ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၄၅)။ အောက်တိုဘာ ၂၀ ရက်

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးမှာ ကေအိုင်အို အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ရဲ့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေး ထိုးနိုင်ရေးအပေါ် မူတည် နေပါ တယ်။ ဆွေးနွေး ပွဲတွေရဲ့ တဖက်မှာ တိုက်ပွဲတွေ က ပြင်းထန်နေဆဲပါ။ ကချင်ပြည်နယ်ထဲမှာလည်း ၂၀၁၉ ခုနှစ် အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ စစ်ရှောင်တွေ နေရပ်ပြန်ရေးက အလှမ်းဝေးနေသေးပါတယ်။ အားလုံးက အခု အောက်တိုဘာလမှ ထပ်မံတွေ့ဆုံမယ့် ဆွေးနွေးပွဲ နှစ်ဖက်ကြား လက်မှတ်ထိုးပြီး ဒေသအတွင်း ငြိမ်းချမ်းရေးကို အတူတည်ဆောက်ကာ နှစ် ၇၀ အကြာ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တန်းတူရေး၊ ကိုင်ပိုင်ပြဌာန်းခွင့် ကိုယ့်ကြမ္မာကို ဖန်တီးနိုင်ရေးဆိုတဲ့ အစိတ်အပိုင်းထိသွားနိုင်ဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်ရှင်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။