AA ဦးစီးချုပ်၏ ဇနီးနှင့် သားသမီးများကို ထိုင်းမှ ဖမ်းဆီးပြီး မြန်မာနယ်စပ်သို့ ပို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိန်းသိမ်းခံထားရတဲ့ ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် သားသမီး တို့ကို ယနေ့မှာ ထိုင်းမြန်မာနယ်စပ်သို့ ပို့ဆောင်ခဲ့ သည်။
ဖမ်းဆီးပို့ဆောင်ခြင်းခံရသူများမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူ (အသက် ၃၉ နှစ်)၊ သမီးဖြစ်သူ စောပြည့်ရှင် (အသက် ၁၁ နှစ်) နှင့် သားဖြစ်သူ ၁၁ သား အရွယ် မောင်မြတ်လင်းဇင်တို့ ဖြစ်သည်။
ဒီဇင်ဘာလ ၄ ရက်နေ့ ဗီဇာသက်တမ်းလာတိုးချိန်တွင် သူတို့ သုံးဦးကို ထိုင်းလူဝင်မှု ကြီးကြပ် ရေး ရုံးတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
အဖျက်အမှောက် လုပ်ငန်းများ လုပ်ဆောင်နေခြင်းကြောင့် ဖမ်းဆီးပေးရန်နှင့် ဒေါ်နှင်းဇာဖြူကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်မှာ မှန်ကန်မှု မရှိသဖြင့် အသိအမှတ်မပြုကြောင်း မြန်မာအာဏာပိုင်တို့က ထိုင်းကို အကြောင်းကြားခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။
ဒေါ်နှင်းဇာဖြူနှင့် သားသမီးများကို ယနေ့ နေ့ခင်းပိုင်း ၃ နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ တာချီလိတ်-မယ်ဆိုင် နယ်စပ်သို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
Zawgyi…
AA ဦးစီးခ်ဳပ္၏ ဇနီးႏွင့္ သားသမီးမ်ားကို ထိုင္းမွ ဖမ္းဆီးၿပီး ျမန္မာနယ္စပ္သို႔ ပို႔
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၆ ရက္။
ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႔မွာ ထိန္းသိမ္းခံထားရတဲ့ ရကၡိဳင့္တပ္ေတာ္ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္၏ ဇနီးႏွင့္ သားသမီး တို႔ကို ယေန႔မွာ ထိုင္းျမန္မာနယ္စပ္သို႔ ပို႔ေဆာင္ခဲ့ သည္။
ဖမ္းဆီးပို႔ေဆာင္ျခင္းခံရသူမ်ားမွာ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၏ ဇနီးျဖစ္သူ ေဒၚႏွင္းဇာျဖဴ (အသက္ ၃၉ ႏွစ္)၊ သမီးျဖစ္သူ ေစာျပည့္ရွင္ (အသက္ ၁၁ ႏွစ္) ႏွင့္ သားျဖစ္သူ ၁၁ သား အရြယ္ ေမာင္ျမတ္လင္းဇင္တို႔ ျဖစ္သည္။
ဒီဇင္ဘာလ ၄ ရက္ေန႔ ဗီဇာသက္တမ္းလာတိုးခ်ိန္တြင္ သူတို႔ သံုးဦးကို ထိုင္းလူ၀င္မႈ ႀကီးၾကပ္ ေရး ရုံးတြင္ ဖမ္းဆီး ထိ္န္းသိမ္းခဲ့ျခင္း ျဖစ္သည္။
အဖ်က္အေမွာက္ လုပ္ငန္းမ်ား လုပ္ေဆာင္ေနျခင္းေၾကာင့္ ဖမ္းဆီးေပးရန္ႏွင့္ ေဒၚႏွင္းဇာျဖဴကိုင္ေဆာင္ေသာ ႏိုင္ငံကူးလက္မွတ္မွာ မွန္ကန္မႈ မရွိသျဖင့္ အသိအမွတ္မျပဳေၾကာင္း ျမန္မာအာဏာပိုင္တို႔က ထိုင္းကို အေၾကာင္းၾကားခဲ့သည္ဟု ထိုင္းအာဏာပိုင္မ်ားက ေျပာသည္။
ေဒၚႏွင္းဇာျဖဴႏွင့္ သားသမီးမ်ားကို ယေန႔ ေန႔ခင္းပိုင္း ၃ နာရီတြင္ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႔မွ တာခ်ီလိတ္-မယ္ဆိုင္ နယ္စပ္သို႔ ရဟတ္ယာဥ္ျဖင့္ ေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။