ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၄၆)။ အောက်တိုဘာ ၂၇ ရက်
လက်ရှိ နိုင်ငံရေးဆွေးနွေးမှုတွေကို တစ်ဆို့စေတဲ့ အဓိကအကြောင်းအရာတွေကတော့ ခွဲမထွက်ရေး သတ်မှတ်ချက်နဲ့ တစ်ခုတည်းသော တပ်မတော် ဖွဲ့စည်းရေးတို့ ဖြစ်တယ်လို့ PPST က ပြောပါတယ်။ ဒီလို တစ်ဆို့မှုတွေရှိလာတာကြောင့် အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေအကြား ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံနောက်ပိုင်း တရားဝင်တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းတွေ ရပ်တန့်ခဲ့ရပါတယ်။ ၂၀၂၀ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဖက်ဒရယ်မူဝ ါဒနဲ့ ပတ်သက်တဲ့ အခြေခံ အုတ်မြစ်တွေကို ချမှတ်နိုင်မှသာ ၂၀၂၀ အလွန် မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ အဆင်ပြေနိုင်လိမ့်မယ်လို့ PPST ယာယီအဖွဲ့ ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။