ICJ တွင် တရားစွဲဆိုမှုကို နိုင်ငံတကာရောက် မွန်အဖွဲ့များက ထောက်ခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲထားသည်အပေါ် အပြည့်အဝထောက်ခံကြောင်း နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ပြောသည်။
ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံအား အရေးယူပေးရန် နယ်သာလန်နိုင်ငံရှိ သဟိတ်မြို့ အခြေစိုက် ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲ ဆိုခဲ့ခြင်းကို ထောက်ခံသည်ဟု နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်သီရိမွန်ချမ်း ပြောသည်။
“ကျနော်တို့ မွန်ပြည်နယ်ဖက်မှာလည်း ဒီအတိုင်းပဲ ရခိုင်အခြေအနေမရောက်တောင်မှ ဒီလိုမျိုး ဖြစ်ခဲ့ဘူးတယ် လေ နောက် ပြီးတော့ တိုင်းရင်းသား ဒေသတွေမှာလည်း ဒီအတိုင်းပဲ ကရင်တို့ ကချင်တို့ နောက်ပြီးတော့ ရှမ်းတို့ တိုင်းရင်းသားတွေက အနှစ် ၇၀ လောက် လိုက်ပြီးတော့ အတွေ့အကြုံမျိုး ဒီလိုဒုက္ခမျိုး ရှိခဲ့ဘူးတယ်ဆိုတော့ ကိုယ်ချင်း စာတဲ့ သဘောမျိုးပေါ့နော ဒါလည်းတကယ့် အဖြစ်အပျက်တွေပဲဆိုတော့ ဒါကြောင့် ကျနော်တို့ အိုဗာစီး မွန်အသိုင်းအဝိုင်း (Community) က အဲဒီအချက်ပေါ်မှာ ထောက်ခံတဲ့သဘောပေါ့”
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမူဆလင်များအား စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကို မွန်၊ ကရင်၊ ကချင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားဒေသများတွင် နှစ်ပေါင်းများစွာ ခံခဲ့ရဖူးသည့်အတွက် ကိုယ်ချင်းစားနာသော စိတ်ဖြင့် ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုမှုကို ထောက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ်နိုင်ငံ များအဖွဲ့ OIC ကိုယ်စား မြန်မာနိုင် ငံကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဂမ်ဘီယာ နိုင်ငံ၏ တရားစွဲဆိုမှုကို ထောက်ခံရသည့် အကြောင်းကို နိုင်သီရိမွန်ချမ်းက ယခုလို ပြောသည်။
“ICJ က ဒီလိုဖြစ် အောင် လုပ်ထားတဲ့ လူပေါ့နော အဓိက တရားခံပဲဖြစ်ဖြစ် ဥပမာ အထူးသဖြင့် တပ်ဖက်မှာ တာဝန်ရှိတဲ့လူပေါ့ အဲဒီအပေါ်မှာ သူတို့ အရေးယူတာပါ။ ဒါပေမယ့် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ နိုင်ငံတစ် နိုင်ငံက နိုင်ငံကို တရားစွဲတယ်ဆိုတော့ အားလုံး ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး ပြည်သူတွေ အားလုံး တရားစွဲတယ်လို တစ်ချို့တွေက ပြောကြတယ် အဲဒီသဘောမျိုးတော့ မဟုတ်ပါဘူး။ သူတို့ တရားစွဲတာက နိုင်ငံကို တရားစွဲတယ် ဆိုပေမယ့် ဒီကျူးလွန်ခဲ့တဲ့ လူအပေါ်မှာပဲ အလေးအထားပြီးတော့ သူတို့ တရားစွဲထား တာပါ ဒါကြောင့် ကျနော်တို့ ထောက်ခံတယ်လေ”
ယခုကဲ့သို့ နိုင်ငံတကာမှ မြန်မာနိုင်ငံအား တရားစွဲဆို အရေးယူမှု ရှိလာသည့်အတွက် နိုင်ငံအတွင်း တစ်စုံ တစ်ရာ ပြောင်းလဲမှုကို ဖြစ်ပေါ်လာ နိုင်သည်ဟု နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆက်ပြောသည်။
“ကျနော်တို့ အမြင်ကတော့ ပြောင်းလဲမှု တစ်ခုခုတော့ ရှိမှာပဲ ကျနော်တို့ နိုင်ငံရဲ့ စစ်တပ်ရဲ့ အာဏာယူထားမှု တို့ လက်ရှိ ဒီမိုကရေစီအစိုးရရဲ့ လှုပ်ရှားမှုတွေပေါ့နော ကျနော်တို့ နိုင်ငံတကာ ဖိအားပေးမှု အရေးယူမှု မရှိပဲနဲ့ မြန်ဆန်တဲ့ အပြောင်းအလဲ မဖြစ်နိုင်ဘူး ဒီလိုမျိုး နိုင်ငံတကာကနေ အထူးသဖြင့် ICJ လိုမျိုးပေါ့ ကုလသမဂ္ဂ အဖွဲ့အစည်းကနေ အရေးယူမှု ရှိမှသာ ဒီကအပြောင်းအလဲ ရှိမှာပါ ဒီနိုင်ငံထဲမှာ ရှိနေတဲ့ အပြောင်းအလဲကျ တော့ ဘာမှ ရေရေရာရာ အပြောင်းအလဲ မရှိသေးဘူး ဒါကြောင့် နိုင်ငံတကာ အရေးယူမှု ခံရမှသာ မြန်ဆန်တဲ့ အပြောင်းအလဲရှိမှာ ရှိလာလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်”
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အရေးယူပေးရန် ICJ တွင် တရားစွဲဆိုထားသည့် အမှုကို ကရင့်အမျိုးသား အစည်းအရုံး ဒု-ဥက္ကဌဟောင်း နော်စီဖိုးရာစိန် ပါဝင်သည့် KNU Concerned Group က လည်း ထောက်ခံကြောင်း ထုတ်ပြန်ထားပြီး အခြားသော တိုင်းရင်းသား အဖွဲ့အစည်း အချို့လည်း ထောက်ခံ သည်ဟု ပြောဆိုထားသည်။
၀ နှင့် မိုင်းလား အဖွဲ့များက ဤကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမှုကို ထောက်ခံ ထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များက အမှန်တရား ပေါ်ပေါက်ရန် မျှော်လင့်ကြောင်း သဘောထား ထုတ်ပြန်ထား သည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုထားသည့် အမှုကို လာမည့် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ စတင်ကြားနာ စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါအမှုကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်ကာ သွားရောက် ရင်ဆိုင်မည်ဟု သိရသည်။
Zawgyi…
ICJ တြင္ တရားစြဲဆိုမႈကို ႏိုင္ငံတကာေရာက္ မြန္အဖြဲ႔မ်ားက ေထာက္ခံ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၅ ရက္။
ကုလသမဂၢ ႏိုင္ငံတကာ တရားရံုး ICJ တြင္ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအား တရားစြဲထားသည္အေပၚ အျပည့္အ၀ေထာက္ခံေၾကာင္း ႏိုင္ငံတကာေရာက္ မြန္အမ်ိဳးသား ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီက ေျပာသည္။
႐ိုဟင္ဂ်ာလူမ်ိဳးမ်ားကို လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖင့္ ျမန္မာႏိုင္ငံအား အေရးယူေပးရန္ နယ္သာလန္ႏိုင္ငံရွိ သဟိတ္ၿမိဳ႕ အေျခစိုက္ ကုလသမဂၢ ႏိုင္ငံတကာ တရားရံုး ICJ တြင္ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအား တရားစြဲ ဆိုခဲ့ျခင္းကို ေထာက္ခံသည္ဟု ႏိုင္ငံတကာေရာက္ မြန္အမ်ိဳးသား ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီ ဥကၠ႒ ႏိုင္သီရိမြန္ခ်မ္း ေျပာသည္။
“က်ေနာ္တို႔ မြန္ျပည္နယ္ဖက္မွာလည္း ဒီအတိုင္းပဲ ရခိုင္အေျခအေနမေရာက္ေတာင္မွ ဒီလိုမ်ိဳး ျဖစ္ခဲ့ဘူးတယ္ ေလ ေနာက္ ၿပီးေတာ့ တိုင္းရင္းသား ေဒသေတြမွာလည္း ဒီအတိုင္းပဲ ကရင္တို႔ ကခ်င္တို႔ ေနာက္ၿပီးေတာ့ ရွမ္းတို႔ တိုင္းရင္းသားေတြက အႏွစ္ ၇၀ ေလာက္ လိုက္ၿပီးေတာ့ အေတြ႕အၾကံဳမ်ိဳး ဒီလိုဒုကၡမ်ိဳး ရွိခဲ့ဘူးတယ္ဆိုေတာ့ ကိုယ္ခ်င္း စာတဲ့ သေဘာမ်ိဳးေပါ့ေနာ ဒါလည္းတကယ့္ အျဖစ္အပ်က္ေတြပဲဆိုေတာ့ ဒါေၾကာင့္ က်ေနာ္တို႔ အိုဗာစီး မြန္အသိုင္းအ၀ိုင္း (Community) က အဲဒီအခ်က္ေပၚမွာ ေထာက္ခံတဲ့သေဘာေပါ့”
ရခိုင္ျပည္နယ္တြင္ ႐ိုဟင္ဂ်ာမူဆလင္မ်ားအား စစ္တပ္မွ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ိဳးကို မြန္၊ ကရင္၊ ကခ်င္၊ ရွမ္း အစရွိသည့္ တိုင္းရင္းသားေဒသမ်ားတြင္ ႏွစ္ေပါင္းမ်ားစြာ ခံခဲ့ရဖူးသည့္အတြက္ ကိုယ္ခ်င္းစားနာေသာ စိတ္ျဖင့္ ဂမ္ဘီယာႏိုင္ငံ၏ ျမန္မာႏိုင္ငံအေပၚ ICJ တြင္ တရားစြဲဆိုမႈကို ေထာက္ခံရျခင္းျဖစ္သည္ဟု ဆိုသည္။
ႏို၀င္ဘာလ ၁၀ ရက္ေန႔တြင္ ဂမ္ဘီယာႏိုင္ငံက အစၥလာမၼစ္ႏိုင္ငံ မ်ားအဖြဲ႔ OIC ကိုယ္စား ျမန္မာႏိုင္ ငံကို တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။
ဂမ္ဘီယာ ႏိုင္ငံ၏ တရားစြဲဆိုမႈကို ေထာက္ခံရသည့္ အေၾကာင္းကို ႏိုင္သီရိမြန္ခ်မ္းက ယခုလို ေျပာသည္။
“ICJ က ဒီလိုျဖစ္ ေအာင္ လုပ္ထားတဲ့ လူေပါ့ေနာ အဓိက တရားခံပဲျဖစ္ျဖစ္ ဥပမာ အထူးသျဖင့္ တပ္ဖက္မွာ တာ၀န္ရွိတဲ့လူေပါ့ အဲဒီအေပၚမွာ သူတို႔ အေရးယူတာပါ။ ဒါေပမယ့္ သူတို႔ရဲ႕ လုပ္ထံုးလုပ္နည္းအရ ႏိုင္ငံတစ္ ႏိုင္ငံက ႏိုင္ငံကို တရားစြဲတယ္ဆိုေတာ့ အားလံုး က်ေနာ္တို႔ ျမန္မာျပည္မွာရွိတဲ့ တိုင္းရင္းသားေတြ အားလံုး ျပည္သူေတြ အားလံုး တရားစြဲတယ္လို တစ္ခ်ိဳ႕ေတြက ေျပာၾကတယ္ အဲဒီသေဘာမ်ိဳးေတာ့ မဟုတ္ပါဘူး။ သူတို႔ တရားစြဲတာက ႏိုင္ငံကို တရားစြဲတယ္ ဆိုေပမယ့္ ဒီက်ဴးလြန္ခဲ့တဲ့ လူအေပၚမွာပဲ အေလးအထားၿပီးေတာ့ သူတို႔ တရားစြဲထား တာပါ ဒါေၾကာင့္ က်ေနာ္တို႔ ေထာက္ခံတယ္ေလ”
ယခုကဲ့သို႔ ႏိုင္ငံတကာမွ ျမန္မာႏိုင္ငံအား တရားစြဲဆို အေရးယူမႈ ရွိလာသည့္အတြက္ ႏိုင္ငံအတြင္း တစ္စံု တစ္ရာ ေျပာင္းလဲမႈကို ျဖစ္ေပၚလာ ႏိုင္သည္ဟု ႏိုင္ငံတကာေရာက္ မြန္အမ်ိဳးသား ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီ ဥကၠ႒ ဆက္ေျပာသည္။
“က်ေနာ္တို႔ အျမင္ကေတာ့ ေျပာင္းလဲမႈ တစ္ခုခုေတာ့ ရွိမွာပဲ က်ေနာ္တို႔ ႏိုင္ငံရဲ႕ စစ္တပ္ရဲ႕ အာဏာယူထားမႈ တို႔ လက္ရွိ ဒီမိုကေရစီအစိုးရရဲ႕ လႈပ္ရွားမႈေတြေပါ့ေနာ က်ေနာ္တို႔ ႏိုင္ငံတကာ ဖိအားေပးမႈ အေရးယူမႈ မရွိပဲနဲ႔ ျမန္ဆန္တဲ့ အေျပာင္းအလဲ မျဖစ္ႏိုင္ဘူး ဒီလိုမ်ိဳး ႏိုင္ငံတကာကေန အထူးသျဖင့္ ICJ လိုမ်ိဳးေပါ့ ကုလသမဂၢ အဖြဲ႔အစည္းကေန အေရးယူမႈ ရွိမွသာ ဒီကအေျပာင္းအလဲ ရွိမွာပါ ဒီႏိုင္ငံထဲမွာ ရွိေနတဲ့ အေျပာင္းအလဲက် ေတာ့ ဘာမွ ေရေရရာရာ အေျပာင္းအလဲ မရွိေသးဘူး ဒါေၾကာင့္ ႏိုင္ငံတကာ အေရးယူမႈ ခံရမွသာ ျမန္ဆန္တဲ့ အေျပာင္းအလဲရွိမွာ ရွိလာလိမ့္မယ္လို႔ က်ေနာ္တို႔ ယူဆတယ္”
ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအား အေရးယူေပးရန္ ICJ တြင္ တရားစြဲဆိုထားသည့္ အမႈကို ကရင့္အမ်ဳိးသား အစည္းအရံုး ဒု-ဥကၠဌေဟာင္း ေနာ္စီဖိုးရာစိန္ ပါ၀င္သည့္ KNU Concerned Group က လည္း ေထာက္ခံေၾကာင္း ထုတ္ျပန္ထားၿပီး အျခားေသာ တိုင္းရင္းသား အဖြဲ႔အစည္း အခ်ိဳ႕လည္း ေထာက္ခံ သည္ဟု ေျပာဆိုထားသည္။
၀ ႏွင့္ မိုင္းလား အဖြဲ႔မ်ားက ဤကိစၥႏွင့္ ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေျဖရွင္းမႈကို ေထာက္ခံ ထားၿပီး တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားေသာ တိုင္း ရင္းသား လက္နက္ကိုင္အဖြဲ႔မ်ားက အမွန္တရား ေပၚေပါက္ရန္ ေမွ်ာ္လင့္ေၾကာင္း သေဘာထား ထုတ္ျပန္ထား သည္။
ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ ICJ တြင္ တရားစြဲဆိုထားသည့္ အမႈကို လာမည့္ ဒီဇင္ဘာလ ၁၀ ရက္ကေန ၁၂ ရက္ေန႔အထိ စတင္ၾကားနာ စစ္ေဆးသြားမည္ျဖစ္ၿပီး အဆိုပါအမႈကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္ ဦးေဆာင္ကာ သြားေရာက္ ရင္ဆိုင္မည္ဟု သိရသည္။