဝါကျေးရွာတွေမှာ ဖြစ်တာပါ၊ ဒီနေ့ကတော့ မနက်၈နာရီကစပြီး ၁၂ နာရီထိဖြစ်တယ်။ လက်နက်ငယ်က ကျနော်တို့ သိပ်မကြား ရသလောက်ပေါ့၊ ဘာလို့လဲဆိုတော့ ကျနော်တို့နဲ့ အလှမ်းဝေးတယ်လေ မြို့ထဲမှာဆိုတော့ ၊ ဒါပေမဲ့ လက် နက်ကြီးကတော့ နည်းတာမဟုတ်ဘူး၊ မနေ့ကလည်း တစ်နေ့ကုန်ပစ်တယ်၊ ဒီနေ့လည်း ပစ်တာပေါ့နော်၊ လက်နက်ကြီးကတော့ ရွာထဲမှာလည်းကျတာရှိတယ်၊ ခြံထဲတွေမှာလည်း ကျတာ တွေရှိတယ်၊ရွာပြင်မှာလည်း ကျတယ်ပေါ့နော်”ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မတော် နှင့် RCSS/SSA အဖွဲ့ကို ဆက်သွယ်၍ မရသကဲ့သို့ နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA သည် တစ်နိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲတွင် တစ်ဖွဲ့ပါဝင်သည်။

Zawgyi…

နမၼတူတြင္ ရြာအတြင္း လက္နက္ႀကီးက်၊ တစ္ဦးေသ၊ ႏွစ္ဦး ဒဏ္ရာရ၊

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၂၉ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ ့နယ္ရွိ ေက်းရြာတစ္ခုအတြင္းသို႔ လက္နက္ႀကီးက်ေရာက္ ေပါက္ကြဲခဲ့သည့္ အတြက္ ေဒသခံတစ္ဦး ေသဆံုးၿပီး ၂ ဦးထိခိုက္ ဒဏ္ရာရရွိခဲ့သည္။

ႏို၀င္ဘာလ ၂၉ ရက္ေန ့(ယေန႔) နံနက္ပိုင္းအခ်ိန္က နမၼတူၿမိဳ ့နယ္အတြင္းရွိ လြယ္ေျပးအုပ္စု မန္၀ါေက်းရြာ အနီးရွိ ေျပာင္းဖူးၿခံထဲသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ ေျပာင္းျခံထဲတြင္ အလုပ္လုပ္ေန သည့္ အမ်ိဳးသမီး ၃ ဦးထိမွန္ခဲ့ၿပီး ၁ ဦးေသဆံုးကာ ၂ ဦး ထိခိုက္ဒဏ္ရာရရွိထားခဲ့သည္ဟု နမၼတူၿမိဳ႕နယ္ တအာင္းအမ်ိဳးသားပါတီ (TNP) ဥကၠဌ တားအိုက္ထိုက္က ေျပာသည္။

“၁၂နာရီမတိုင္ခင္ကို မန္၀ါရြာ ေဘးနား မွာရွိတဲ ့ ေျပာင္းဖူးၿခံထဲမွာ ေျပာင္းခုတ္ရင္း လက္နက္ႀကီးက်လို ့ မိန္းကေလး သံုးဦးထိတာေပါ့ေနာ္၊ ေသဆံုးသြားတဲ့ အမ်ိဳး သမီးတစ္ဦးနဲ ့ႏွစ္ဦးကဒဏ္ရာရရွိတယ္၊”

လက္နက္ႀကီး ထိမွန္ကာ ေသဆံုးသြားသူမွာ ေဒၚေမာက္ဆုိင္ ျဖစ္ၿပီး ထိခိုက္ဒဏ္ရာ ရရွိသူမ်ားမွာ ေလြးအုိ ဟိန္း၊ ေလြးဆိုင္ခမ္း တို႔ျဖစ္သည္။ ၎တို႔ ၃ ဦးစလံုး မန္ဝါေက်းရြာသားမ်ားျဖစ္သည္ဟု သိရသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားကို နမၼတူေဆးရံုႏွင့္ လားရႈိးေဆးရံုသို႔ ေဆးကုသမႈ ခံယူရန္ ပို႔ေဆာင္ထား ၿပီး ဒဏ္ရာ အေျခအေနႏွင့္ ပတ္သက္၍ TNP ပါတီမွ တားအိုက္ထိုက္ ယခုလို ဆက္ေျပာသည္။

“အခုေလာေလာဆယ္ကေတာ့ လားရိႈးေဆးရံုမွာ အေရးေပၚတစ္ဦးသြားပို ့လိုက္တယ္၊ က်န္တဲ့တစ္ဦးကေတာ့ နမၼတူေဆးရံုမွာပဲ ေဆးကုေနတာေပါ့ေနာ္၊ လားရိႈးေဆးရံုတစ္ေယာက္က ခႏၶာကိုယ္အပိုင္းမွာ ကေတာ့မထိဘူး၊ ဒီေအာက္ပိုင္းထိတဲ့ဟာကသူက ဒီလက္နက္ႀကီးက်ည္ဆံေတြက အထဲမွာရွိေနေတာ့ ျပန္ၿပီးေတာ့ ခြဲ ထုတ္ရမွာ ေပါ ့ေနာ္၊”

ႏို၀င္ဘာလ ၂၈ ရက္ေန႔က စတင္ကာ နမၼတူၿမိဳ႕နယ္အတြင္းရွိ လြယ္ေျပးအုပ္စု မန္၀ါေက်းရြာ ႏွင့္ အနီးတစ္ ဝိုက္တြင္ တပ္မေတာ္ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA တို႔ တိုက္ပြဲျဖစ္ပြားခ့ဲသည္။

တိုက္ပြဲမွာ ႏို၀င္ဘာလ ၂၉ ရက္ေန႔ နံနက္ပိုင္းအထိ ဆက္လက္ျဖစ္ပြားခဲ့ၿပီး အဆိုပါ တိုက္ပြဲအတြင္း လက္ နက္ႀကီက်ည္ က်ေရာက္ေပါက္ကြဲခဲ့သည္ဟု TNP ပါတီ ဥကၠ႒ ကေျပာသည္။

“မေန ့က တစ္ေန ့ကုန္ရယ္ ဒီေန ့ ၁၂ နာရီထိေပါ့ေနာ္၊ နမၼတူၿမိဳ ့နယ္၊ လြယ္ေျပးအုပ္စု မန္၀ါေက်းရြာေတြမွာ ျဖစ္တာပါ၊ ဒီေန ့ကေတာ့ မနက္၈နာရီကစၿပီး ၁၂ နာရီထိျဖစ္တယ္။ လက္နက္ငယ္က က်ေနာ္တို ့ သိပ္မၾကား ရသေလာက္ေပါ့၊ ဘာလို ့လဲဆိုေတာ့ က်ေနာ္တို႔နဲ ့ အလွမ္းေ၀းတယ္ေလ ၿမိဳ ့ထဲမွာဆိုေတာ့ ၊ ဒါေပမဲ့ လက္ နက္ႀကီးကေတာ့ နည္းတာမဟုတ္ဘူး၊ မေန ့ကလည္း တစ္ေန႔ကုန္ပစ္တယ္၊ ဒီေန႔လည္း ပစ္တာေပါ့ေနာ္၊ လက္နက္ႀကီးကေတာ့ ရြာထဲမွာလည္းက်တာရွိတယ္၊ ၿခံထဲေတြမွာလည္း က်တာ ေတြရွိတယ္၊ရြာျပင္မွာလည္း က်တယ္ေပါ့ေနာ္”ဟု ေျပာသည္။

လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ တပ္မေတာ္ ႏွင့္ RCSS/SSA အဖြဲ႔ကို ဆက္သြယ္၍ မရသကဲ့သို႔ ႏွစ္ဖက္ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားမွလည္း တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္းမရွိေပ။

တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့သည့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA သည္ တစ္ႏိုင္ ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႔ထဲတြင္ တစ္ဖြဲ႔ပါ၀င္သည္။