ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၄၃) အောက်တိုဘာ ၆ ရက်

ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ၊ စစ်ပွဲတွေ၊ စစ်ရေးတင်းမာမှုတွေက ဌာနေတိုင်းရင်းသားတွေကို မြေရှင်၊ လုပ်ငန်းရှင်ဘဝကနေ မြေမဲ့၊ လုပ်ငန်းမဲ့ဘဝကို ရောက်အောင် တွန်းပို့လိုက်တယ်လို့ ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဒေသခံ ဌာနေတိုင်းရင်းသားတွေအတွက် မြေယာ၊ သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်တွေ၊ စီမံခန့်ခွဲပိုင်ခွင့်တွေကို ဆုံးရှုံးစေတယ်လို့ ထောက်ပြနေတာတွေလည်း ရှိပါတယ်။ ဌာနေတိုင်းရင်းသားတွေဟာ မြေရှင်ဘဝကနေ မြေမဲ့၊ အလုပ်မဲ့ဘဝရောက်ရှိနေခြင်း၊ တပ်မတော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးခံနေရခြင်း၊ သဘာဝသယံဇာတတွေအပေါ် ဗဟိုအစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံထက် တခြားသော အိမ်နီးချင်းနိုင်ငံတွေက အကျိုးအမြတ်များစွာ ရရှိသွားခြင်းတွေဟာ ဌာနေတိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှုတွေကို လစ်လျူရှုပြီး ဖက်ဒရယ်ဒီမိုကရေပြည်ထောင်စုကို မတည်ဆောက်နိုင်သေးတာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။