တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၉ – ၁၁ – ၂၁ )
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ တရုတ်နိုင်ငံသား ရှမ်းလူမျိုးတွေက ကိုဗစ်ကာလတင်းကြပ်မှုတွေကြောင့် စားဝတ်နေရေး ကြပ်တည်းလာတာကို ဖြေရှင်းပေးဖို့ တရုတ်အစိုးရကို ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
စစ်ကောင်စီက မုံးကိုးဒေသဘက်ကို စစ်အင်အားတိုးချဲ့မှုတွေရှိနေပြီး လွန်ခဲ့တဲ့အပတ်ထဲမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ မုံးကိုးဒေသခံတွေက ပြောပါတယ်။
ထန်တလန်မြို့ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးရှိ နေအိမ်တွေကို မီးရှို့ခဲ့တဲ့ကျူးလွန်သူတွေကို ပြင်းထန်စွာ အရေးယူပေးဖို့ NCA အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က တောင်းဆိုလိုက်ပါတယ်။
*** ZAWGYI ***