တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၃၀ – ၁၂ – ၂၀၁၉။

ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ဒေသခံတွေဟာ ဆယ်စုနှစ်တစ်ခုကြာ သိမ်းဆည်းခံရတဲ့ သူတို့လယ်ယာမြေပေါ်မှာ အစိုးရခွင့်မပြုပေမဲ့ စားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်ယူတာတွေ ဆက်တိုက် ပြုလုပ်နေကြပါတယ်။

မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းတစ်ခုတည်းနဲ့ လျှော့ကျနိုင်မှာမဟုတ်ဘူးလို့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ အသက်ခံလိုက်ရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံတို့အမှုကို စုံစမ်းဖော်ထုတ်အရေးယူမပေးရင် တာဝန်ကနေ နုတ်ထွက်ကြဖို့ မင်းပြားမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ZawGyi

တိုင္းရင္းသား ဘာသာ သတင္း အစီအစဥ္ ( ျမန္မာဘာသာ) ၃၀ – ၁၂ – ၂၀၁၉။

ကခ်င္ျပည္နယ္ ဟူးေဟာင့္ခ်ဳိင့္ဝွမ္းေဒသ လီဒုိလမ္းမေပၚေဒသခံေတြဟာ ဆယ္စုႏွစ္တစ္ခုၾကာ သိမ္းဆည္းခံရတဲ့ သူတုိ႔လယ္ယာေျမေပၚမွာ အစုိးရခြင့္မျပဳေပမဲ့ စားက်က္ေျမအျဖစ္ ျပန္လည္သတ္မွတ္ယူတာေတြ ဆက္တုိက္ ျပဳလုပ္ေနၾကပါတယ္။

မြန္ျပည္နယ္မွာ မူးယစ္ေဆးဝါးသုံးစြဲမႈေလွ်ာ့ခ်ေရးနဲ႔ပတ္သက္ၿပီး ျပစ္ဒဏ္ခ်မွတ္ျခင္းတစ္ခုတည္းနဲ႔ ေလွ်ာ့က်ႏိုင္မွာမဟုတ္ဘူးလို႔ တရားလႊတ္ေတာ္ေ႐ွ႕ေနက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာေတာ့ အသက္ခံလိုက္ရတဲ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေက်းရြာတာဝန္ခံတုိ႔အမႈကို စံုစမ္းေဖာ္ထုတ္အေရးယူမေပးရင္ တာဝန္ကေန ႏုတ္ထြက္ၾကဖုိ႔ မင္းျပားၿမိဳ႕နယ္က ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြက ဆံုးျဖတ္ခဲ့ၾကပါတယ္။