ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၄၄) အောက်တိုဘာလ ၁၃ ရက်
ဇန်နဝါရီလက စပြီးဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေထဲမှာ တပ်မတော် ဘက် အရပ်သားတွေအပေါ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး အရပ်သားတွေကို ဥပဒေမဲ့ဖမ်းဆီးတာတွေ၊ အတင်းအကြပ်ဖမ်းဆီးတာမျိုးတွေ နဲ့ အရပ်သားတွေ အသတ်ခံရတာတွေရှိကြောင်းနဲ့ ရက္ခိုင့်တပ်တော် AA ကလည်း အရပ် သားတွေကို ပြန်ပေးဆွဲတာမျိုးတွေ၊ ခြိမ်းခြောက်တာမျိုးတွေ လုပ်နေတယ် လို့ အပြည်ပြည် ဆိုင် ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်း တချို့က ပြောဆိုထားပါတယ်။ ဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့ကတော့ တိုင်းရင်းသားအားလုံးမျှော်လင့်နေတဲ့ တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ့်ကြမ္ဖ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီရေးတို့ ကို ပြောင်းလဲပေးမယ့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရေးပဲ ဖြစ်တယ်လို့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်ကနေ ထောက်ပြခဲ့တာ ဒီနေ့အချိန်ထိပဲ မဟုတ်ပါလား။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။