တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၆ – ၁ – ၂၀၂၀ ။
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကျပ်သိန်းပေါင်း ၁ သောင်း ၈ ထောင်ကျော်အထိထောက်ပံ့ပေးထားတယ်လို့ အစိုးရက ပြောပေမယ့် လက်တွေ့မှာ အကူအညီ မရှိသလောက်ဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒုက္ခသည်စခန်းတာဝန်ခံတွေက ပြောကြပါတယ်။
မွန်ပြည်နယ်မှာတော့ မူးယစ်ဆေးစွဲသူ ၄၀ ရာခိုင်နှုန်းကျော်လောက် ရှိနေပါတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မွန်ပြည်နယ်) ဥက္ကဋ္ဌ ဦးဇော်မိုးအောင် ကပြောဆိုပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်တွေက ၂၀၂၀ နှစ်သစ်နုတ်ခွန်းဆက်စကား ဘာတွေပြောဆို ထားကြပါသလဲ။
ZawGyi